MIC ခွင့်ပြုမိန့်လျှောက်ထားခြင်း

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာများအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ခွင့်ပြုချက်ပေးခြင်း၊  အထူးကဏ္ဍဖွံ့ဖြိုးမှုများနှင့် ပတ်သက်သော သဘောထား ထုတ်ပြန်ချက်များအား ပုံမှန်ထုတ်ပြန်ခြင်းများအတွက် တာဝန်ရှိပါသည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် အစိုးရဝန်ကြီးဌာနများ၊ အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ကျွမ်းကျင်ပညာရှင်များဖြင့်ဖွဲ့စည်းထားပါသည်။

  • ခွင့်ပြုမိန့် ရယူရန်အတွက် လိုအပ်သော သတင်းအချက်အလက်များအား DICA ဝက်ဘ်ဆိုက်အား အသုံးပြု၍ ရယူပါ။
  • ပထမဦးစွာ-ရင်းနှီးမြှုပ်နှံသူများသည် အဆိုပြုလွှာအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြရမည်ဖြစ်သည်။
  • အဆိုပြုလွှာသည် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိပါက ၁၅ ရက်အတွင်း လက်ခံမည်ဖြစ်ပါသည်။
  • အဆိုပြုလွှာလက်ခံခြင်း ခံရပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ အဆိုပြုလွှာအား ပြန်လည်သုံးသပ်ပြီးနောက် ဆုံးဖြတ်ချက်အား ရက်ပေါင်း ၉၀ အတွင်း  သိရှိနိုင်မည်ဖြစ်ပါသည်။