အောင်ဘာလေသိန်းဆုခွန်

မြန်မာနိုင်ငံတော်အစိုးရ၏ တစ်ခုတည်းသော အောင်ဘာလေသိန်းထီကို ၁၉၃၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၈၉ ခုနှစ် မတ်လအထိ နှစ်လလျှင် ၁ ကြိမ် ဖွင့်လှစ်ခဲ့ပါသည်။ ယင်းနောက်ပိုင်းတွင် တစ်လလျှင် တစ်ကြိမ် ဖွင့်လှစ်ခဲ့ပါသည်။ ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆု ဌာနခွဲသည် ထီဖွင့်ပွဲကျင်းပ၍ ထီလက်မှတ်ရောင်းရငွေမှ အခွန်ကောက်ခံရန် နိုင်ငံတော်မှ ခွင့်ပြုထားသည့် တစ်ခုတည်းသော အဖွဲ့အစည်း ဖြစ်ပါသည်။ ၁၉၈၆ ခုနှစ် လောင်းကစားဥပဒေအရ အခြားသော ထီကံစမ်းဖွင့်ပွဲများကို ပိတ်ပင်ထားပါသည်။

ထီလက်မှတ်ရောင်းဈေးနှင့် အမြင့်ဆုံးထီဆုငွေပြောင်းလဲလာမှု

ထီလက်မှတ်များရောင်းချခြင်း

ထီလက်မှတ်စာအုပ်များကို လက်ရှိဆောင်ရွက်လျက်ရှိသည့်အတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများမှ တဆင့် ဖြန့်ဖြူးရောင်းချလျက်ရှိပြီး၊ အောင်ဘာလေသိန်းဆုဌာနခွဲ ဗဟိုအရောင်းကောင်တာတွင်လည်း ငွေပေးအမိန့်ဖြင့်လည်းကောင်း၊ လက်လီ ဝယ်ယူခြင်းဖြင့်လည်းကောင်း ကံစမ်းနိုင်ပါသည်။

ထီဖွင့်ပွဲကျင်းပခြင်း          

ထီဖွင့်ပွဲကို လစဉ်လဆန်း ၁ ရက်နေ့တိုင်း ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲတွင် အများပြည်သူရှေ့မှောက်ဖွင့်ပေး လျက်ရှိပြီး၊ ရုပ်သံများမှတစ်ဆင့် တစ်ပြိုင်နက်တည်း ထုတ်လွှင့်ပေးလျက်ရှိပါသည်။

ဆုငွေထုတ်ယူခြင်း       

ဆုမဲအမျိုးအစားအားလုံးကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင် ထုတ်ယူရရှိ နိုင်ပါသည်။ ကျပ်(၁၀) သိန်းနှင့်အောက် ထီဆုငွေများကို မြန်မာနိုင်ငံ အရပ်ရပ်ရှိ မြို့နယ်အခွန်ဦးစီး ဌာနမှူးရုံးများတွင် ထုတ်ယူနိုင်မည်ဖြစ်ပါသည်။