ပြည်တွင်းအခွန်များဦးစီးဌာန

 နောက်ခံသမိုင်းအကျဉ်းချုပ်

၁။     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် တည်ရှိနေသောအုပ်ချုပ်ရေးစနစ်သည် အခြေခံအားဖြင့် ဗြိတိသျှကိုလိုနီဘဝတွင် မြန်မာနိုင်ငံ၌ကျင့်သုံးခဲ့သော အုပ်ချုပ်ရေးစနစ်ကို အနည်းငယ်ပြုပြင် ထားသည့်စနစ်သာဖြစ်ပါသည်။ သို့ဖြစ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏အကျိုး၊ တိုင်းရင်းသားပြည်သူများ၏အကျိုးကို ထိရောက်စွာ မသယ်ပိုးမဆောင်ရွက်နိုင်၍ ယင်းသို့ဆောင်ရွက်စိမ့်သောငှာ အုပ်ချုပ်ရေးစနစ်သစ်ကို ဖော်ထုတ်ရန်လိုအပ်ခဲ့ပါသည်။ ထို့ကြောင့် တော်လှန်ရေးကောင်စီသည် အုပ်ချုပ်ရေးယန္တရားကို ပြန်လည်ဖွဲ့စည်းရန် ၁၉၇၂ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့ပါ အမိန့်ကြော်ငြာစာအမှတ် (၉၇) ကို ထုတ်ပြန်၍ လုပ်ထုံးလုပ်နည်းစနစ်များကို အသစ်ပြဋ္ဌာန်းခဲ့ပါသည်။

၂။     ထိုအမိန့်ကြော်ငြာစာအမှတ်(၉၇)အရ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် ယင်းအုပ်ချုပ်ရေးစနစ်သစ် ဖော်ထုတ်ရေးအစီအစဉ်အရ ယခင်ကသီးခြားစီရှိခဲ့သော အမြတ်ခွန်ဌာန၊ ကုန်သွယ်လုပ်ငန်း ခွန်ဌာန၊ ယစ်မျိုးခွန်ဌာန၊ အောင်ဘာလေသိန်းဆုခွန်ဌာန၊ တံဆိပ်ခေါင်းခွန်ဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အခွန်ဌာနနှင့်ဘဏ္ဍာတော်မင်းကြီးရုံးတို့ပူးပေါင်း၍ အခွန်အရပ်ရပ် စည်းကြပ်ကောက်ခံ မှုဆိုင်ရာ လုပ်ငန်းတာဝန်များကို ဌာနတစ်ခုတည်းက လွှဲပြောင်းတာဝန်ယူဆောင်ရွက်နိုင်ရန်အတွက် (၁-၁၀-၁၉၇၂) ရက်နေ့တွင် ပြည်တွင်းအခွန်များဦးစီးဌာနကို စတင်ဖွဲ့စည်းခဲ့ပါသည်။

၃။     စတင်ဖွင့်လှစ်ခဲ့သောရုံးများမှာ ပြည်တွင်းအခွန်များဦးစီးဌာန(ရုံးချုပ်) (၁) ရုံး၊ ဌာနခွဲ (၆) ရုံး၊ ပြည်နယ်/တိုင်းဒေသကြီးရုံးများ (၁၄) ရုံး၊ မြို့နယ်ရုံးများ (၂၅၀) ရုံး၊ စုစုပေါင်း (၂၇၁) ရုံး ဖြစ်ပြီး ရုံးချုပ်ကို ရန်ကုန်မြို့တွင်ဖွင့်လှစ်ခဲ့ပါသည်။ ဖွဲ့စည်းစဉ်က ဦးစီးဌာန၏ အကြီးအကဲရာထူးကို ဥက္ကဋ္ဌအမည်ဖြင့်ရှိခဲ့ပါသည်။ နောင်တွင် ညွှန်ကြားရေးမှူးချုပ်အမည်ဖြင့် ပြောင်းလဲခဲ့ပါသည်။ ထိုသို့ စတင်ဖွဲ့စည်းခဲ့စဉ်က ပြည်တွင်းအခွန်များဦးစီးဌာနက ကောက်ခံသော အခွန်(၁၀) မျိုး ရှိခဲ့ပါသည်။ ထိုအခွန်များမှာ ဝင်ငွေခွန်၊ အမြတ်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ ယစ်မျိုးခွန်၊ အောင်ဘာလေသိန်းဆုခွန်၊ တံဆိပ်ခေါင်းခွန်၊ မြေခွန်၊ ရေခွန်နှင့်တာတမံခွန်၊ အင်းအိုင်ခွန်၊ ဓာတ်သတ္တုခွန် (ရှမ်းပြည်နယ်တွင် သီးနှံခွန်ဟူ၍ သီးခြားပါဝင်ခဲ့ပါသည်) တို့ဖြစ်ပါသည်။

၄။     ၁၉၈၈ ခုနှစ်မတိုင်မီက နိုင်ငံတော်သည် ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ကျင့်သုံးလျက်ရှိရာမှ ၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော်အစိုးရလက်ထက်တွင် ဈေးကွက်စီးပွားရေးစနစ်ကို ပြောင်းလဲကျင့်သုံး ခဲ့ပါသည်။ ခေတ်စနစ်အရ အခွန်ကောက်ခံမှုစနစ် ပိုမိုထိရောက်ကောင်းမွန်စေရန် အခွန်(၅) မျိုးကို သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းပေးခဲ့ပါသည်။ မြေခွန်၊ ရေခွန်နှင့် တာတမံခွန်၊ ယစ်မျိုးခွန်၊ ဓာတ်သတ္တု ခွန်တို့ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့လည်းကောင်း၊ အင်းအိုင်ခွန်ကို ငါးလုပ်ငန်းဦးစီးဌာနသို့လည်းကောင်း (၁-၄-၁၉၈၉) နေ့တွင် လွှဲပြောင်းပေးခဲ့ပါသည်။

၅။     ပြည်တွင်းအခွန်များဦးစီးဌာန မဖွဲ့စည်းမီနှင့်ဖွဲ့စည်းပြီးနောက်ပိုင်း ခေတ်ကာလအလိုက် ကောက်ခံခဲ့သော အခွန်အမျိုးအစားများနှင့် ယင်းအခွန်များကိုစည်းကြပ်ကောက်ခံနိုင်ရန် ပြဋ္ဌာန်းသည့် အခွန် ဥပဒေများမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

စဉ် ခေတ်ကာလနှင့်အခွန်အမျိုးအစား အခွန်ဉပဒေနှင့်ပြဋ္ဌာန်းသည့်နှစ်
  မြန်မာဘုရင်များခေတ်  
  ဆားခွန်  
  ထန်းခွန်  
  အင်းအိုင်ဆည်မြောင်းခွန်  
  ကိုလိုနီခေတ်  
  လူခွန် (Capitation Tax)  
  သဿမေဓခွန် (Property Tax)  
  ရုံးခွန် The Court Fee Act (1870)
  မြေခွန် Land and Revenue Act (1876)
The Lower Burma Town and Village Lands Act
The Upper Burma Land and Revenue Regulations
  အကောက်ခွန် အကောက်ခွန်ဥပဒေ (၁၉၂၄)
  တံဆိပ်ခေါင်းခွန် The Burma Stamp Act (1899)
  ၁၀ သစ်တောခွန် Forest Tax (1902)
  ၁၁ အင်းအိုင်ခွန် The Fisheries Act (1905)
  ၁၂ ယစ်မျိုးခွန် (Excise Tax) The Burma Excise Tax (1917)
  ၁၃ အမြတ်ခွန် The Indian Income Tax Act (1922)
  ၁၄ စီးကရက်ခွန် The Cigarettes Duty Act (1931)
  ၁၅ မီးခြစ်ခွန် The Matches Act (1934)
  ၁၆ ဘိလပ်ရည်နှင့်အဖျော်ရည်ခွန် The Exerciable Goods Rules (1959)
  ဂျပန်ခေတ် ငွေကြေးဖောင်းပွမှုများဖြစ်ပေါ်သဖြင့် ကောက်ပဲသီးနှံ ဖြင့် အခွန်ကောက်ခြင်းမှအပ ရှိရင်းစွဲအခွန်များ ကောက် ခံခြင်းကို ပြောင်းလဲခြင်းမရှိသေးပါ။
  စစ်ပြီးခေတ်လွတ်လပ်ရေးမရမီ  
  ၁၇ ပွဲခွန် The Entertainment Tax Act (1947)အက်ဥပဒေကို Government of Burma (Adaption of Laws) Order, 1937 ဖြင့် ဆက်လက်အတည်ပြု
  ၁၈ အမြတ်ခွန်  
  လွတ်လပ်ရေးရပြီးခေတ်  
  ၁၉ ရောင်းဝယ်လုပ်ကိုင်မှုမြတ်စွန်းခွန် ၁၉၄၈ ခုနှစ် ရောင်းဝယ်လုပ်ကိုင်မှု အမြတ်အစွန်းခွန် အက်ဥပဒေ
  ၂၀ ရောင်းခွန် ၁၉၅၂ ခုနှစ် ရောင်းခွန်အက်ဥပဒေ
  ၂၁ ရောင်းဝယ်လုပ်ကိုင်မှုဉပစာခွန် ၁၉၅၆ ခုနှစ် ရောင်းဝယ်လုပ်ကိုင်မှု ဉပစာအခွန်အက်ဥပဒေ
  ၂၂ ဟိုတယ်နှင့်ပျော်ပွဲစားရုံခွန် ၁၉၄၉ ခုနှစ်၊ ဟိုတယ်နှင့်ပျော်ပွဲစားရုံခွန် အက်ဥပဒေ
  ၂၃ ပွဲခွန် ၁၉၄၇ ခုနှစ်၊ ပွဲခွန်တော်အက်ဥပဒေ
  တော်လှန်ရေးကောင်စီခေတ်  
  ၂၄ ဝင်ငွေခွန် ဝင်ငွေခွန်ဥပဒေ (၁၉၇၄)
  ဆိုရှယ်လစ်ခေတ်  
  ၂၅ အမြတ်ခွန် အမြတ်ခွန်ဥပဒေ (၁၉၇၆)
  ၂၆ ကုန်စည်နှင့်ဝန်ဆောင်မှုခွန် ကုန်စည်နှင့်ဝန်ဆောင်မှုခွန်ဥပဒေ(၁၉၇၆)
  နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီခေတ်  
  ၂၇ ကုန်သွယ်လုပ်ငန်းခွန် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ (၁၉၉၀)
  ကုန်သွယ်လုပ်ငန်းခွန် ပြည်ထောင်စုအစိုးရခေတ်
  ၂၈ အထူးကုန်စည်ခွန် အထူးကုန်စည်ခွန်ဥပဒေ (၂၀၁၆)
  ၂၉ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ (၂၀၁၉)

ဖွဲ့စည်းပုံအဆင့်ဆင့်ပြောင်းလဲလာမှု

၆။      ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အုပ်ချုပ်ရေးစနစ်သစ် ဖော်ထုတ်ခြင်းနှင့်စပ်လျဉ်းသည့် (၁၅-၃-၁၉၇၂) နေ့စွဲပါ တော်လှန်ရေးကောင်စီ ကြော်ငြာချက်အမှတ် (၉၇) အရ၊ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုအသုံးပြုလျက် ပြည်တွင်းအခွန်များဦးစီးဌာနကို အရာထမ်းရာထူး (၂၇၉) နေရာနှင့် အမှုထမ်းရာထူး (၃၀၄၃) နေရာ၊ စုစုပေါင်းရာထူး (၃၃၂၂) နေရာဖြင့် (၁-၁၀-၁၉၇၂) စတင်ဖွဲ့စည်း ခဲ့ပါသည်။

၇။     (၁၈-၃-၂၀၀၄) ရက်နေ့တွင်ကျင်းပသော အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၂/၂၀၀၄) ကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၏ သဘောတူခွင့်ပြုချက်ဖြင့် အရာထမ်းရာထူး (၅၈၃) နေရာနှင့် အမှုထမ်းရာထူး (၄၁၆၀) နေရာ၊ စုစုပေါင်း (၄၇၄၃) နေရာဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

၈။     (၁၂-၁-၂၀၁၂) ရက်နေ့တွင်ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၂/၂၀၁၂) ၏ သဘောတူခွင့်ပြုချက်ဖြင့် အရာထမ်း ရာထူး (၇၇၈) နေရာနှင့် အမှုထမ်းရာထူး (၄၁၂၂) နေရာ၊ စုစုပေါင်း (၄၉၀၀) နေရာဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

၉။     (၁၉-၆-၂၀၁၄) ရက်နေ့တွင်ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၂/၂၀၁၄) ၏ သဘောတူခွင့်ပြုချက်ဖြင့် အရာထမ်းရာထူး (၁၀၉၁) နေရာနှင့် အမှုထမ်းရာထူး (၅၁၈၆) နေရာ၊ စုစုပေါင်း (၆၂၅၉) နေရာဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

၁၀။      (၇-၁-၂၀၁၆) ရက်နေ့တွင်ပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၁၆) မှ ဆုံးဖြတ်ချက်အရ ပြည်တွင်းအခွန်များဦးစီးဌာန၏ ယခင်ဖွဲ့စည်းပုံအတိုင်း ဝန်ထမ်းအင်အား ပြောင်းလဲခြင်းမရှိဘဲ အရာထမ်းရာထူး (၁၀၉၁) နေရာနှင့် အမှုထမ်းရာထူး (၅၁၆၈) နေရာ၊ စုစုပေါင်းရာထူး (၆၂၅၉) နေရာဖြင့် ဖွဲ့စည်းပုံအား ပြင်ဆင်ဖွဲ့စည်းခဲ့ပါ သည်။

၁၁။      (၂၇-၄-၂၀၁၇) ရက်နေ့တွင်ပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၈/၂၀၁၇) မှ ဆုံးဖြတ်ချက်အရ ပြည်တွင်းအခွန်များဦးစီးဌာန၏ ဖွဲ့စည်းပုံအား အရာထမ်းရာထူး (၂၁၀၁) နေရာနှင့်အမှုထမ်းရာထူး (၇၀၇၇) နေရာ၊ စုစုပေါင်းရာထူး (၉၁၇၈) နေရာဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

၁၂။     လက်ရှိဖွဲ့စည်းပုံအရ ပြည်တွင်းအခွန်များဦးစီးဌာနရှိ ဌာနခွဲများ

(က)   ဦးစီးရုံးဌာနခွဲ

(ခ)   စီမံရေးရာဌာနခွဲ

(ဂ)   ငွေစာရင်းဌာနခွဲ

(ဃ)  စစ်ဆေးရေးဌာနခွဲ

(င)   သတင်းအချက်အလက်နှင့်နည်းပညာဌာနခွဲ

(စ)   စာရင်းအင်းဌာနခွဲ

(ဆ)  အခွန်ဆိုင်ရာကြီးကြပ်ရေးဌာနခွဲ

(ဇ)   စီမံချက်ရေးဆွဲကြီးကြပ်ရေးဌာနခွဲ

(ဈ)  အောင်ဘာလေသိန်းဆုဌာနခွဲ

(ည)  ဥပဒေရေးရာဌာနခွဲ

(ဋ)   အခွန်မူဝါဒနှင့်သုတေသနဌာနခွဲ

(ဌ)   လေ့ကျင့်ရေးဌာနခွဲ

(ဍ)   အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးဌာနခွဲ

အဓိကလုပ်ငန်းတာဝန်များ

၁၃။     ပြည်တွင်းအခွန်များဦးစီးဌာနသည် အခွန်လွတ်ကင်းမှုမရှိစေဘဲ ရသင့်ရထိုက်သော အခွန်ငွေများ အပြည့်အဝကောက်ခံရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန်၊ ဈေးကွက်စီးပွားရေးစနစ်နှင့် လိုက်လျော ညီထွေဖြစ်သော အခွန်စနစ်ဖြစ်ပေါ်စေရေးအတွက် ပြုပြင်ဆောင်ရွက်ပေးရန်၊ ငွေကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်းကြီးမြှင့်မှု မဖြစ်ပေါ်စေရေးအတွက် ပြည်တွင်း၌ လှည့်လည်သုံးစွဲနေသော ကျပ်ငွေများကို အခွန်စနစ်ဖြင့် စုစည်းပေးရန်ဟူသော အဓိကလုပ်ငန်းတာဝန်များကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် မူဝါဒ(၈)ရပ်နှင့် လုပ်ငန်းတာဝန် (၅)ရပ်ကို အောက်ပါအတိုင်း ချမှတ်ဆောင်ရွက် လျက်ရှိပါသည်-

(က)   မူဝါဒ

(၁)  ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် လုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်စေမည့် ခိုင်မာသောဥပဒေမူဘောင်တစ်ရပ် ဖော်ဆောင်ခြင်း၊

(၂)  စီမံအုပ်ချုပ်မှုနည်းလမ်းသစ်များနှင့် ကိုက်ညီစေရန် ပြည်တွင်းအခွန်များဦးစီးဌာနကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်း၊

(၃)  အခွန်စည်းကြပ်ခြင်းလုပ်ငန်းစဉ်ကို ခေတ်မီအောင်ပြုပြင်ပြောင်းလဲခြင်း၊

(၄)  လုပ်ငန်းစဉ်များနှင့် လုပ်ထုံးလုပ်နည်းများကို အစီအစဉ်တကျဖြစ်စေပြီး ရိုးရှင်းအောင်ပြုလုပ်ရန်နှင့် နည်းပညာကို အပြည့်အဝအသုံးချခြင်း၊

(၅)  ဆုံးရှုံးနိုင်ခြေများကို ဖြေရှင်းနိုင်ရန် ဝန်ဆောင်မှုနှင့် အရေးယူဆောင်ရွက်ခြင်း နည်းလမ်းများကို အပြည့်အဝအသုံးချခြင်း၊

(၆)  ဝန်ထမ်းများကို ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ယင်းတို့၏ အစွမ်းအစရှိသမျှ အစွမ်းကုန်အသုံးချနိုင်စေခြင်း၊

(၇)  အပြောင်းအလဲများကို စီမံခန့်ခွဲနိုင်စေရန် ခေါင်းဆောင်မှုနှင့်စီမံအုပ်ချုပ်မှုဆိုင်ရာအစီအစဉ်များရေးဆွဲ အကောင်အထည်ဖော်ခြင်း၊

(၈)  စီမံအုပ်ချုပ်မှု၏ ကဏ္ဍအားလုံးတွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုရှိစေရေး ဆောင်ရွက်ခြင်း။

(ခ)   လုပ်ငန်းတာဝန်

(၁)  စည်းကြပ်ကောက်ခံရမည့် အခွန်အကောက်များကို လွတ်ကင်းမှု၊ လျော့နည်းမှု မရှိစေဘဲ ဥပဒေများနှင့်အညီ အပြည့်အဝရရှိအောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်နှင့်ပြည်သူများ၏ စီးပွားရေး နှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန်၊

(၂)  အခွန်ထမ်းပြည်သူများအား အခွန်ပညာပေးခြင်းနှင့် ဝန်ဆောင်မှု အပြည့်အဝပေးခြင်းဖြင့် ဆန္ဒအလျောက်အခွန် ပေးဆောင်လာစေပြီး အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်သည့်စနစ်သို့ ကူးပြောင်းရန်၊

(၃)  အခွန်စည်းကြပ်မှုကို ဥပဒေများနှင့်အညီ တိကျမှန်ကန်စွာ ဆောင်ရွက်ခြင်းဖြင့် အခွန်ရုံးများအပေါ် ပြည်သူများ၏ယုံကြည်ကိုးစားမှုကိုရယူရန်၊

(၄)  အခွန်ရုံးများကို ခေတ်မီနည်းပညာများဖြင့် စနစ်တကျ ဆောင်ရွက်နိုင်သည့် ရုံးများဖြစ်အောင် အဆင့်မြှင့်တင်နေရန်၊

(၅)  ဝန်ထမ်းများအား လိမ္မာယဉ်ကျေး၍ အကျင့်စာရိတ္တကောင်းမွန်ပြီး အသိပညာ၊ အတတ်ပညာ၊ ပြည့်စုံသည့် ဝန်ထမ်းကောင်းများဖြစ်စေရေး စဉ်ဆက်မပြတ် လေ့ကျင့်သင်ကြား ပြုစုပျိုးထောင် ပေးရန်။

၁၄။    အဓိကရည်ရွယ်ချက်မှာ နိုင်ငံတော်အစိုးရ၏အသုံးစရိတ်ကာမိစေရန် ဘဏ္ဍာငွေရရှိရေးနှင့် နိုင်ငံတော်၏ စီးပွားရေးရည်မှန်းချက်များကို အထောက်အကူပြုရေးတို့ဖြစ်သော်လည်း ယင်းအဓိက ရည်ရွယ်ချက်များအပေါ်တွင်သာ အခြေပြုကောက်ခံခြင်းမဟုတ်ဘဲ အောက်ပါရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန် ဦးတည်ဆောင်ရွက်ခြင်းဖြစ်ပါသည် -

(က)   နိုင်ငံတော်တွင် ညီညွတ်မျှတသော အရအသုံးငွေကြေးစနစ်ပေါ်ပေါက်စေပြီး ငွေကြေးလည်ပတ်မှုကို မှန်ကန်စေ၍ ငွေကြေးဖောင်းပွမှုမပေါ်ပေါက်အောင် ထိန်းညှိပေးရန်၊

(ခ)   စားသုံးမှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စုဆောင်းမှုတို့ကို အခွန်စနစ်ဖြင့် ထိန်းညှိပေးရန်၊

(ဂ)   ကုန်ဈေးနှုန်းတည်ငြိမ်မှုအတွက် အထောက်အကူဖြစ်စေရန်၊

(ဃ)  ဓနအင်အားမျှတစေရန်၊

(င)   နိုင်ငံတော်၏ နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးရည်မှန်းချက်များ အကောင်အထည် ဖော်ရေးကို အထောက်အကူဖြစ်စေရန်၊

(စ)   သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အခွန်အကောက်စနစ်ဖြင့် ထိန်းညှိပေးရန်၊

(ဆ)   အရက်၊ စီးကရက်စသော တားမြစ်လိုသည့် ကုန်စည်များကို အခွန်အကောက်စနစ်ဖြင့် ဟန့်တားနိုင်ရန်။

ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့သော ညွှန်ကြားရေးမှူးချုပ်များ၏ အမည်နှင့်တာဝန်ထမ်းဆောင်ခဲ့သည့် ကာလ

၁၅။      ပြည်တွင်းအခွန်များဦးစီးဌာန ဖွဲ့စည်းသည့်အချိန်မှစ၍ နိုင်ငံတော်အတွက်လိုအပ်သော အခွန်ဘဏ္ဍာငွေကို ဥပဒေနှင့်အညီ အဓိကစည်းကြပ်ကောက်ခံရေးကို ကြိုးပမ်းအားထုတ်ခဲ့ကြသော ညွှန်ကြားရေးမှူးချုပ်များ၏ အမည်နှင့်တာဝန်ထမ်းဆောင်ခဲ့သည့် အချိန်ကာလကို အောက်ပါအတိုင်း မှတ်တမ်းတင်ဖော်ပြအပ်ပါသည် -

အမည်- ဝဏ္ဏကျော်ထင်သီရိပျံချီဦးတွမ်မှုန်း

ပညာအရည်အချင်း - B.A Hons (Eng)

ဘွဲ့ထူး၊ ဂုဏ်ထူး - သီရိပျံချီဘွဲ့ (၁၉၄၉)

မွေးသက္ကရာဇ် - ၁၁-၃-၁၉၁၇

တာဝန်ထမ်းကာလ - ၂-၁၀-၁၉၇၂ မှ ၂၂-၁၂-၁၉၇၆ ထိ

အမည် - ဦးအုန်း​​မောင်

ပညာအရည်အချင်း - -

ဘွဲ့ထူး၊ ဂုဏ်ထူး - မော်ကွန်းဝင်ဒုတိယဆင့်၊ နိုင်ငံ့ဂုဏ်ရည်ပထမဆင့်

မွေးသက္ကရာဇ် - -

တာဝန်ထမ်းကာလ  - ၂၃-၁၂-၁၉၇၆ မှ ၁-၉-၁၉၇၉ ထိ

အမည် - ဦးစိန်လင်း

ပညာအရည်အချင်း - B.Sc, B.L, D.M.A

ဘွဲ့ထူး၊ ဂုဏ်ထူး - -

မွေးသက္ကရာဇ် - ၁၆-၅-၁၉၃၃

တာဝန်ထမ်းကာလ - ၁၇-၉-၁၉၇၉ မှ ၁၅-၅-၁၉၉၃ ထိ

အမည် - ဦးသန်းညွန့်

ပညာအရည်အချင်း - B.Sc (DSA)

ဘွဲ့ထူး၊ ဂုဏ်ထူး -

မွေးသက္ကရာဇ် - ၁၈-၁၁-၁၉၄၇

တာဝန်ထမ်းကာလ - ၅-၈-၁၉၉၃ မှ ၅-၉-၁၉၉၇ ထိ

အမည် - ဦးချစ်ဆွေ

ပညာအရည်အချင်း - သိပ္ပံဘွဲ့

ဘွဲ့ထူး၊ ဂုဏ်ထူး - -

မွေးသက္ကရာဇ် - ၁၄-၁၀-၁၉၄၂

တာဝန်ထမ်းကာလ - ၅-၉-၁၉၉၇ မှ ၁၄-၁၀-၂၀၀၂ ထိ
 

အမည် - ဦးဝင်းနိုင်

ပညာအရည်အချင်း - B.Sc (DSA)

ဘွဲ့ထူး၊ ဂုဏ်ထူး - -

မွေးသက္ကရာဇ် - ၂၆-၁၀-၁၉၄၉

တာဝန်ထမ်းကာလ - ၂၅-၁၁-၂၀၀၂ မှ ၁၄-၁၁-၂၀၀၄ ထိ

အမည် - ဦးဆန်းထွန်း

ပညာအရည်အချင်း - B.Sc (DSA)

ဘွဲ့ထူး၊ ဂုဏ်ထူး - -

မွေးသက္ကရာဇ် - ၉-၉-၁၉၅၁

တာဝန်ထမ်းကာလ - ၁၄-၁၁-၂၀၀၄ မှ ၉-၅-၂၀၁၁ ထိ

အမည် - ဦးမြတ်မော်

ပညာအရည်အချင်း - B.Sc (DSA), M.A (Defence Studies)

ဘွဲ့ထူး၊ ဂုဏ်ထူး - -

မွေးသက္ကရာဇ် - ၁-၁၂-၁၉၅၅

တာဝန်ထမ်းကာလ - ၉-၅-၂၀၁၁ မှ ၂၈-၃-၂၀၁၃ ထိ

 

အမည် - ဦးသန်းအောင်

ပညာအရည်အချင်း - B.A (L.L.B)

ဘွဲ့ထူး၊ ဂုဏ်ထူး -

မွေးသက္ကရာဇ် - ၁၈-၃-၁၉၅၅

တာဝန်ထမ်းကာလ - ၂၉-၃-၂၀၁၃ မှ ၂၃-၅-၂၀၁၃ ထိ

အမည် - ဦးမင်းထွဋ်

ပညာအရည်အချင်း - B.Sc (DSA)

ဘွဲ့ထူး၊ ဂုဏ်ထူး - -

မွေးသက္ကရာဇ် - ၁၉-၁၂-၁၉၆၃

တာဝန်ထမ်းကာလ - ၂၄-၅-၂၀၁၃ မှ ယနေ့ထိ

စဉ်

အမည်

တာဝန်ထမ်းဆောင်ခဲ့သည့် ကာလ

မှ

ထိ

ဝဏ္ဏကျော်ထင်၊ သီရိပျံချီ ဦးတွမ်မှုန်း၊ B.A (Hons)

၂-၁၀-၁၉၇၂

၂၂-၁၂-၁၉၇၆

ဦးအုန်းမောင်

(မော်ကွန်းဝင်ဒုတိယဆင့်၊ နိုင်ငံ့ဂုဏ်ရည်ပထမဆင့်)

၂၃-၁၂-၁၉၇၆

၁-၉-၁၉၇၉

ဦးစိန်လင်း၊ B.Sc, B.L, D.M.A

၁၇-၉-၁၉၇၉

၁၅-၅-၁၉၉၃

ဦးသန်းညွန့်၊ B.Sc (DSA)

၅-၈-၁၉၉၃

၅-၉-၁၉၉၇

ဦးချစ်ဆွေ၊ B.Sc

၅-၉-၁၉၉၇

၁၄-၁၀-၂၀၀၂

ဦးဝင်းနိုင်၊ B.Sc (DSA)

၂၅-၁၁-၂၀၀၂

၁၄-၁၁-၂၀၀၄

ဦးဆန်းထွန်း၊ B.Sc (DSA)

၁၄-၁၁-၂၀၀၄

၉-၅-၂၀၁၁

ဦးမြတ်မော်၊ B.Sc (DSA), M.A (Defence )

၉-၅-၂၀၁၁

၂၈-၃-၂၀၁၃

ဦးသန်းအောင်၊ B.A (LLB) (ယာယီပူးတွဲ)

၁၉-၃-၂၀၁၃

၂၃-၅-၂၀၁၃

၁၀

ဦးမင်းထွဋ်၊ B.Sc (DSA)

၂၄-၅-၂၀၁၃

ယနေ့အထိ

ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ခဲ့မှုများ

၁၆။     ပြည်တွင်းအခွန်များဦးစီးဌာနသည် ခေတ်အဆက်ဆက် ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ခဲ့ရာတွင် မူဝါဒပြုပြင်ပြောင်းလဲခဲ့မှုနှင့်လုပ်ထုံးလုပ်နည်းပြုပြင်ပြောင်းလဲခဲ့မှုများ ဆောင်ရွက်ခဲ့ပါသည် -

(က)    မူဝါဒပြောင်းလဲခဲ့မှုများ

(၁)    ပြည်တွင်းအခွန်များဦးစီးဌာန၏ မူဝါဒပြောင်းလဲခဲ့မှုအခြေအနေနှင့်ပတ်သက်၍ အခွန်ရုံးမှ အခွန်စည်းကြပ်သည့်စနစ် (Official Assessment System - OAS) မှ အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်သည့်စနစ် (Self-Assessment System - SAS) သို့ ပြောင်းလဲကျင့်သုံးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ပထမအဆင့်အနေဖြင့် အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး (Large Taxpayer Office - LTO) ကို (၁-၄-၂၀၁၄) ရက်နေ့တွင် စတင်ဖွင့်လှစ်နိုင်ခဲ့ပါသည်။

(၂)    အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၁) (Medium Taxpayer Office – 1) ကိုလည်း (၁-၄-၂၀၁၇) ရက်နေ့မှစတင်ကာ အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်သည့်စနစ် (Self-Assessment System) ကျင့်သုံးဆောင်ရွက်လျက်ရှိပါသည်။

(၃)    အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၂) (Medium Taxpayer Office – 2) ကိုလည်း (၁-၁၀-၂၀၂၀) ရက်နေ့မှစတင်ကာ အခွန်ထမ်းကိုယ်တိုင်အခွန်စည်းကြပ်သည့်စနစ် (Self-Assessment System) ကျင့်သုံးဆောင်ရွက်လျက်ရှိပါသည်။

(ခ)    လုပ်ငန်းတိုးတက်ဆောင်ရွက်နိုင်ခဲ့မှုများနှင့် ပြုပြင်ပြောင်းလဲရေးဆောင်ရွက်နိုင်ခဲ့မှုများ

(၁)    ခေတ်မီသော အခွန်စီမံခန့်ခွဲမှုစနစ်တစ်ရပ်သို့ ပြောင်းလဲဖော်ဆောင်နိုင်ရန် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများဖြစ်သော အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund)၊ ကမ္ဘာ့ဘဏ် (World Bank) နှင့် အမေရိကန်ဘဏ္ဍာရေးဌာန၊ နည်းပညာဆိုင်ရာအထောက်အကူပြုအဖွဲ့ (Office of Technical Assistance, US Department of Treasury) တို့မှ ဘဏ္ဍာရေးနှင့်နည်းပညာဆိုင်ရာ အကူအညီများကိုရယူခြင်း၊ WB , IMF , JICA , EU , NORAD , DFID , ADB , USOTA , OECD ၊

(၂)    အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များဆောင်ရွက်ရန် လိုအပ်သည့်ငွေကြေးကို ကမ္ဘာ့ဘဏ်၏ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (PFM Project) အရ ရရှိထောက်ပံ့မည့် ချေးငွေ၊ ထောက်ပံ့ငွေတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊

(၃)    အောင်ဘာလေသိန်းဆုဌာနခွဲအနေဖြင့် ၁-၂-၂၀၁၂ ရက်နေ့တွင် ဖွင့်လှစ်သော (၂၇၇) ကြိမ်မြောက်မှစ၍ အထူးဆုကြီးကို ကျပ်သိန်း (၁၅၀၀) သို့ တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်း၊

(၄)    အခွန်စည်းကြပ်ကောက်ခံရာတွင် ရသင့်ရထိုက်သောအခွန်ရရှိခြင်း ရှိ/မရှိ စိစစ်ရန်၊ နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီစေရေးအတွက် လက်ရှိအခွန်ကောက်ခံမှုနှင့် အခွန်အပြည့်အဝ ရရှိရေး ရည်မှန်းချက်အား အထောက်အကူဖြစ်စေရန်နှင့် သုံးသပ်အကြံပြုချက်များအား ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံ တင်ပြနိုင်ရန်တို့အတွက် အခွန်ကောက်ခံမှုစိစစ် ကြပ်မတ်ရေးဘုတ်အဖွဲ့ကို ပြည်ထောင်စု အစိုးရအဖွဲ့၏ (၈-၅-၂၀၁၃) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၃၁/၂၀၁၃ ဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်း၊

(၅)    ပြည်သူများအခွန်ကိစ္စရပ်များနှင့်ပတ်သက်ပြီး သိရှိလိုသည်များကို ဌာနကိုယ်စား ဖြေကြားပေးရန်၊ မကျေလည်သည့် အခွန်ဆိုင်ရာအချက်အလက်များ ဌာနသို့တင်ပြနိုင်ရန်၊ တင်ပြလာ သည့် အခွန်ဆိုင်ရာမကျေလည်မှုများကို ဖြေရှင်းပြန်ကြားပေးရန်နှင့် ပြည်ပမှရင်းနှီးမြှုပ်နှံရန် လာရောက်သည့် နိုင်ငံခြားသားများကို အခွန်သတင်းအချက်အလက်များ ပံ့ပိုးကူညီရန် ရည်ရွယ် ၍ အခွန်ဆိုင်ရာဝန်ဆောင်မှုရုံးကို ရန်ကုန်တိုင်းဒေသကြီးတွင် (၁၉-၁၀-၂၀၁၂) ရက်နေ့နှင့် မန္တလေးတိုင်း ဒေသကြီးတွင် (၂၀-၅-၂၀၁၃) ရက်နေ့၌ စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်း၊

(၆)    ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးလုပ်ငန်း အစီအစဉ်ဦးစီးကော်မတီပုံမှန်အစည်းအဝေးကို တစ်လတစ်ကြိမ် အရှိန်မြှင့်တင် ကျင်းပဆောင်ရွက် လျက်ရှိခြင်း၊

(၇)    စားသောက်ဆိုင်လုပ်ငန်းများမှ ရသင့်ရထိုက်သော အခွန်ငွေများ အပြည့်အဝ ကောက်ခံရရှိရေးအတွက် စားသုံးသူများသို့ ထုတ်ပေးသည့် ပြေစာများတွင် သတ်မှတ်တန်ဖိုးအလိုက် ကျသင့် ကုန်သွယ်လုပ်ငန်းခွန်နှင့်ကိုက်ညီသည့် အခွန်အမှတ်တံဆိပ် (Tax Label) များကပ်နှိပ်စေရေး လုပ်ငန်းစီမံချက်ကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့မှစ၍ ရှေ့ပြေးစီမံချက်အဖြစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မြို့နယ်များတွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စားသောက်ဆိုင်လုပ်ငန်းများနှင့် ဟိုတယ်တည်းခိုခန်းလုပ်ငန်းများအပေါ်တွင် အခွန်အမှတ်တံဆိပ် (Tax Label) များ ကပ်နှိပ်စေရေးဆောင်ရွက်ခဲ့ခြင်း၊

(၈)    ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၄/၂၀၁၅)မှ သဘောတူခွင့်ပြုချက်အရ ဘဏ္ဍာရေးဝန်ကြီးဌာနသည် (၉-၃-၂၀၁၅) ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ်၊ ၆၂၈/၂၀၁၅ ဖြင့် ပြည်ထောင်စု၏ အခွန်ဘဏ္ဍာငွေတိုးတက်ရရှိရေး အထောက်အကူပြုဦးစီးကော်မတီ၊ တိုင်းဒေသကြီး/ပြည်နယ် အခွန်ဘဏ္ဍာငွေတိုးတက်ရရှိရေး အထောက်အကူပြုအဖွဲ့နှင့် မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်အဆင့် အခွန်ဘဏ္ဍာငွေ တိုးတက်ရရှိရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့များကို ဖွဲ့စည်းခဲ့ခြင်း၊

(၉)    ကုမ္ပဏီများဆိုင်ရာအခွန်ရုံးအား အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးများအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၁) နှင့် (၂) ကို (၁၁-၆-၂၀၁၅) ရက်နေ့တွင် အသီးအသီးဖွင့်လှစ်ခဲ့ခြင်း၊

(၁၀)    အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၃) အား ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ (၁၀-၃-၂၀၁၆) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၀၅၄)ဖြင့် စတင် ဖွဲ့စည်း၍ အခွန်စည်းကြပ်ကောက်ခံမှုလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိခြင်း၊

(၁၁)    အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၄) အား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ (၁၄-၃-၂၀၁၉) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၀၃၁ ဖြင့် စတင်ဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိခြင်း၊

(၁၂)    အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၅) အား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ (၂၃-၈-၂၀၁၉) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၂၁၅ ဖြင့် စတင်ဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိခြင်း၊

(၁၃)    ပြည်တွင်းအခွန်များဦးစီးဌာန၊ စာရင်းအင်းဌာနခွဲ၏ (၃၀-၅-၂၀၁၆) ရက်စွဲပါ စာအမှတ်၊ ၁(၈)/စာရင်း-၁/ပတခ/၂၀၁၆(၅၃၉)ဖြင့် လိုင်စင်ရတံဆိပ်ခေါင်း ရောင်းချသူများအား အတည်ပြုခန့်အပ်ထားခဲ့ပြီး မြို့နယ်ပေါင်း (၉၃) မြို့နယ်တွင် လိုင်စင်ရတံဆိပ်ခေါင်းရောင်းချသူ (၂၉၈) ဦးအား (၁-၆-၂၀၁၆) ရက်နေ့မှ စတင်ခန့်ထား၍ ရောင်းချခွင့်ပြုခဲ့ခြင်း၊

(၁၄)    ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲအနေဖြင့် ကျပ်(၅၀၀) တန် အောင်ဘာလေထီလက်မှတ်များကို ၂၀၁၇ ခုနှစ်၊ မတ်လတွင် စတင်ဖြန့်ဖြူး ရောင်းချပြီး ဧပြီ လ(၁) ရက်နေ့တွင် ပထမအကြိမ်မှစ၍ အထူးဆုကြီးကို ကျပ်သိန်း (၁၀၀၀၀) ဆုသို့ တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်း၊ အောင်ဘာလေသိန်းဆုဌာနခွဲ အနေဖြင့် ကျပ် (၁၀၀၀)တန် အောင်ဘာလေ သိန်းဆုလက်မှတ်များကို ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလတွင် စတင်ဖြန့်ဖြူးရောင်းချပြီး မတ်လ (၁)ရက်နေ့တွင် ပထမအကြိမ်မှစ၍ အထူးဆုကြီးကို ကျပ်သိန်း(၁၅၀၀၀)သို့ တိုးမြှင့်ဖွင့်လှစ် ပေးနိုင်ခဲ့ခြင်း၊ ထီအရောင်းကိုယ်စားလှယ်များနှင့် စာချုပ်ချုပ်ဆို၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်ကုန်မှစတင်၍ အာမခံငွေ(Deposit)များ ကြိုတင်ပေးသွင်းနိုင်ခဲ့ခြင်း၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၅) ကြိမ်မြောက် ကျပ် (၁၀၀၀)တန် ထီဖွင့်ပွဲမှစ၍ ဘဏ္ဍာသိမ်းငွေများမှ ကျပ်သိန်း (၂၅၀၀) အား ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်း၊

(၁၅)    အခွန်ဖွဲ့စည်းပုံအရ မြန်မာနိုင်ငံတစ်ဝန်းလုံး ဘဏ္ဍာနှစ်အလိုက် အခွန်အရပ်ရပ်ကောက်ခံရရှိမှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

(ကျပ်သန်းပေါင်း)

စဉ်

ဘဏ္ဍာနှစ်

လျာထားချက်

ကောက်ခံရ

ရာခိုင်နှုန်း

၁၉၇၂-၁၉၇၃

၈၉၇.၂၅၅

၈၇၄.၇၃၈

၉၇.၄၉

၁၉၇၃-၁၉၇၄

၄၃၈.၄၈၃

၄၇၄.၇၃၁

၁၀၈.၂၇

၁၉၇၄-၁၉၇၅

၁၀၅၀.၄၇၂

၁၁၂၉.၃၆၈

၁၀၇.၅၁

၁၉၇၅-၁၉၇၆

၁၂၀၇.၃၈၃

၁၃၂၆.၁၉၂

၁၀၉.၈၄

၁၉၇၆-၁၉၇၇

၂၀၉၆.၆၂၈

၂၀၀၅.၆၄၅

၉၅.၆၆

၁၉၇၇-၁၉၇၈

၂၃၄၃.၃၁၁

၂၄၃၇.၅၀၃

၁၀၄.၀၂

၁၉၇၈-၁၉၇၉

၂၄၇၇.၉၀၅

၂၃၈၅.၉၆၁

၉၆.၂၉

၁၉၇၉-၁၉၈၀

၂၅၇၀.၂၁၅

၂၆၂၆.၄၆၉

၁၀၂.၁၉

၁၉၈၀-၁၉၈၁

၂၇၀၈.၂၈၀

၂၆၉၂.၆၂၆

၉၉.၄၂

၁၀

၁၉၈၁-၁၉၈၂

၂၉၂၁.၀၄၉

၂၉၆၅.၀၅၀

၁၀၁.၅၁

၁၁

၁၉၈၂-၁၉၈၃

၂၅၉၁.၈၇၀

၃၁၀၂.၃၉၃

၁၁၉.၇၀

၁၂

၁၉၈၃-၁၉၈၄

၃၁၄၄.၄၀၉

၃၃၂၂.၆၆၄

၁၀၅.၇၀

၁၃

၁၉၈၄-၁၉၈၅

၃၂၂၇.၁၈၅

၃၃၃၃.၅၀၇

၁၀၃.၃၀

၁၄

၁၉၈၅-၁၉၈၆

၃၃၀၂.၃၉၅

၃၃၉၆.၇၅၁

၁၀၂.၈၆

၁၅

၁၉၈၆-၁၉၈၇

၃၂၂၈.၂၅၁

၃၃၀၃.၈၄၅

၁၀၂.၃၄

၁၆

၁၉၈၇-၁၉၈၈

၃၃၆၀.၂၈၀

၃၃၇၄.၉၇၀

၁၀၀.၄၄

၁၇

၁၉၈၈-၁၉၈၉

၁၆၃၆.၂၀၀

၂၅၉၉.၉၂၀

၁၅၈.၉၀

၁၈

၁၉၈၉-၁၉၉၀

၂၈၇၅.၀၀၀

၃၆၇၉.၆၉၂

၁၂၈.၁၂

၁၉

၁၉၉၀-၁၉၉၁

၄၉၃၈.၄၆၀

၆၅၇၄.၃၄၁

၁၃၃.၁၃

၂၀

၁၉၉၁-၁၉၉၂

၅၁၉၂.၄၂၀

၆၈၉၅.၈၂၄

၁၃၂.၈၁

၂၁

၁၉၉၂-၁၉၉၃

၇၂၄၇.၃၃၀

၈၇၂၂.၄၇၇

၁၂၀.၃၅

၂၂

၁၉၉၃-၁၉၉၄

၈၆၅၃.၅၉၀

၁၁၇၁၄.၂၂၅

၁၃၅.၃၇

၂၃

၁၉၉၄-၁၉၉၅

၁၁၉၇၈.၉၇၀

၁၅၀၅၀.၅၇၅

၁၂၅.၆၄

၂၄

၁၉၉၅-၁၉၉၆

၁၅၃၄၇.၈၉၀

၁၇၁၈၅.၀၂၈

၁၁၁.၉၇

၂၅

၁၉၉၆-၁၉၉၇

၂၀၂၄၀.၇၂

၂၁၉၁၃.၈၄၈

၁၀၈.၂၇

၂၆

၁၉၉၇-၁၉၉၈

၃၀၃၅၆.၀၇၀

၃၈၄၇၃.၀၂၂

၁၂၆.၇၄

၂၇

၁၉၉၈-၁၉၉၉

၃၅၆၈၁.၄၁၀

၄၈၇၇၄.၃၄၄

၁၃၆.၇၀

၂၈

၁၉၉၉-၂၀၀၀

၄၃၁၀၅.၇၉၀

၅၂၅၀၆.၂၆၀

၁၂၁.၈၁

၂၉

၂၀၀၀-၂၀၀၁

၉၆၉၉၄.၉၄၀

၆၇၅၃၈.၈၅၀

၆၉.၆၃

၃၀

၂၀၀၁-၂၀၀၂

၉၉၁၁၉.၂၁၀

၇၁၈၀၆.၅၃၀

၇၂.၄၄

၃၁

၂၀၀၂-၂၀၀၃

၉၉၁၀၈.၆၇၆

၁၀၄၇၈၉.၄၆၀

၁၀၅.၅၃

၃၂

၂၀၀၃-၂၀၀၄

၂၀၃၆၁၂.၅၃၈

၁၆၁၈၄၂.၃၁၉

၇၉.၄၉

၃၃

၂၀၀၄-၂၀၀၅

၂၁၄၀၃၈.၆၆၆

၂၆၅၁၈၆.၂၃၃

၁၂၃.၉၀

၃၄

၂၀၀၅-၂၀၀၆

၄၀၃၇၆၇.၅၉၁

၄၄၈၁၅၆.၈၀၂

၁၁၀.၉၉

၃၅

၂၀၀၆-၂၀၀၇

၅၆၆၄၄၁.၈၅၅

၆၇၆၇၇၄.၁၇၁

၁၁၉.၄၈

၃၆

၂၀၀၇-၂၀၀၈

၇၀၇၆၈၆.၈၅၄

၈၃၈၄၂၈.၈၃၀

၁၁၈.၄၇

၃၇

၂၀၀၈-၂၀၀၉

၈၈၆၈၅၇.၆၆၀

၉၈၇၉၂၅.၉၆၅

၁၁၁.၄၀

၃၈

၂၀၀၉-၂၀၁၀

၉၁၂၄၄၃.၈၀၁

၁၀၃၇၃၆၄.၆၀၄

၁၁၃.၆၉

၃၉

၂၀၁၀-၂၀၁၁

၁၀၂၅၀၀၀.၀၀၀

၁၁၈၆၃၁၆.၇၅၄

၁၁၅.၇၄

၄၀

၂၀၁၁-၂၀၁၂

၁၀၂၈၂၈၅.၆၁၉

၁၅၂၈၄၀၀.၇၆၇

၁၄၈.၆၄

၄၁

၂၀၁၂-၂၀၁၃

၁၅၅၁၂၈၆.၈၄၀

၂၆၉၇၅၀၆.၁၃၅

၁၇၃.၈၉

၄၂

၂၀၁၃-၂၀၁၄

၂၈၁၅၀၁၅.၃၇၆

၃၅၆၇၅၆၆.၁၈၃

၁၂၆.၇၃

၄၃

၂၀၁၄-၂၀၁၅

၃၇၁၉၃၇၆.၇၁၀

၄၁၈၅၃၅၇.၇၈၈

၁၁၂.၅၃

၄၄

၂၀၁၅-၂၀၁၆

၄၅၄၇၇၁၀.၀၀၀

၄၅၉၁၀၀၀.၂၉၂

၁၀၀.၉၅

၄၅

၂၀၁၆-၂၀၁၇

၄၉၁၆၇၈၈.၇၃၃

၅၂၉၂၃၀၄.၄၅၃

၁၀၇.၆၄

၄၆

၂၀၁၇-၂၀၁၈

၅၈၃၁၅၉၃.၃၀၉

၅၆၄၀၀၉၈.၁၁၂

၉၆.၇၂

၄၇

၂၀၁၈

၂၀၅၄၉၃၈.၂၄၈

၂၅၅၆၁၀၂.၂၆၄

၁၂၄.၃၉

၄၈

၂၀၁၈-၂၀၁၉

၆၀၅၆၆၀၅.၁၃၀

၆၅၈၁၂၉၂.၀၉၉

၁၀၈.၆၆

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှစီမံခန့်ခွဲသည့်ဥပဒေများ

၁၇။     ပြည်တွင်းအခွန်များဦးစီးဌာန၏ ရုံးခွန်အက်ဥပဒေ၊ မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ၊ ဝင်ငွေခွန်ဥပဒေ၊ ကုန်စည်နှင့်ဝန်ဆောင်မှုခွန်ဥပဒေ၊ အမြတ်ခွန်ဥပဒေ၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ၊ အထူး ကုန်စည်ခွန်ဥပဒေ၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေနှင့် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေတို့ကို ဥပဒေအဟောင်းများ ပြင်ဆင်ခြင်း/ ရုပ်သိမ်းခြင်း/ ဥပဒေအသစ်များ ပြဋ္ဌာန်းခြင်းများကို အောက်ပါ အတိုင်းဆောင်ရွက်ခဲ့ပါသည် -

(က) ရုံးခွန်အက်ဥပဒေ။   ၁၈၇၀ ပြည့်နှစ်၊ ရုံးခွန်အက်ဥပဒေ (အမှတ် ၇/၁၈၇၀) သည် အိန္ဒိယ၌ အာဏာတည်ခဲ့ပြီးနောက် မြန်မာနိုင်ငံတော် အင်္ဂလိပ်ကိုလိုနီဘဝကျရောက်ပြီး အိန္ဒိယ၏ ပြည်နယ်တစ်နယ်အဖြစ်ရှိစဉ်ကပင် The Government  of Myanmar Act, 1935 အရ နိုင်ငံတော်တွင် အာဏာတည်စေခဲ့သည့်ဥပဒေ ဖြစ်သည်။ ရုံးခွန်အက်ဥပဒေသည် အဆိုပါ ၁၉၃၅ ခုနှစ် ဥပဒေပုဒ်မ ၄၀ အရ အချို့သောဒေသနှင့် ပြည်နယ်များတွင် အာဏာမတည်ခဲ့ပါ။ ပြည်ထောင်စုအစိုးရအဖွဲ့၏ (၂၇-၁၁-၉၇) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၈/၉၇ အရ ထိုအက်ဥပဒေ သည် မြန်မာနိုင်ငံတစ်ဝန်းလုံးသို့တိုးချဲ့၍ အာဏာသက်ရောက်စေခဲ့သည်။ ဤအက်ဥပဒေသည် ၁၈၇၀ ပြည့်နှစ်မှစ၍ အိန္ဒိယပြင်ဆင်ချက် အက်ဥပဒေများအပါအဝင် ပြင်ဆင်ချက် အက်ဥပဒေပေါင်း (၃၀) ခုခန့်ရှိခဲ့ပြီး မြန်မာ နိုင်ငံလွတ်လပ်ရေးမရမီနှင့် ရရှိပြီးနောက် ​အောက်ပါဥပဒေများနှင့် အမိန့်အရ စကားရပ်များ ထပ်မံပြင်ဆင်အစားထိုးထားပါသည် -

(၁) THE MYANMAR COURT–FEES (AMENDMENT) ACT, 1957 (Act. No XXIX OF 1957)

(၂) THE COURT FEES (AMENDMENT) ACT, 1958 [Act. No XXIV OF 1958]

(၃) ၃၀-၃-၁၉၉၀ ရက်စွဲပါ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေ အမှတ် ၆/၉၀ ဖြင့် ရုံးခွန်အက်ဥပဒေကို ပြင်ဆင်ခြင်း၊

(၄) ၂၉-၉-၂၀၁၁ ရက်စွဲပါ ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် ၅ ဖြင့် ရုံးခွန် အက်ဥပဒေကို ပြင်ဆင်ခြင်း၊

(၅) ၁၉-၃-၂၀၁၄ ရက်စွဲပါ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၄ ဖြင့် ရုံးခွန် အက်ဥပဒေကို ပြင်ဆင်ခြင်း၊

(၆) ၂၇-၇-၂၀၁၅ ရက်စွဲပါ ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၁၈၀၈/၂၀၁၅)ဖြင့် ရုံးခွန်တံဆိပ်ခေါင်းရောင်းချခြင်းဆိုင်ရာနည်းဥပဒေများကို ထုတ်ပြန်ခြင်း။

(ခ) မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ။   ၁၈၉၉ ခုနှစ်၊ မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေမှာ ယခင်က ၁၉၃၅ ခုနှစ်၊ မြန်မာနိုင်ငံစီရင်အုပ်ချုပ်မှုအက်ဥပဒေအရ ဇယားဝင် ပြည်နယ်ဒေသအချို့တွင် အာဏာမတည်ခဲ့ပါ။ ယခုအခါ ပြည်ထောင်စုအစိုးရအဖွဲ့၏ (၂၇-၁၁-၁၉၉၇) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၈/၉၇ အရ မြန်မာနိုင်ငံတစ်ဝန်းလုံးသို့ တိုးချဲ့၍ အာဏာသက်ရောက်လာပါသည်။ ဤအက်ဥပဒေကို ၁၈၉၉ ခုနှစ်မှစ၍ မြန်မာနိုင်ငံလွတ်လပ်ရေးမရမီကာလ ၁၉၄၆ ခုနှစ် မတိုင်မီအထိ ပြင်ဆင်ချက်အက်ဥပဒေများနှင့် စကားရပ်များ အစားထိုးဥပဒေများ စုစုပေါင်း ဥပဒေ (၂၆) ခုခန့်ရှိပြီး လွတ်လပ်ရေးမရမီ ၁၉၄၆ ခုနှစ်မှစ၍ လွတ်လပ်ရေးရပြီးနောက် ၂၀၁၂ ခုနှစ်၊ ဧပြီလအထိ အောက်ပါပြင်ဆင်သည့်ဥပဒေနှင့် အမိန့်တို့ အရ စကားရပ်များအစားထိုး ပြင်ဆင်ထားပါသည် -

(၁) THE BURMA STAMP ACT {INDIA ACT II, 1899.}

(၂) THE BURMA STAMP (AMENDMENT) (VALIDATING) ACT. [BURMA ACT XIX, 1947.]

(၃) THE BURMA STAMP (AMENDMENT) (VALIDATING) ACT, 1947 [BURMA ACT No. XIX of 1947]

(၄) THE UNION OF BURMA (ADAPTATION OF LAWS) ORDER, 1948.

(၅) THE BURMA STAMP (AMENDMENT) ACT. 1950 [Act No. XXV of 1950]

(၆) THE BURMA STAMP (AMENDMENT) ACT. 1953 [Act No. LVII of 1953]

(၇) THE MYANMAR STAMP (AMENDMENT) ACT. 1957 [Act No. XXVIII of 1957]

(၈) ၃၀-၃-၁၉၉၀ ရက်စွဲပါ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေ အမှတ် ၇/၉၀ ဖြင့် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေကို ပြင်ဆင်ခြင်း ၊

(၉) ၂၉-၉-၂၀၁၁ ရက်စွဲပါ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂/၂၀၁၁ ဖြင့် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေကို ပြင်ဆင်ခြင်း၊

(၁၀) ၂၈-၃-၂၀၁၄ ရက်စွဲပါ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၉/၂၀၁၄ ဖြင့် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေကို ပြင်ဆင်ခြင်း၊

(၁၁) ၁-၈-၂၀၁၇ ရက်စွဲပါ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၉/၂၀၁၇ ဖြင့် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေကို ပြင်ဆင်ခြင်း၊

(၁၂) ၂၆-၁၁-၂၀၁၉ ရက်စွဲပါ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၂/၂၀၁၉ ဖြင့် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေကို ပြင်ဆင်ခြင်း၊

(၁၃) ၁၉၄၀ ပြည့်နှစ်၊ မြန်မာနိုင်ငံတံဆိပ်ခေါင်းနည်းဥပဒေများမှ ကောက်နုတ်ချက်၊

(၁၄) ၂၇-၇-၂၀၁၅ ရက်စွဲပါ ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၁၈၀၇/၂၀၁၅) ဖြင့် အခွန်တံဆိပ်ခေါင်းရောင်းချခြင်းဆိုင်ရာနည်းဥပဒေများကို ထုတ်ပြန်ခြင်း။

(ဂ) ဝင်ငွေခွန်ဥပဒေ။   ဝင်ငွေခွန်ဥပဒေမှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေး ကောင်စီက ပြဋ္ဌာန်းခဲ့ပြီး ဥပဒေအမှတ် ၇ ဖြင့် ၁၉၇၄ ခုနှစ်၊ ၁-၄-၁၉၇၄ (၁၉၇၄- ၁၉၇၅ ခု စည်းကြပ်နှစ်) နေ့မှစ၍ အာဏာတည်သောဥပဒေဖြစ်ပြီး ခေတ်အဆက်ဆက် ပြင်ဆင်/ပြဋ္ဌာန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်

(၁) ၂၂-၃-၁၉၈၉ ရက်စွဲပါ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ်၊ ၆/၈၉ ဖြင့် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်ခြင်း၊

(၂) ၃၀-၃-၁၉၉၁ ရက်စွဲပါ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ်၊ ၆/၉၁ ဖြင့် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်ခြင်း၊

(၃) ၂၄-၃-၂၀၀၆ ရက်စွဲပါ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂/၂၀၀၆ ဖြင့် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်ခြင်း၊

(၄) ၂၉-၉-၂၀၁၁ ရက်စွဲပါ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၄/၂၀၁၁ ဖြင့် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်ခြင်း၊

(၅) ၂၄-၃-၂၀၁၄ ရက်စွဲပါ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၅/၂၀၁၄ ဖြင့် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်ခြင်း၊

(၆) ၃၁-၈-၂၀၁၆ ရက်စွဲပါ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၆ ဖြင့် ဝင်ငွေခွန် ဥပဒေကို ပြင်ဆင်ခြင်း၊

(၇) နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ (၂၂-၃-၁၉၈၉)ရက်စွဲပါ နည်းဥပဒေ အမှတ် ၁/၈၉ ဖြင့် ဝင်ငွေခွန်နည်းဥပဒေများကိုပြင်ဆင်သည့် နည်းဥပဒေများကို ထုတ်ပြန် ခြင်း၊

(၈) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ (၁၅-၃-၂၀၁၂) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၀၂/၂၀၁၂ ဖြင့် ဝင်ငွေခွန် နည်းဥပဒေများကို ထုတ်ပြန်ခြင်း၊

(၉) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ဘဏ္ဍာရေးဝန်ကြီးဌာန၏ (၂၁-၁-၂၀၁၅) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၈၂/၂၀၁၅ ဖြင့် ဝင်ငွေခွန်နည်းဥပဒေများကို ပြင်ဆင် သည့်နည်းဥပဒေများကို ထုတ်ပြန်ခြင်း၊

(၁၀) ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ (၂၈-၂-၁၉၇၄) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၅၅ ဖြင့် ဝင်ငွေခွန်စည်းမျဉ်းများကို ပြင်ဆင်ခြင်း၊

(၁၁) ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ (၂၄-၃-၁၉၈၉) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁/၈၉ ဖြင့် ဝင်ငွေခွန်စည်းမျဉ်းများကို ပြင်ဆင်ခြင်း၊

(၁၂) ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ (၁၆-၃-၁၉၉၁) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၇/၉၁ ဖြင့် ဝင်ငွေခွန်စည်းမျဉ်းများကို ပြင်ဆင်ခြင်း၊

(၁၃) ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ (၂-၅-၁၉၉၄) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၆/၉၄ ဖြင့် ဝင်ငွေခွန်စည်းမျဉ်းများကို ပြင်ဆင်ခြင်း၊

(၁၄) ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ (၂၉-၄-၂၀၁၁) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၁၁ ဖြင့် ဝင်ငွေခွန်စည်းမျဉ်းများကို ပြင်ဆင်ခြင်း၊

(၁၅) ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ (၁၅-၃-၂၀၁၂) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၀၃/၂၀၁၂ ဖြင့် ဝင်ငွေခွန်စည်းမျဉ်းများကို ထုတ်ပြန်ခြင်း၊

(၁၆) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ဘဏ္ဍာရေးဝန်ကြီးဌာန၏ (၂၁-၁-၂၀၁၅) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၈၁/၂၀၁၅ ဖြင့် ဝင်ငွေခွန်စည်းမျဉ်းများကို ပြင်ဆင် ခြင်း၊

(၁၇) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ဘဏ္ဍာရေးဝန်ကြီးဌာန၏ (၄-၂-၂၀၁၆) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၉/၂၀၁၆ ဖြင့် ဝင်ငွေခွန်စည်းမျဉ်းများကို ဒုတိယ အကြိမ်ပြင်ဆင်ခြင်း၊

(၁၈) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ (၁၀-၆-၂၀၂၀) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၆၂/၂၀၂၀ ဖြင့် ဝင်ငွေခွန် စည်းမျဉ်းများကို တတိယအကြိမ်ပြင်ဆင်ခြင်း။

(ဃ) ကုန်စည်နှင့်ဝန်ဆောင်မှုခွန်ဥပဒေ။   ဆိုရှယ်လစ်စီးပွားရေးစနစ်နှင့် ကိုက်ညီစေရန် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ နှင့် ကုန်ထုတ်သမဝါယမအသင်းများအပေါ် အခွန်စည်းကြပ် ကောက်ခံရန် ပြည့်သူ့လွှတ်တော်က ပြဋ္ဌာန်းသော ၁၉၇၆  ခုနှစ် ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၃ ဖြစ်ပါသည်။ (၁-၄-၇၆) နေ့မှစ၍ အကျိုးသက်ရောက်ပါသည်။ အဆိုပါဥပဒေကို ၁၉၉၃  ခုနှစ် ဥပဒေများ (ဒုတိယအကြိမ်) ရုပ်သိမ်းသည့် ဥပဒေအရ ရုပ်သိမ်းပြီးဖြစ်ပါသည်။

(င) အမြတ်ခွန်ဥပဒေ

(၁) ဆိုရှယ်လစ်စီးပွားရေးစနစ်နှင့်ကိုက်ညီစေရန် ပြည်သူ့လွှတ်တော်ကပြဋ္ဌာန်းသော ဥပဒေအသစ်ဖြစ်ပါသည်။ ပုဂ္ဂလိကကဏ္ဍတစ်ဦးချင်းပုဂ္ဂိုလ်တို့၏ ဝင်ငွေအပေါ် အခွန်စည်း ကြပ်ရန်ဖြစ်ပါသည်။ ထို့အပြင် သွင်းကုန်၊ ဖျော်ဖြေမှု အတွက် ပေးဆောင်ရသည့်အခွန်၊ ဆားထုတ်လုပ်သည့်အတွက် ကျသင့်အခွန်များကို (၁-၄-၇၆) နေ့မှစ၍ အမြတ်ခွန်ဥပဒေ ဖြင့်သာ စည်းကြပ်ရပါသည်။(၁-၄-၇၆) နေ့မှစ၍ တစ်ဦးချင်းလုပ်ငန်းရှင်များအပေါ် ဝင်ငွေခွန်ဥပဒေက အကျိုးသက်ရောက်မှု မရှိပါ။ အခွန်စည်းကြပ်မှုအတွက် စာရင်းအထောက် အထားရှိရန်မလိုအပ်ပါ။ အမြတ်ခွန်ဥပဒေကို (၄)ကြိမ် ပြင်ဆင်ပြီးဖြစ်ပါသည်။ အမြတ်ခွန်ဥပဒေကို ၁၉၈၆၊ ၁၉၈၇၊ ၁၉၈၉ နှင့် ၁၉၉၁ ခုနှစ်များတွင် ပြင်ဆင်ခဲ့ပြီး အမြတ်ခွန် စည်းမျဉ်းများကို ၁၉၈၇ ခုနှစ်တွင် ဖြည့်စွက်ခဲ့ပါသည်။

(၂) (၂၉-၉-၂၀၁၁) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁ ဖြင့် အမြတ်ခွန်ဥပဒေကို ရုတ်သိမ်းသည့်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၁-၂၀၁၂ စည်းကြပ်နှစ်မှစ၍ အမြတ်ခွန် ဥပဒေအရ စည်းကြပ်ရန်ကိစ္စရပ်များကို ဝင်ငွေခွန်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း တစ်ပါတည်း ပြဋ္ဌာန်းခဲ့ပါသည်။

(စ) ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ။  ကုန်သွယ်လုပ်ငန်းခွန်ဥပဒေသည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ဥပဒေ အမှတ် ၈/၉၀ ဖြင့် ပြဋ္ဌာန်းထားသော ဥပဒေအသစ်ဖြစ်ပြီး (၁-၄-၉၀) နေ့မှစ၍ အကျိုးသက်ရောက်ပြီး ခေတ်အဆက်ဆက် ပြင်ဆင်/ပြဋ္ဌာန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(၁) ၂၉-၃-၁၉၉၁ ရက်စွဲပါ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၅/၉၁ ဖြင့် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေကို ပြင်ဆင်ခြင်း၊

(၂) ၂၄-၃-၂၀၀၆ ရက်စွဲပါ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၃/၂၀၀၆ ဖြင့် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေကို ပြင်ဆင်ခြင်း၊

(၃) ၂၉-၉-၂၀၁၁ ရက်စွဲပါ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃/၂၀၁၁ ဖြင့် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေကို ပြင်ဆင်ခြင်း၊

(၄) ၂၄-၃-၂၀၁၄ ရက်စွဲပါ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၆/၂၀၁၄ ဖြင့် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေကို ပြင်ဆင်ခြင်း၊

(၅) ၂-၄-၂၀၁၅ ရက်စွဲပါ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၈/၂၀၁၅ ဖြင့် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေကို ပြင်ဆင်ခြင်း၊

(၆) ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ (၁၆-၅-၁၉၉၁) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၆/၉၁ ဖြင့် ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်းများကို ပြင်ဆင်ခြင်း၊

(၇) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ၏ (၁၅-၃-၂၀၁၂) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၀၄/၂၀၁၂ ဖြင့် ကုန်သွယ် လုပ်ငန်းခွန် စည်းမျဉ်းများကို ထုတ်ပြန်ခြင်း၊

(၈) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ဘဏ္ဍာရေးဝန်ကြီးဌာန၏ (၂၁-၁-၂၀၁၅) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၈၀/၂၀၁၅ ဖြင့် ကုန်သွယ်လုပ်ငန်းခွန် စည်းမျဉ်း များကို ပြင်ဆင်ခြင်း၊

(၉) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ဘဏ္ဍာရေးဝန်ကြီးဌာန၏ (၄-၂-၂၀၁၆) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၈/၂၀၁၆ ဖြင့် ကုန်သွယ်လုပ်ငန်းခွန် စည်းမျဉ်းများကို ပြင်ဆင်ခြင်း၊

(၁၀) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှု ဝန်ကြီးဌာန၏ (၁၅-၅-၂၀၂၀) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၅၆/၂၀၂၀ဖြင့် ကုန်သွယ် လုပ်ငန်းခွန်စည်းမျဉ်းများကို ပြင်ဆင်ခြင်း။

(ဆ) ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ

(၁) ၂၈-၃-၂၀၁၄ ရက်စွဲပါ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၀/၂၀၁၄ ဖြင့် ၂၀၁၄ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကို ပြဋ္ဌာန်းခြင်း၊

(၂) ၂-၄-၂၀၁၅ ရက်စွဲပါ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၇/၂၀၁၅ ဖြင့် ၂၀၁၅ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကိုပြဋ္ဌာန်းခြင်း၊

(၃) ၂၅-၁-၂၀၁၆ ရက်စွဲပါ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၂/၂၀၁၆ ဖြင့် ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကို ပြဋ္ဌာန်းခြင်း၊

(၄) ၁-၃-၂၀၁၇ ရက်စွဲပါ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၄/၂၀၁၇ ဖြင့် ၂၀၁၇ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကို ပြဋ္ဌာန်းခြင်း၊

(၅) ၃၀-၃-၂၀၁၈ ရက်စွဲပါ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၀/၂၀၁၈ ဖြင့် ၂၀၁၈ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကို ပြဋ္ဌာန်းခြင်း၊

(၆) ၂၅-၉-၂၀၁၈ ရက်စွဲပါ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၀/၂၀၁၉ ဖြင့် ၂၀၁၈-၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကို ပြဋ္ဌာန်းခြင်း၊

(၇) ၂၄-၉-၂၀၁၉ ရက်စွဲပါ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၀/၂၀၁၉ ဖြင့် ၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကို ပြဋ္ဌာန်းခြင်း။

(ဇ) အထူးကုန်စည်ခွန်

(၁) ၁၈-၁-၂၀၁၆ ရက်စွဲပါ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၁/၂၀၁၆ ဖြင့် အထူးကုန်စည်ခွန်ဥပဒေကို ပြဋ္ဌာန်းခြင်း၊

(၂) ၂၆-၇-၂၀၁၇ ရက်စွဲပါ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၇/၂၀၁၇ ဖြင့် အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်ခြင်း၊

(၃) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန၏ (၁၀-၁-၂၀၁၉) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၅/၂၀၁၉ ဖြင့် အထူးကုန်စည်ခွန်နည်း ဥပဒေများကို ထုတ်ပြန်ခြင်း၊

(ဈ) အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ

(၁) ၇-၆-၂၀၁၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၀/၂၀၁၉ ဖြင့် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေကို ပြဋ္ဌာန်းခြင်း။