စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်

၁။ ရည်မှန်းချက်များ

  • ငွေရေးကြေးရေးဝန်ဆောင်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ဘဏ်လုပ်ငန်း စနစ်များကို မျက်​ခြေမပြတ် လေ့လာသုံးသပ်၍ ဘဏ်လုပ်ငန်းသုံးခေတ်မီစက်ကိရိယာများ၊ ခေတ်မီနည်းစနစ်များကို အသုံးပြုဆောင်ရွက်သွားရန်။
     
  • ဘဏ်ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရေးဆောင်ရွက်ရန်။
     
  • ဘဏ်နှင့်ဆက်သွယ်သူများအတွက် ဘဏ်၏ဝန်ဆောင်မှုများကို ပွင့်လင်းမြင်သာမှုရှိစေရေး ဆောင်ရွက်ရန်။

၂။ မူဝါဒများ

  • ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို နိုင်ငံတကာဘဏ်များနည်းတူ လျင်မြန်သွက်လက်စွာ ဆောင်ရွက်ရန်။
     
  • နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် မျက်ခြေမပြတ် ကြိုးပမ်း ဆောင်ရွက်ရန်။

၃။ လုပ်ငန်းတာဝန်များ

  • USD, EUR နှင့် SGD စသည့် နိုင်ငံခြားငွေ (၃) မျိုးဖြင့် အပ်ငွေများလက်ခံခြင်းနှင့် စာရင်းရှင် စာရင်းနှင့် ပုံငွေအပ်နှံငွေစာရင်းများ ဖွင့်လှစ်ဆောင်ရွက်ပေးခြင်း။
  • ကျပ်ငွေဖြင့် အပ်ငွေလက်ခံ၍ ပုံသေအပ်ငွေစာရင်း၊ ငွေစုဘဏ်စာရင်း၊ စာရင်းရှင်စာရင်းများ ဖွင့်လှစ်ဆောင်ရွက်ပေးခြင်း။
  • မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်တွင် စာရင်းဖွင့်လှစ်ထားသည့် စာရင်းပိုင်ရှင် များ၏ နိုင်ငံခြားငွေကြေးအား ဘဏ်မှ နေ့စဉ်သတ်မှတ်သော ငွေလဲလှယ်နှုန်းဖြင့် ဝယ်ယူပြီး/ ပြန်လည်ရောင်းချပေးခြင်း။
  • အကြွေးဝယ်ကတ်နှင့် ခရီးသွားချက်လက်မှတ်များ ကောက်ခံပေးခြင်း။
  • ငွေလွှဲလက်မှတ်နှင့် ငွေပေးအမိန့် (PO) များထုတ်ပေးခြင်း။
  • သွင်းကုန်ငွေလွှဲစာတမ်းများဖွင့်လှစ်ပေးခြင်း၊  အတည်ပြုခြင်း၊ သင်္ဘောတင်အာမခံထုတ်ပေးခြင်း နှင့်အဆိုပါသွင်းကုန်ငွေလွှဲစာတမ်းများအောက်မှ ငွေပေးချေမှုများ ဆောင်ရွက်ပေးခြင်း။
  • ပြည်ပအဆက်အသွယ်ဘဏ်များမှပေးပို့သည့် ပို့ကုန်ငွေလွှဲစာတမ်းနှင့် ပြင်ဆင်ချက်များအား ပို့ကုန်လုပ်ငန်းရှင်များအား အကြောင်းကြားခြင်း။
  • ငွေလွှဲလက်မှတ်ရေးဆွဲခြင်း၊ သင်္ဘောတင်စာရွက်စာတမ်းများပေးပို့ခြင်း၊ ပို့ကုန်တန်ဖိုးငွေ ကောက်ခံပေးခြင်းနှင့် စာရင်းရှင်းလင်းပေးခြင်း။
  • အပြည်ပြည်ဆိုင်ရာ ငွေလွှဲအဝင်/အထွက်လုပ်ငန်းများဆောင်ရွက်ရာတွင် SWIFT System ကို အသုံးပြုလျက် အဆက်အသွယ်ဘဏ်များမှတဆင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးလုပ်ငန်း စဉ်များနှင့်အညီ ဆောင်ရွက်ပေးခြင်း။
  • ဘဏ်အာမခံများထုတ်ပေးခြင်းနှင့် အကြောင်းကြားခြင်း။
  • ပြည်တွင်း/ပြည်ပရှိဘဏ်များနှင့် အဆက်အသွယ်ဘဏ်များ ထူထောင်၍ ဘဏ်လုပ်ငန်း များဆောင်ရွက်ခြင်း။