MPU & Card Services

ATM and Card Services ကို (၂၃-၁၀-၂၀၁၃) ရက်နေ့မှစ၍ ဝန်ဆောင်မှုပေးနေပါသည်။

- POS စနစ်ဖြင့် ငွေပေးချေနိုင်သောဆိုင်ကြီးများတွင် ATM Card ဖြင့် စျေးဝယ်နိုင်ပါသည်။
- တစ်ကြိမ်ထုတ်ယူပါက အများဆုံး (၃)သိန်းအထိ ထုတ်ယူနိုင်ပါသည်၊
- နေ့စဉ်ငွေကျပ် (၅) သိန်းအထိ ထုတ်ယူနိုင်ပါသည်။

MFTB ATM CARD ပြုလုပ်ရန်

ATM Card Account ဖွင့်လှစ်ရန်လိုအပ်သည့် အချက်အလက်များ ဖြည့်သွင်းရပါမည်။ Card ကိုင်ဆောင်သူသည် အသက်(၁၈)နှစ် ပြည့်ပြီးသူဖြစ်ရပါမည်။

Customer မှ ဖြည့်သွင်းသော အချက်အလက်များအား ဘဏ်မှ စစ်ဆေးကာ ATM Card Account  ဖွင့်ပေးပါမည်။

ATM CARD အကျိုးကျေးဇူးများ

မြန်မာကျပ်ငွေဖြင့် ATM စက်များတွင် ငွေသားထုတ်ယူနိုင်ပါသည်။

ငွေသားလက်ကျန်များအား စစ်ဆေးနိုင်ပါသည်။

MPU Card ဖြင့် ပေးချေနိုင်သောနေရာတိုင်းတွင် ပစ္စည်းဝယ်ယူမှု့များအတွက် ငွေပေးချေနိုင်ပါသည်။

ATM Card အား (၂၄) နာရီ အသုံးပြုနိုင်ပါသည်။

ATM Card A/C ထဲသို့ ငွေသွင်းရန်မှအပ ဘဏ်သို့လာရောက်ရန် မလိုအပ်ပါ။

MFTB ၏ ATM Card အချင်းချင်း MFTB ၏ATM များတွင် မိမိလွှဲပို့လိုသည့် ATM Card A/C No. သိရှိပါက အခြားATM Card A/C သို့ A/C Transfer ပြုလုပ်နိုင်ပါသည်။ အများဆုံးလွှဲပို့နိုင်သည့်ငွေပမာဏမှာ တစ်ကြိမ်လျှင် ကျပ်(၅)သိန်းနှုန်းဖြင့် တစ်နေ့လျှင် အများဆုံး ကျပ်(၁၀၀)သိန်းထိ လွှဲပို့နိုင်ပါသည်။

ATM CARD A/C သို့ ငွေသွင်းရန်အတွက် လိုအပ်ချက်များ

 ATM Account No. ဖြင့်  မိမိ Card အား ဘဏ်တွင် ငွေသားပေးသွင်း၍ ငွေဖြည့်သွင်းနိုင်ပါသည်။ ဝန်ဆောင်စရိတ် အခမဲ့ဖြစ်ပါသည်။

ATM CARD အသုံးပြုသူများသိထားသင့်သည့်အချက်များ

မိမိလျှို့ဝှက်နံပါတ် (Pin No) အား အသုံးပြု၍ ပြည်တွင်းရှိ အခြားသော ဘဏ်များ ATM များ POS များတွင် အသုံးပြုနိုင်ပါသည်။

မိမိလျှို့ဝှက်နံပါတ် (Pin No) အား ATM စက်ရှိသည့်နေရာ၌ပင် ပြောင်းလဲနိုင်ပါသည်။

MFTB ATM CARD အား MFTB ၏ ATM စက်များတွင်သာမက အခြားသော ဘဏ်များ၏ MPU တံဆိပ်ပါရှိသော ATM စက်များတွင်လည်း ငွေထုတ်ယူနိုင်ပါသည်။

POS စနစ်ဖြင့် ငွေပေးချေနိုင်သောဆိုင်ကြီးများတွင် ATM Card ဖြင့် စျေးဝယ်နိုင်ပါသည်။

တစ်ကြိမ်ထုတ်ယူပါက အများဆုံး (၃)သိန်းအထိ ထုတ်ယူနိုင်ပါသည်၊

နေ့စဉ်ငွေကျပ်(၁၀)သိန်းအထိ ထုတ်ယူနိုင်ပါသည်။

MFTB ATM Card အား MFTB ၏ ATM တွင် ငွေထုတ်ယူခြင်းအတွက် ဝန်ဆောင်ခ ပေးဆောင်ရန် မလိုအပ်ပါ။

အခြားဘဏ်များ၏ ATM စက်များတွင် ငွေထုတ်ယူမှသာ ထုတ်ယူသော ငွေပမာဏ၏ ၀.၅၀% ဝန်ဆောင်ခ ပေးဆောင်ရမည်ဖြစ်ပါသည်။ (ဥပမာ-ငွေကျပ် ၁၀,၀၀၀/- ထုတ်ယူပါက ကျပ်၅၀/- ပေးဆောင်ရမည်။)

POS များတွင် အသုံးပြုခြင်းအတွက် ဝန်ဆောင်ခ ပေးဆောင်ရန်မလိုအပ်ပါ။

သတိပြုရန်အချက်များ

ဘဏ်မှCard ထုတ်ယူပြီးပါက မိမိလျှို့ဝှက်နံပါတ် (Pin No) အားပထမအကြိမ် မဖြစ်မနေ MFTB ATM စက်တွင် ဦးစွာရိုက်ထည့်၍ ပြောင်းလဲထားပါ။

ATM စက်မှ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ပါ။

မိမိလျှို့ဝှက်နံပါတ် (Pin No) သည် အထူးအရေးကြီး၍ မိမိမှအပ သူတစ်ပါးအား အသိပေးခြင်းမပြုလုပ်ရ။

မိမိ Card အား သူတစ်ပါးသို့ ငှားရမ်းခြင်းမပြုရ။

ATM Card အား ATM စက်တွင်အသုံးပြုပါက မိမိ၏လျှို့ဝှက်နံပါတ် (Pin No) အား မှန်ကန်စွာ ရိုက်နှိပ်ပါ။ သုံးကြိမ်မှားယွင်းပါက Card အား ATM စက်မှ သိမ်းဆည်းသွားမည် ဖြစ်ပါသည်။

ATM Card ပျောက်ဆုံးခြင်း၊ အခိုးခံရခြင်း၊ လျှို့ဝှက်နံပါတ် (Pin No)မေ့ခြင်း၊ ပျက်စီးခြင်း၊ မိမိ Card အားစက်မှ သိမ်းယူခြင်း၊ Card ပိုင်ရှင်ကွယ်လွန်ခြင်း စသည်များကြုံတွေ့ရပါ က ဘဏ်သို့ အကြောင်းကြားရပါမည်။

အကြောင်းကြားခြင်းမရှိဘဲ တစ်စုံတစ်ခုဖြစ်ခဲ့ပါက မိမိတာဝန်သာဖြစ်ပါသည်။

ATM စက်မှ ငွေထုတ်ယူရာတွင် ငွေသားနှင့်Card အား သေချာစွာသိမ်းဆည်းပြီးမှသာ စက်အနီးမှ ထွက်ခွာပါ။

MFTB တွင် နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ထားသူများမှ မိမိ၏ ATM Card A/C သို့ ကျပ်ငွေဖြင့် စာရင်းပြောင်းထည့်သွင်းလိုလျှင် ဆောင်ရွက်သောနေ့ရှိ MFTB ၏ နိုင်ငံခြားငွေလဲလှယ်နှုန်းဖြင့် တန်ဘိုးသင့်၍ ထည့်သွင်းပေးပါမည်။

ATM Card Account ကိုတစ်ဦးတည်း အမည်ဖြင့်သာ ဖွင့်လှစ်ခွင့်ရှိပါသည်။ တွဲဖက်စာရင်း ဖွင့်ခွင့်မပြုပါ။

No. MFTB ATM CARD
ကဒ်ထုတ်ပေးခြင်း အခမဲ့
နှစ်စဉ်ကြေး ကျပ် ၂,၀၀၀/-
ကနဦးအပ်နှံငွေ ကျပ် ၁၀,၀၀၀/-
အနည်းဆုံးလက်ကျန် ကျပ် ၁,၀၀၀/-
ကဒ်သက်တမ်း ၁၀ နှစ်
ကဒ်သက်တမ်းမကုန်ဆုံးမီ ပျောက်ဆုံး၊ပျက်စီးပါက ကျပ် ၅,၀၀၀/-

ငွေထုတ်ယူခြင်း MFTB ATM

အခြားဘဏ် ATM

အခမဲ့

( ဝန်ဆောင်ခ ) ၀.၅၀ %

တစ်နေ့အများဆုံးထုတ်ယူနိုင်မည့်ပမာဏ ကျပ် ၁၀ သိန်း
Transaction ( ၁ ) ကြိမ်လျှင် ကျပ် ၃ သိန်း