IBRD Logo

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့

ရုံးအမှတ် ( ၃၄ ) ၊ နေပြည်တော်

မြန်မာနိုင်ငံတွင်  အာမခံကိုယ်စားလှယ်လုပ်ငန်း  ဆောင်ရွက်ရန်အတွက် လျှောက်ထားရာတွင် လိုအပ်သည့် အချက်များ

၁။ အာမခံလုပ်ငန်း လုပ်ကိုင်ခွင့် ဥပဒေ အခန်း(၅) ၊ ပုဒ်မ(၈) အရ  အာမခံလုပ်ငန်း  တစ်ရပ်ရပ်ကို  ဖြစ်စေ ၊ လုပ်ငန်းတစ်ရပ်ထက် ပို၍ဖြစ်စေ  လုပ်ကိုင်လိုသော  ကုမ္ပဏီသည်  လုပ်ငန်းလိုင်စင် ရရှိရန်  ကြီးကြပ်ရေးအဖွဲ့သို့   သတ်မှတ်ချက်များနှင့် အညီ  လျှောက်ထားရမည်။

၂။ အာမခံလုပ်ငန်းလုပ်ကိုင်ခွင့် ဥပဒေပုဒ်မ(၉)အရ အာမခံအလုပ်လက်ခံကိုယ်စားလှယ် သို့မဟုတ် အာမခံအကျိုးဆောင်အဖြစ်ဆောင်ရွက်လိုသော ကုမ္ပဏီသည်  လုပ်ငန်းလိုင်စင် ရရှိစေရန်  ကြီးကြပ်ရေးအဖွဲ့သို့  သတ်မှတ်ချက်များနှင့်အညီ  လျှောက်ထားရမည်။

၃။ အာမခံလုပ်ငန်းလုပ်ကိုင်ခွင့် ဥပဒေပုဒ်မ(၂၉)အရ  ဝန်ကြီးဌာနသည်  အာမခံလုပ်ငန်း ၊ အာမခံ အလုပ်လက်ခံ  ကိုယ်စားလှယ်လုပ်ငန်း  သို့မဟုတ်   အာမခံအကျိုးဆောင်   လုပ်ငန်းကို    နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်လိုသောကုမ္ပဏီအား အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့်  ခွင့်ပြု နိုင်သည်။

၄။ အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်  ဥပဒေပုဒ်မ(၃၀) အရ မြန်မာနိုင်ငံ  ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် လုပ်ငန်းလုပ်ကိုင်လိုသော  ရင်းနှီးမြှုပ်နှံသူ သို့မဟုတ်  စီးပွားရေးအဖွဲ့အစည်းသည်  အာမခံလုပ်ငန်းလုပ်ကိုင်သူ  သို့မဟုတ် အာမခံအလုပ်လက်ခံကိုယ်စားလှယ်က  လက်ခံဆောင်ရွက် လျက် ရှိသော  အာမခံအမျိုးအစားကို ထားနိုင်ခွင့် ရှိစေရမည်။

၅။ အာမခံလုပ်ငန်း  လုပ်ကိုင်ခွင့်  ဥပဒေပုဒ်မ(၃၁) အရ  မြန်မာနိုင်ငံတော်ဗဟိုဘဏ် မှ  ထုတ်ပေး သည့်  နိုင်ငံခြားသုံးငွေ  လက်ခံကိုင်ဆောင်ခွင့် လိုင်စင် ရရှိပါက  အာမခံလုပ်ငန်း ကို နိုင်ငံခြားငွေ ဖြင့်  လုပ်ကိုင် ဆောင်ရွက်နိုင်သည်။

၆။ နည်းဥပဒေ  ( ၁၆ )  အရ    အာမခံလုပ်ငန်း လုပ်ကိုင်သူ     သို့မဟုတ်    အာမခံအလုပ်လက်ခံ ကိုယ်စားလှယ် သို့မဟုတ်  အာမခံအကျိုးဆောင်သည်  လုပ်ငန်းလိုင်စင် ရရှိစေရန်  လျှောက်လွှာပုံစံ အမခ(၁) တွင်  အချက်အလက်များကို  ပြည့်စုံမှန်ကန်စွာဖော်ပြပြီး  လိုအပ်သည့်  စာရွက်စာတမ်း အထောက်အထားများ ပူးတွဲ ၍  ကြီးကြပ်ရေးအဖွဲ့ သို့ လျှောက်ထားရမည်။ လျှောက်လွှာပုံစံမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

Download PDF : အာမခံလုပ်ငန်း ၊ အာမခံအလုပ်လက်ခံ ကိုယ်စားလှယ်လုပ်ငန်း အာမခံ အကျိုးဆောင်လုပ်ငန်း လိုင်စင်လျှောက်လွှာ

IBRD Logo

    အာမခံလုပ်ငန်းကြီးကြပ်စစ်ဆေးရေးဘုတ်အဖွဲ့

    မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးဖွင့်ရေးလျှောက်လွှာ

အရေးကြီးသောမှတ်ချက်များ

၁။ စိတ်ဝင်စားသော လျှောက်လွှာရှင်များ အနေဖြင့်  ဤလျှောက်လွှာကို ဖြည့်သွင်းရေးသားခြင်း မပြုမီ  ရှေးဦးစွာ  ဆွေးနွေးရန်အတွက်သော်လည်းကောင်း ၊ အခြားမည်သည့် သက်ဆိုင်ရာ သတင်း အချက်အလက်များသိလို၍သော်လည်းကောင်း၊  အာမခံလုပ်ငန်း ကြီးကြပ်စစ်ဆေးရေးဘုတ်အဖွဲ့သို့ ဆက်သွယ်ရန် လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။  

၂။ ဖြည့်သွင်းရေးသားပြီးသောလျှောက်လွှာပုံစံကို  အောက်ပါဌာနသို့  တင်သွင်းရမည်ဖြစ်သည်-

အာမခံလုပ်ငန်းကြီးကြပ်စစ်ဆေးရေးအဖွဲ့ရုံး

ရုံးအမှတ်(၃၄) ၊ နေပြည်တော်

e-mail: [email protected]

၃။ လျှောက်လွှာရှင်များသည်  စကားလုံးအထားအသို  ပုံစံတကျ(word format) ရေးသား ဖြည့်သွင်းထားသော  လျှောက်လွှာပုံစံ (Soft Copy) တစ်စောင်ကို တင်သွင်းရန် လိုအပ်ပါသည်။  

အပိုင်း(၁)  အခြေခံအချက်အလက်

အပိုင်း (၁) အခြေခံအချက်အလက်ဒေတာများကို PDF Download ရယူပါ။

အပိုင်း(၂) တင်ပြရန်စာရွက်စာတမ်းများ

အောက်ပါစာရွက်စာတမ်းများကို  ဤလျှောက်နှင့်အတူ ပူးတွဲတင်ပြရမည်-

၁။ သင့်နိုင်ငံအတွင်းအာမခံလုပ်ငန်း ဆက်လက်လုပ်ကိုင်ရန်အတွက် သင့်နိုင်ငံ၊ အာမခံကြီးကြပ် စစ်ဆေးရေးအာဏာပိုင်အဖွဲ့က သင့်ကုမ္ပဏီအတွက် ထုတ်ပေးထားသော မှန်ကန်ကြောင်း တရားဝင် ဖော်ပြသည့် လိုင်စင်မိတ္တူ။

၂။ အကယ်၍ သင့်နိုင်ငံအာမခံကြီးကြပ်စစ်ဆေးရေးအာဏာပိုင်အဖွဲ့၏ သဘောတူညီချက် လိုအပ်ပါက မြန်မာနိုင်ငံတွင်ကိုယ်စားလှယ်ရုံးဖွင့်လှစ်ရန် သင့်နိုင်ငံ၏ အာမခံကြီးကြပ် စစ်ဆေးရေး အာဏာပိုင်အဖွဲ့က သင့်ကုမ္ပဏီအားသဘောတူကြောင်း ထောက်ခံသည့်  မှန်ကန်ကြောင်း တရားဝင် ဖော်ပြသော ထောက်ခံစာမိတ္တူ၊အကယ်၍ယင်းကဲ့သို့သော  သဘောတူ ထောက်ခံချက် မလိုအပ်ပါက ဘာကြောင့်   မလိုအပ်ကြောင်း  ဖော်ပြချက်ကို  တင်ပြပေးရန် ဖြစ်သည်။

၃။ လျှောက်လွှာရှင်နှင့် ၎င်း၏အမြင့်ဆုံး မိခင်ကုမ္ပဏီ(၂) ခုလုံး၏ နှစ်ပတ်လည် အစီရင်ခံစာနှင့် ငွေကြေးဆိုင်ရာ  ဖော်ပြချက်များကို  လွန်ခဲ့သော  (၃) နှစ်အတွင်း  တစ်နှစ်စီ၏ မိတ္တူ(၁)စောင် ၊

မှတ်ချက်။ မည်သည့်စာရွက်စာတမ်းမဆို အင်္ဂလိပ်ဘာသာ ပြန်ရန်လိုအပ်သည်။

အပိုင်း(၃) ၊ လျှောက်လွှာရှင်၏ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် လုပ်ငန်းဆောင်ရွက်မှုအပေါ် အထွေထွေ သုံးသပ်ချက်

၁။ လျှောက်လွှာရှင်သူ၏လုပ်ငန်းအဖွဲ့နှင့် သူ၏အမြင့်ဆုံးသော မိခင်ကုမ္ပဏီ(ရက်စွဲနှင့် ပူးပေါင်း ဆောင်ရွက်သည့် နေရာအပါအဝင်) အကျဉ်းချုပ်သမိုင်းကို ဖော်ပြပါ။

၂။ လျှောက်လွှာရှင်လုပ်ငန်းအတွင်း(၁၀%) နှင့်  ၎င်းထက် ပိုမိုများပြားသော  ရှယ်ယာများကို ကိုင်ဆောင်ထားသည့် အစုရှင်များ၏အမည်၊ လူမျိုးနှင့် လိပ်စာ ၊ ၎င်းတို့၏ အစုပိုင်ဆိုင်မှု အသီးသီး ကို ဖော်ပြပါ။

၃။ လျှောက်လွှာရှင်နှင့်သူ၏လုပ်ငန်းအဖွဲ့ လုပ်ဆောင်နေသောစီးပွားရေးလုပ်ငန်းလှုပ်ရှားမှုများ၊ ပြည်တွင်း ပြည်ပနှစ်ဌာနတွင် သူ၏လုပ်ငန်းအဖွဲ့  အားသာသော အာမခံနှင့် အခြားငွေရေးကြေးရေး လုပ်ငန်း နယ်ပယ်များအကြောင်း  အကျဉ်းချုပ် ဖော်ပြပါ။  ကျေးဇူးပြု၍  အထောက်အကူပြုသော မည်သည့် စာရင်းဇယားမဆို  ထည့်သွင်းဖော်ပြပါ။

၄။ နောက်ဆက်တွဲ (၁)ပါပုံစံနှင့်အညီ လွန်ခဲ့သော  ၃ နှစ်အတွင်း  နှစ်အလိုက်  လျှောက်လွှာရှင် ၏ ငွေရေးကြေးရေးဆိုင်ရာ အဆင့်  လုပ်ဆောင်ချက်နှင့်  ပတ်သက်သော  အချက်အလက်များကို ဖော်ပြပါ။

၅။ လွန်ခဲ့သော ၃ နှစ်အတွင်း နှစ်အလိုက် လျှောက်လွှာရှင်နှင့်  သူ၏ လုပ်ငန်းအဖွဲ့ အမြင့်ဆုံးနှင့် အနိမ့်ဆုံး ငွေကြေးအင်အား အဆင့်သတ်မှတ်မှု  သို့မဟုတ်  ညီမျှမှုကို

         (က)   Standard & Poor’s

         (ခ )    A.M.Best

         (ဂ )    Moody’s

         (ဃ)   Fitch   နှင့် အခြားအဆင့် သတ်မှတ်ပေးသော အေဂျင်စီများမှ မည်သည့်အဆင့်

                  သတ်မှတ်မှုဆိုင်ရာအစီရင်ခံစာများနှင့်အတူ(ကျေးဇူးပြု၍ အသေးစိတ်)ဖော်ပြပေးပါ။

အပိုင်း ၄ ၊  မြန်မာနိုင်ငံတွင်စီစဉ်ရည်ရွယ်ထားသောလုပ်ငန်းများနှင့် ပတ်သက်သော အချက်အလက်

၁။      မြန်မာနိုင်ငံတွင်  ကိုယ်စားလှယ်ရုံးဖွင့်လှစ်ရခြင်း၏  ရည်ရွယ်ချက်များကို ဖော်ပြပါ။ စီစဉ် ထားသော ကိုယ်စားလှယ်ရုံး၏လှုပ်ရှားမှုများနှင့် ယင်းလှုပ်ရှားမှုများ၏ပထဝီအတိုင်းအတာများကို ဖော်ပြပါ။

၂။      စီစဉ်ရည်ရွယ်ထားသော  မြန်မာကိုယ်စားလှယ်၏ ကိုယ်ရေးသမိုင်းကို ဖော်ပြပါ။

၃။      ဤလျှောက်လွှာကို  ပံ့ပိုး အထောက်အကူပြုမည့် အခြားမည်သည့် အချက်အလက်ကို မဆို ဖော်ပြပါ။

AttachmentSize
PDF icon Form (Ah-ma-kha 1)(M)113.69 KB
PDF icon Corporate Agent Form45.5 KB