ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန
ရုံးအမှတ်(၃၂)၊ နေပြည်တော်
စာပို့ရာထူးနေရာများအတွက် ဖြေဆိုခွင့်ရရှိသူများစာရင်းနှင့် လူတွေ့စစ်ဆေးမည့် အစီအစဉ်ကြေညာခြင်း
၁။ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေး ဦးစီးဌာနမှ သတင်းစာတွင်ကြော်ငြာ၍ ခေါ်ယူထားသော စာပို့ရာထူး(လစာနှုန်းကျပ် ၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀)နေရာ အတွက် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီမှုရှိပြီး စာရွက်စာတမ်းများ ပြည့်စုံစွာတင်သွင်းလာသော လျှောက်ထားသူများကို လူတွေ့ဖြေဆိုခွင့် ပြုမည်ဖြစ်ပြီး ၁၁-၁၂-၂၀၂၁ ရက်နေ့ (စနေနေ့)တွင် လူတွေ့ စစ်ဆေးခြင်းကို ဆောင်ရွက်မည်ဖြစ်ပါသည်။ လူတွေ့ဖြေဆိုခွင့်ရရှိသူများ စာရင်းကို ဤဦးစီးဌာန၏ ကြော်ငြာသင်ပုန်းနှင့် ဤနေရာတွင် Click ၍ Download ရယူနိုင်ပါသည်။
၂။ လူတွေ့ဖြေဆိုခွင့်ရရှိသူများ အနေဖြင့် စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေး ဦးစီးဌာန၊ ရုံးအမှတ်(၃၂)၊ နေပြည်တော်သို့ ၁၁-၁၂-၂၀၂၁ ရက်နေ့(စနေနေ့)၊ နံနက်(၈:၃၀)နာရီ နောက်ဆုံးထား၍ သတင်းပို့ကြရန်နှင့် အောက်ဖော်ပြပါ စာရွက်စာတမ်းများကို မိမိနှင့်တစ်ပါတည်း ယူဆောင်လာရမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်-
(က) ဘွဲ့လက်မှတ် သို့မဟုတ် အောင်လက်မှတ် မူရင်း
(ခ) တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် မူရင်း
(ဂ) နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်း
၃။ လူတွေ့စစ်ဆေးခြင်းအား အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသည်-
စဉ် |
ကျင်းပမည့်နေ့ရက်နှင့်နေရာ |
ကျင်းပမည့် အချိန် |
အကြောင်းအရာ |
ရေးဖြေစာမေးပွဲ အောင်စာရင်းအမှတ်စဉ် |
၁။ |
၁၁-၁၂-၂၀၂၁ (စနေနေ့) စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံ ရေးဦးစီးဌာန၊ ရုံးအမှတ်(၃၂)၊ နေပြည်တော် |
နံနက် ၉:၃၀ နာရီ |
လူတွေ့စစ်ဆေးခြင်း |
အမှတ်စဉ် ၁ မှ ၁၀ အထိ |
နေ့လယ် ၁:၀၀ နာရီ |
လူတွေ့စစ်ဆေးခြင်း |
အမှတ်စဉ် ၁၁ မှ ၂၁ အထိ |
၄။ လူတွေ့စစ်ဆေးမှုနှင့် စပ်လျဉ်း၍ အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ၀၆၇-၃၄၀၆၀၆၆၊ ၀၆၇-၃၄၀၆၀၆၇ တို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။