တရားမဝင်ကုန်သွယ်မှု တားဆီး/ဖမ်းဆီးနိုင်ရေးအတွက် တားဆီး/ဖမ်းဆီးဆုငွေနှင့် သတင်းပေးဆုငွေချီးမြှင့်လျက်ရှိကြောင်း အသိပေးကြေညာချက်

(၁)    တရားမဝင် ကုန်သွယ်မှုများကြောင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာထိခိုက်ခြင်း၊ တရားမဝင်ကုန်သွယ်မှုကြောင့် တရားဝင်လုပ်ကိုင်နေသော လုပ်ငန်း များကို အဟန့်အတားဖြစ်စေခြင်း၊ တရားမဝင်ကုန်ပစ္စည်းများဝင်ရောက်နေသည့် အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအနေဖြင့် တရားမဝင် ကုန်စည်များနှင့် ပြိုင်ဆိုင်ရောင်းချနိုင်စွမ်းနည်းပြီး ရေရှည်ရပ်တည်ရန် ခက်ခဲလာခြင်းတို့ ကြောင့် တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများ တားဆီးထိန်းချုပ်နိုင်ရေးလုပ်ငန်းစဉ်များ၌ ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်မှသာ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်မည်ဖြစ်ပါ သည်။ 
(၂)    တရားမဝင်တင်သွင်း/တင်ပို့မှုများနှင့်ပတ်သက်၍ တားဆီး/ဖမ်းဆီး ပစ္စည်းများအပေါ် ရွေးယူဒဏ်ငွေတပ်ရိုက်ခြင်း သို့မဟုတ် လေလံတင်ရောင်းချခြင်းမှ ရရှိငွေ၏ ၃၀ ရာခိုင်နှုန်း အား ဖမ်းဆီးသူများအားလည်းကောင်း၊ ၂၀ ရာခိုင်နှုန်းအား သတင်းပေးသူများအားလည်း ကောင်း ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် ၇၀/၂၀၂၀ လုပ်ထုံး လုပ်နည်းနှင့်အညီ ဆုငွေချီးမြှင့်လျက်ရှိပါသည်။
(၃)    တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ၁၇-၁၂-၂၀၂၁ ရက်နေ့မှ ၃၁-၁၂-၂၀၂၂ ရက်နေ့အထိ တရားမဝင်ကုန်ပစ္စည်းများ တားဆီး/ဖမ်းဆီးမှုများ အနက် ဆုငွေချီးမြှင့်ရန် အတည်ပြုပြီးသည့်အမှုတွဲ (၇၉၂)မှု မှ အမှုတွဲ (၆၄၆)မှုအတွက် ဖမ်းဆီးသူနှင့်စုံစမ်းထောက်လှမ်းသည့်အဖွဲ့အစည်းများအား ဆုငွေကျပ် (၁၂၀၀.၈၇၃) သန်း၊ တရားမဝင်ကုန်သွယ်မှုများနှင့်ပတ်သက်၍ သတင်းပေးတိုင်ကြားခဲ့သည့် အမှုများအတွက် သတင်းပေးဆုငွေကျပ် (၆၆.၀၂၇) သန်းတို့ကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် သတင်းပေးသူများအားဆုငွေထုတ်ပေးချီးမြှင့်ပြီးဖြစ်ပါသည်။ ကျန်ရှိသည့်ဆုငွေအတည်ပြု အမှုတွဲ (၁၄၆) မှုအတွက် ဖမ်းဆီးဆုငွေနှင့် သတင်းပေးဆုငွေ အမြန်ဆုံးဆုငွေ ထုတ်ပေး ချီးမြှင့်နိုင်ရေးဆောင်ရွက်လျက်ရှိပါသည်။ ကျန်တားဆီး/ဖမ်းဆီးအမှုတွဲများကိုလည်းဆုငွေ အတည်ပြုချီးမြှင့်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်လျက် ရှိပါသည်။
(၄)    တရားမဝင် တင်သွင်း/တင်ပို့မှုများနှင့်ပတ်သက်၍ တားဆီး/ဖမ်းဆီးနိုင်သည့် သတင်း အချက်အလက် တိတိကျကျဖေါ်ပြ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များထံသို့ တရားမဝင် တင်သွင်း/တင်ပို့ခြင်းအား ဖမ်းဆီးနိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် သတင်းပေးဆက်သွယ်တိုင်ကြားနိုင်ရေး အတွက် လျှို့ဝှက်လုံခြုံစွာ သတင်းပေးနိုင်သည့် ဖုန်းနံပါတ်များအား ထုတ်ပြန်ကြေညာ ထားပြီးဖြစ်ပါသည်။ 
(၅)    သတင်းပေးပို့သူနှင့် ပတ်သက်သော အချက်အလက်များကို လျှို့ဝှက်စွာ ထိန်းသိမ်းထားရှိ မည်ဖြစ်ပါသည်။ သတင်းပေးပို့ခြင်းအတွက် ရရှိမည့်ဆုငွေများအား လျှို့ဝှက်စွာဆက်သွယ် အကြောင်းကြား၍ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ဆက်သွယ်ထုတ်ပေးသွားမည့် အပြင် သတင်းပေးသူအား လျှို့ဝှက်ထားရှိမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သတင်း ရရှိပါသည်။