အာမခံလုပ်ငန်းအသိပညာပြန့်ပွားရေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း

မြန်မာ့အာမခံလုပ်ငန်း၊ ဟင်္သာတခရိုင်ရုံး၏ အာမခံလုပ်ငန်း၊ အသိပညာပြန့်ပွားရေးဟောပြောပွဲကို (၂၉-၈-၂၀၁၈)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကြံခင်းမြို့ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း(၄၀)ဦး တက်ရောက်ခဲ့ကြပါသည်။

အဆိုပါဟောပြောပွဲတွင် ဟင်္သာတခရိုင်ရုံး တာဝန်ခံ ဦးသောင်းဟန်မှ မြန်မာ့အာမခံလုပ်ငန်းသည် နိုင်ငံတော်ပိုင်ဖြစ်ပြီး လျော်ကြေးဆိုင်ရာကိစ္စများကို နိုင်ငံတော်က ဆောင်ရွက်ပေးနေကြောင်း၊ အာမခံလုပ်ငန်းကြီး(၅)ရပ်ဖြစ်သည့် အသက်အာမခံလုပ်ငန်း၊ သူတစ်ပါးထိခိုက်မှုအာမခံလုပ်ငန်း၊ မီးအာမခံလုပ်ငန်း၊ ရေကြောင်းအာမခံလုပ်ငန်း၊ ခရီးသွားအာမခံလုပ်ငန်းများကို ဟင်္သာတခရိုင်ရုံးက ဆောင်ရွက်ပေးနေကြောင်း စသည့် အာမခံလုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများ၏ သိရှိလိုသည့် ဆေးနွေးမေးမြန်းမှုများကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။