စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သတင်းပို့အဖွဲ့အစည်းများအား AML / CFT / WMD ဆိုင်ရာ ကွင်းဆင်းစစ်ဆေးခြင်း
အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် အာမခံကုမ္ပဏီများအား ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို
ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး(AML/CFT) ဆိုင်ရာ ဥပဒေ ၊ လုပ်ထုံးလုပ်နည်း ၊ စည်းမျဉ်းများနှင့်အညီ လုပ်ငန်းလည်ပတ်မှုရှိစေရေး ၊
လူအများအပြားသေကြေစေသော လက်နက်များအပေါ် ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး(WMD) ၊ Proliferation Financing
Risk Assessment and Targeted Financial Sanction ( (PF/TFS) ဆိုင်ရာ နိုင်ငံတကာစံနှုန်းများကို သိရှိလိုက်နာ
ဆောင်ရွက်စေရန် ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနမှ တာဝန်ခံများဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ငန်း
ဆောင်ရွက်လျက်ရှိသော အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများနှင့် အာမခံကုမ္ပဏီများ ၊ စုစုပေါင်း သတင်းပို့ အဖွဲ့အစည်း (၁၂) ဖွဲ့တို့အား
၂၀-၂-၂၀၂၃ ရက်နေ့မှ ၂၄-၂-၂၀၂၃ ရက်နေ့ထိ AML / CFT / WMD ဆိုင်ရာကွင်းဆင်းစစ်ဆေးခြင်း(On-Site Examination) ကို ဆောင်ရွက်ခဲ့ပါသည်။
Attachment | Size |
---|---|
20-24_2-23 Onsite Photos.pdf | 1.53 MB |