အာဆီယံ- သြစတြေးလျ၊ နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသ အကောက်ခွန်လျှော့ချမှု အစီအစဉ်ဇယားများအား အကောက်ခွန်စည်းဝါးညီစနစ် ချိတ်ဆက်ကူးပြောင်းခြင်းဆိုင်ရာ သင်တန်းနှင့် အကောက်ခွန်လျှော့ချမှုအစီအစဉ် အသုံးပြုမှုဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အာဆီယံအတွင်းရေးမှူးရုံးချုပ်ရှိ အာဆီယံ- သြစတြေးလျ၊       နယူးဇီလန်  လွတ်လပ်သော  ကုန်သွယ်မှုဒေသ     အထောက်အပံ့ပြုရေးအဖွဲ့သို့  ပူးပေါင်း၍   အာဆီယံ၊ သြစတြေးလျ၊ နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသ အကောက်ခွန်လျှော့ချမှု အစီအစဉ်ပါ ကုန်    စည်လိုင်းများအား အကောက်ခွန်  စည်းဝါးညီစနစ်     ၂၀၁၂ မှ ၂၀၁၇ သို့ ချိတ် ဆက် ကူးပြောင်းခြင်းနှင့်စပ်လျဉ်းသည့် သင်တန်းနှင့် အာဆီယံ-သြစတြေးလျ၊    နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသအောက်မှ အကောက်ခွန်ဆိုင်ရာ အချက်အလက်များ ကောက်ယူ စုစည်း၍ လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ခြင်းဆိုင်ရာဆွေးနွေးပွဲတို့ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ ရန်ကုန်မြို့၊ အင်လျားလိတ်ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းနှင့်ဆွေးနွေးပွဲများကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ   ကုန်စည်ကုန်သွယ်ရေးဆိုင်ရာ အကောက်ခွန်လျှော့ချမှုအစီအစဉ်ပါ   ကုန်စည်လိုင်းများအား    အကောက်ခွန်စည်းဝါးညစနစ်   ၂၀၁၂ မှ  ၂၀၁၇ သို့ ကူးပြောင်းချိတ်ဆက်ရာတွင် ကြုံတွေ့ရ  သည့် အခက်အခဲများ၊ နှောင့်နှေးကြန့်ကြာမှုများကို ကျော်လွှားနိုင်ရန်နှင့် အချိန်မီ အကောင်အထည်ဖော်ရန်အတွက် လက်တွေ့ လုပ်ဆောင်နေသည့် အရာထမ်းများကို လေ့ကျင့်သင်ကြားပေးရန်နှင့် လွတ်လပ်သော ကုန်သွယ်မှု ဒေသအသုံးပြုမှုဆိုင်ရာ အချက်အလက်များကောက်ခံရာတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများ  နှင့် ကွာဟချက်များကို သိရှိနားလည်စေရန် ဖြစ်ပါ  သည်။


ယင်းသင်တန်းသို့    အကောက်ခွန်လျှော့ချမှုဇယားပါ ကုန်စည်လိုင်းများ ချိတ်ဆက်ကူးပြောင်းမှု နှင့်စပ်  လျဉ်းသည့် ဘာသာရပ်ဆိုင်ရာဌာနအသီးသီးမှ  ကိုယ်စားလှယ် (၅၃) ဦး  တက်ရောက်ခဲ့ပြီး ကုန်စည်လိုင်းများ  ချိတ်ဆက်ကူးပြောင်းခြင်းဆိုင်ရာ လေ့ကျင့်ခန်းများကို စာတွေ့လက်တွေ့သင်ကြားခဲ့ပါသည်။

ဆွေးနွေးပွဲသို့ ဘာသာရပ်ဆိုင်ရာဌာနမှအသီးသီးမှ ကိုယ်စားလှယ် (၃၉) ဦး တက်ရောက်ခဲ့ပြီး လွတ်လပ်သော ကုန်သွယ်မှုဒေသ အသုံးပြု၍ ပို့ကုန်/သွင်းကုန်ဆောင်ရွက် ခြင်း နည်းလမ်းများနှင့် ယင်းလုပ်ငန်းများနှင့်စပ်လျဉ်းသည့် အချက်အလက်များ ကောက်ယူစုစည်းခြင်းကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။