မြန်မာ-ဂျာမနီ နှစ်နိုင်ငံ ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အစိုးရအချင်းချင်းဆွေးနွေးပွဲ ကျင်းပခြင်း

နှစ်စဉ်ကျင်းပသော မြန်မာ-ဂျာမနီ နှစ်နိုင်ငံ ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အစိုးရအချင်းချင်း ဆွေးနွေးပွဲကို ၁၃-၁၁-၂၀၁၈ ရက်နေ့တွင် စီမံကိန်းနှင့်  ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁)၊ အစည်း အဝေးခန်းမ၌ ကျင်းပခဲ့ရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆက်အောင်က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံသံအမတ်ကြီး H.E.Dorothee Janetzke- Wenzel က နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုအခြေအနေများကို တင်ပြခဲ့ပါသည်။

ဆွေးနွေးပွဲတွင် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနက မြန်မာ-ဂျာမနီ နှစ်နိုင်ငံ ဖွံ့ဖြိုးမှုပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး ဂျာမနီနိုင်ငံ၊ စီးပွားရေးပူးပေါင်းဆောင် ရွက်မှုနှင့် ဖွံ့ဖြိုးရေးဝန်ကြီးဌာန (BMZ)  မြန်မာနိုင်ငံဆိုင်ရာ Country Strategy အသစ်ကို တင်ပြခဲ့ပါသည်။ ဂျာမနီနိုင်ငံအစိုးရမှ မြန်မာနိုင်ငံအစိုးရသို့  ၂၀၁၈ ခုနစ်မှ ၂၀၂၂ ခုနစ်အတွင်း အကူအညီ ယူရို ၃၄.၅ သန်း ပေးအပ်ရန်ကိုလည်း ကတိကဝတ်ပြုခဲ့ပါသည်။

ထို့ပြင် ဂျာမနီနိုင်ငံအစိုးရ၏ အထောက်အပံ့ဖြင့် မြန်မာနိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသော စီမံချက်များ၏ ဖြစ်ပေါ်တိုးတက်မှုများနှင့်  ကြုံတွေ့ရသည့် စိန်ခေါ်မှုများ၊ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု၏ အောင်မြင်မှုရလဒ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများနှင့် ဂျာမန်အဖွဲ့အစည်းများ ဖြစ်သော German Development Cooperation (GIZ)၊ German Development Bank (KfW) တို့မှ ကိုယ်စားလှယ်များအကြား အပြန်အလှန် အမြင်ချင်းဖလှယ်၍ ဆွေးနွေးခဲ့ပါသည်။

ဆွေးနွေးပွဲသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ ဂျာမနီဘက်မှ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီ သံအမတ်ကြီး H.E.Dorothee Janetzke-Wenzel ၊ ဂျာမနီနိုင်ငံမှ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးဝန်ကြီးဌာန(BMZ)၊ အင်ဒိုနီးရှား၊ အာရှ၊ အရှေ့တောင်အာရှနိုင်ငံများနှင့် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေးမူဝါဒဌာန၏ အကြီးအကဲ Dr. Jutta Kranz-Plote နှင့် အဖွဲ့ဝင်များ စုစုပေါင်း ကိုယ်စား လှယ် (၅၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။