အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနတွင် ထိန်းသိမ်းထားရှိသော စာတွဲအသွင်မော်ကွန်းများ

အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနတွင် သိမ်းဆည်းထားရှိသော မော်ကွန်း များအနက် အောက်မြန်မာပြည်ဗြိတိသျှတို့၏ စီမံခန့်ခွဲမှုတည်ဆောက်ရေး စာတွဲများ၊ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး စာချုပ်ချုပ်ဆိုရန် ဆွေးနွေးချက်ဆိုင်ရာ စာတွဲများ၊ ဗြိတိသျှအစိုးရနှင့် မြန်မာမင်းတို့အကြား သံတမန်ဆက်သွယ်ရေးကိစ္စများ၊ ဗြိတိသျှခေတ်မြန်မာပြည်၏ စီးပွားရေး အခြေအနေပြစာတွဲများ၊ မြင်းကွန်း-မြင်းခုန်တိုင် အရေးတော်ပုံစာတွဲများ၊ တိုင်းရင်းသားတို့ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုစာတွဲများ၊ ၁၃၀၀ပြည့် အရေးတော်ပုံနှင့် သက်ဆိုင်သောစာတွဲ များကိုလွတ်လပ်ရေးမရမီခေတ် မော်ကွန်းများအဖြစ် သိမ်းဆည်းထားပါသည်။

          ၁၉၀၃ခုနှစ်မှစတင်ခဲ့သည့် ပြည်ထဲရေးဝန်ကြီးဌာန၏မော်ကွန်းများတွင် တိုင်းမင်းကြီး များနှင့် ခရိုင်ဝန်တို့ အုပ်ချုပ်ရေး၊ လုံခြုံရေး၊ နိုင်ငံရေး၊ စီးပွားရေးအခြေအနေအစီရင်ခံစာများ၊ ဂျပန်ခေတ် ဒေါက်တာဘမော် ခေါင်းဆောင်သောဗမာနိုင်ငံတော်အစိုးရဝန်ကြီးအဖွဲ့ အစည်း အဝေးမှတ်တမ်းများနှင့် ဒုတိယကမ္ဘာစစ်ကာလမော်ကွန်းများတွင် စစ်ဘက်ဆိုင်ရာ မှတ်တမ်းများ ပါဝင်ပါသည်။ လွတ်လပ်ရေးရပြီး ခေတ်တွင် တိုင်းနှင့်ပြည်နယ်များမှ မှတ်တမ်းများ၊ တော်လှန်ရေးကောင်စီအစည်းအဝေးမှတ်တမ်းများ၊ ဥပဒေများ၊ အမိန့် ကြော်ငြာချက်များ၊ မိန့်ခွန်းများ၊ အစီရင်ခံစာများ၊ ခေတ်ပြောင်းတော်လှန်ရေးကာလ၏ စီးပွားရေး၊ လူမှုရေးစီမံ ခန့်ခွဲရေးဆိုင်ရာဆောင်ရွက်ချက်များ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများ၊ တောင်သူလယ်သမားအစည်းအရုံး၊ အလုပ်သမား အစည်းအရုံး တို့နှင့် ပတ်သက်သည့် မှတ်တမ်းများပါဝင်သည်။ ၁၉၇၄ခုနှစ်မှ စတင်ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် အစည်းအဝေး မှတ်တမ်းများကိုမှတ်တမ်းအဖြစ် သိမ်းဆည်း ထား ပါသည်။

          အုပ်ချုပ်ရေးသမိုင်းအထောက်အထားများဖြစ်သည့်ဝန်ကြီးချုပ်ရုံး၏ အစည်းအဝေး မှတ်တမ်းများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ လက်ခံရရှိသည့် ပြည်ပနိုင်ငံများနှင့် ဆက်သွယ် သည့် အကြောင်းကိစ္စများ၊ နိုင်ငံခြားစရိတ်ဥပဒေနှင့် ခံစားရပိုင်ခွင့်များ၊ နိုင်ငံခြားတိုင်းပြည် များနှင့် ကောင်စစ်ဝန်ရုံး၊ သံရုံးများ ထားရှိရေးကိစ္စများ၊ နယ်နိမိတ်စာချုပ်ချုပ်ဆိုရေး ကိစ္စများနှင့် အစီရင်ခံစာများကိုမော်ကွန်းအဖြစ် သိမ်းဆည်းထားပါသည်။

          ၁၉၈၈ခုနှစ် နောက်ပိုင်းနိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တို့တွင် ထုတ်ပြန်ထား သောဥပဒေများ၊ အမိန့်များ၊ ကြေညာချက်များ၊ ညွှန်ကြားချက်များ၊ အုပ်ချုပ်ရေးဆိုင်ရာ အစည်းအဝေးမှတ်တမ်းများ၊ အစီရင်ခံစာများ၊ နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းဆောင်ရွက်ချက်များနှင့် ဝန်ကြီးဌာနများ၏ လုပ်ငန်းဆောင်ရွက်ချက်များကို မှတ်တမ်း အဖြစ် သိမ်းဆည်းထားပါသည်။

          ၂၀၁၁ခုနှစ်၊ မတ်လ ၃၁ရက်နေ့မှစတင်၍ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ် တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေများအပြင် အမိန့်များ၊ ဥပဒေ/ နည်းဥပဒေများပြင်ဆင်ချက်ဥပဒေများ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်များ၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်တို့၏ ပုံမှန်အစည်းအဝေးနှင့် အစည်းအဝေးဆုံးဖြတ်ချက်များကို မှတ်တမ်းအဖြစ် သိမ်းဆည်းထားရှိပါသည်။