၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်တွင်ကျင်းပသော စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲအခမ်းအနား

,

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ ဝန်ထမ်းထုဆန္ဒ  ဖော်ထုတ်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ

၂၃ ရက်၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ဌာန၏ အစည်းအဝေးခန်းမ၌ Hybrid ပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ

ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်း စုစုပေါင်းဝန်ထမ်း (၁၅၃) ဦး တက်ရောက်ပါသည်။

အဆိုပါ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲတွင် ညွှန်ကြားရေးမှူးချုပ်က ယခင်အစည်းအဝေးတင်ပြ ချက်များအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေ

ကိုသုံးသပ်ပြီး ကဏ္ဍအသီးသီးရှိ ဝန်ထမ်းများ၏တင်ပြ  ချက်များအပေါ်ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။ ထို့နောက်

ညွှန်ကြားရေးမှူးချုပ်က ဝန်ထမ်းများ၏ လိုအပ်သည်များကို နိုင်ငံတော်မှ ဖြည့်ဆည်းပေးနေမှုများကို ပြောကြားပြီး ရုံးလုပ်ငန်းများဆောင်ရွက်

ရာ၌ အမှားအယွင်းကင်းပြီး အချိန်မီပြီးစီးအောင် လုပ်ဆောင်သွားရန်၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ရရှိထားသောရာထူးများနှင့်အညီ လုပ်ငန်း

တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်သွားရန် လမ်းညွှန်မှာကြားပါသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများသည် လန်ချန်း-မဲခေါင်တရားဥပဒေစိုးမိုးရေး နှင့်လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန

(LMLECC) မှ ပေးပို့လာသည့် ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဗွီဒီယိုဖိုင် (၂) ခုကို ကြည့်ရှုပြီး ဝန်ထမ်းထု

ဆန္ဒဖော်ထုတ်ပွဲကို နံနက် ၁၁:၀၀ နာရီတွင် ရုပ်သိမ်းပါသည်။