၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သော စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ လူငယ်အသိပညာဖလှယ်ပွဲ (၄/၂၀၂၄)

,

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် လူငယ်ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် လူငယ်အသိပညာဖလှယ်ပွဲ ၄/၂၀၂၄ ကို “ဌာနလုပ်ငန်းအောင်မြင်ရေးအတွက် တာဝန်ကိုယ်စီရှိကြသည်” ခေါင်းစဉ်ဖြင့် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့၊ မွန်းလွဲ ၁၅း၀၀ နာရီတွင် ဤဦးစီးဌာန၊ သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပြီး ဦးစီးကော်မတီဝင်များနှင့် အသက် ၃၅ နှစ်အောက် လူငယ်ဝန်ထမ်း (၄၅)ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။

လူငယ်အသိပညာဖလှယ်ပွဲတွင် ဌာန၏ လုပ်ငန်းအောင်မြင်ရေးအတွက် တာဝန်ကိုယ်စီရှိကြသည့်အတွက် တာဝန်ဆိုသည်ကိုနားလည်ရန်လိုအပ်ကြောင်း၊ ဝန်ထမ်းတစ်ဦးချင်းအလိုက် တာဝန်ယူမှု၊ တာဝန်ခံမှုသည် အရေးပါကြောင်း၊ တာဝန်ရှိသဖြင့် တာဝန်ကျေပွန်အောင် ဆောင်ရွက်လိုပါက ကိုယ်ရည်ကိုယ်သွေးပြည့်ဝစေအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်အတွင်း တာဝန်ထမ်းဆောင်ရာတွင် လုပ်ဆောင်ရမည့်အလုပ်များကို ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပါကြောင်း၊ အရေးကြီးတာနှင့် အလျင်လိုတာကိုခွဲခြားသိရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းအချင်းချင်းပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အဖွဲ့အစည်းနှင့်လုပ်ဆောင်ရန်လုပ်ငန်းများကျွမ်းကျင်ပိုင်နိုင်မှုရှိရန်၊ လေ့လာသင်ယူလိုစိတ်ရှိရန်၊ သတ်မှတ်အချိန်အတွင်း လုပ်ငန်းများကို ပြီးစီးအောင် ဆောင်ရွက်ရန်လိုအပ်ပြီး မလိုအပ်ဘဲအချိန်မဆွဲသင့်ကြောင်း၊ လုပ်ငန်းခွင်ပျော်ရွှင်မှုသည်အရေးကြီးကြောင်း၊ လုပ်ငန်းခွင်တွင်လည်း သင်ယူလိုစိတ်ရှိရန်နှင့် လက်တွဲခေါ်ယူရန် လိုအပ်ပါကြောင်း၊  အကောင်းမြင်စိတ်သည် အရေးကြီးကြောင်း၊ အထက်နှင့်အောက် မျှတရန်၊ လူတိုင်း အနည်းနှင့်အများဆိုသလို တစ်ခါတစ်ရံမှားနိုင်ကြောင်း၊ ထပ်ခါထပ်ခါ အမှားကိုပုံစံတစ်ခုထဲတွင် ထပ်မမှားသင့်ကြောင်း၊ အမှားကင်းအောင် အမှားနည်းအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ကိုယ်လုပ်သည့်အလုပ်တွင် မှားလျှင် အမှားကို ကိုယ်တိုင်ဝန်ခံသင့်ပါကြောင်း၊ အလုပ်လုပ်ရာတွင် ကိုယ့်တာဝန်ကိုယူသည့်အခါ ဆောင်ရန်ရှောင်ရန်များနှင့် တာဝန်ယူမှု တာဝန်ခံမှုအပြည့်ရှိရန် လိုအပ်ပါကြောင်း စသည်တို့ကို ပါဝင်ဆွေးနွေးသူများက အသိပညာဖလှယ်ခဲ့ကြပြီး တက်ရောက်လာသည့် လူငယ်ဝန်ထမ်းများက ပြန်လည်ဆွေးနွေးမေးမြန်းခဲ့ကာ လူငယ်အသိပညာဖလှယ်ပွဲကို ၁၆း၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။