myanma insurance logo

မြန်မာ့အာမခံလုပ်ငန်း

သူတစ်ပါးထိခိုက်မှုအာမခံ

(Third Party Liability Insurance)

၁-၇-၁၉၇၆ မှစ၍ မည်သည့်စက်တပ်ယာဉ်မဆို သူတစ်ပါးထိခိုက်မှုအာမခံ မထားမနေရ နည်းဥပဒေပြဋ္ဌာန်းပြီး ဆောင်ရွက်ခဲ့ပါသည်။ စက်တပ်ယာဉ်ဖြင့် မတော်တဆထိခိုက်မှုကြောင့် သေဆုံးသူ၊ ဒဏ်ရာရသူ၊ ပစ္စည်းပျက်စီးဆုံးရှုံးခြင်းခံရသည့် နစ်နာသူများအတွက် စက်တပ်ယာဉ်ပိုင်ရှင်မှ ပေးလျော်ရန် တာဝန်ကို မြန်မာ့အာမခံလုပ်ငန်းမှ ပခုံးပြောင်းတာဝန်ယူသည့် အာမခံစနစ်ဖြစ်ပါသည်။

၁-၈-၂၀၁၆ ရက်နေ့တွင် ပရီမီယံနှုန်းနှင့် နစ်နာကြေးနှုန်းထားများအား ပြင်ဆင်သတ်မှတ်ခဲ့ပါသည်။ ပြင်ဆင်သည့်ပရီမီယံနှုန်းများမှာ တင်ဆောင်နိုင်သည့် ဦးရေနှင့် တန်ချိန်အလိုက် ခွဲခြားသတ်မှတ်၍ ကိုယ်ပိုင်ယာဉ်ဆိုလျှင် အနိမ့်ဆုံး ကျပ် ၅၀၀၀/- မှ အမြင့်ဆုံး ကျပ် ၁၀၀၀၀/-၊ အငှားယာဉ်ဆိုလျှင် အနိမ့် ဆုံး ကျပ် ၁၀၀၀၀/- မှ အမြင့်ဆုံး ကျပ် ၁၅၀၀၀/- သတ်မှတ်ထားပါသည်။ ပြင်ဆင်သတ်မှတ်သည့် နစ်နာ ကြေးနှုန်းမှာ လူတစ်ဦးသေဆုံးမှုအတွက် ကျပ် ၁၀ သိန်း၊ ဒဏ်ရာရမှုအတွက် အများဆုံး ကျပ် ၈ သိန်းနှင့် ပစ္စည်းပျက်စီးဆုံးရှုံးမှုအတွက် ကျပ် ၅ သိန်းဖြစ်ပါသည်။

မြန်မာနိုင်ငံနှင့် နယ်နမိတ်ချင်း ဆက်စပ်လျက်ရှိသည့် တစ်ဖက်နိုင်ငံများမှ မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသည့် မော်တော်ယာဉ်များအတွက် မြန်မာနိုင်ငံသားများ၏အကျိုးငှာ မတော်တဆထိခိုက်မှု ဖြစ်ပွားပါက နစ်နာဆုံးရှုံးမှုအကာအကွယ်များ ရရှိစေရန် ၁၉၉၇ ခုနှစ်မှစတင်၍ နယ်စပ်ဒေသ (မြဝတီ၊ မူဆယ်၊ တာချီလိတ်) အသီးသီးတွင် သူတစ်ပါးထိခိုက်မှုအာမခံ ပရီမီယံ သီးခြားထားသတ်မှတ်ပြီး လက်ခံ ဆောင်ရွက်ခဲ့ပါသည်။

အလုံးစုံမော်တော်ယာဉ်အာမခံ (Comprehensive Motor Insurance)

၁။ အလုံးစုံမော်တော်ယာဉ်အာမခံသည် အာမခံထားသူဆန္ဒအရ ထားနိုင်သော အာမခံအမျိုးအစား (Voluntary Insurance) ဖြစ်ပါသည်။ အာမခံသက်တမ်းမှာ အများဆုံး (၁) နှစ်ဖြစ်ပြီး၊ (၃) လ၊ (၆) လ၊ (၉) လ သက်တမ်းလည်း ထားရှိနိုင်ပါသည်။

၂။ အာမခံထားခြင်းဖြင့် ရနိုင်မည့် အကျိုးကျေးဇူးများ

            (က) အာမခံထားသည့်ယာဉ်အတွက်-

  • မတော်တဆထိခိုက်ခြင်း၊ တိမ်းမှောက်ခြင်း၊
  • ယာဉ်ပေါ်သို့ ပစ္စည်းတစ်ခုခုပြုတ်ကျခြင်း၊
  • မီးလောင်ပျက်စီးခြင်း၊
  • ယာဉ်မလိုတမာဖျက်ဆီးခံရခြင်း၊
  • ရေလမ်း၊ ကုန်းလမ်းဖြင့် သယ်ယူပို့ဆောင်စဉ်ပျက်စီးခြင်း၊
  • သပိတ်မှောက်ခြင်း၊ အဓိကရုဏ်းဖြစ်ခြင်း၊ ဆူပူထကြွ မငြိမ်မသက်ဖြစ်ခြင်းကြောင့် ပျက်စီးခြင်း

            (ခ) သူတစ်ပါးပိုင်ယာဉ်နှင့် ပစ္စည်းများအတွက် -

အာမခံထားသည့်ယာဉ်ဖြင့် ထိခိုက်မှုကြောင့် သူတစ်ပါးပိုင်ယာဉ်နှင့် ပစ္စည်းပျက်စီးဆုံးရှုံးမှု အတွက် ပေးလျော်ခြင်းနှင့် အာမခံထားသည့်ယာဉ်ကြောင့် အခြားသူတစ်ဦး သေဆုံးခြင်း၊ ဒဏ်ရာ ရခြင်းအတွက် အများဆုံး ကျပ် ၁၀ သိန်းပေးလျော်ခြင်း။ (ဖြစ်ရပ်တစ်ခုအတွက် လျော်ကြေး အများဆုံး ကျပ်သိန်း ၅၀၀ ပေးလျော်မည်ဖြစ်ပါသည်။)

၃။ ယာဉ်၏ အာမခံတန်ဖိုး၊ အင်ဂျင်စွမ်းအား (Cubic Capacity) တင်ဆောင်နိုင်သည့် လူဦးရေ၊ ကိုယ်ပိုင်ယာဉ် (သို့မဟုတ်) အငှားယာဉ် စသည့်အချက်များပေါ်တွင် မူတည်၍ ကျသင့်ပရီမီယံကို တွက်ချက်ခြင်းဖြစ်ပါသည်။ ဥပမာ- တန်ဖိုးကျပ်သိန်း ၁၀၀ ဖြင့် အာမခံထားရှိမည်ဆိုပါက ပရီမီယံနှုန်းမှာ ကိုယ်ပိုင်ယာဉ်များအတွက် ၁.၁% ခန့်နှင့် အငှားယာဉ်များအတွက် ၁.၆% ခန့် ကျသင့်ပါမည်။ (အပို အကာအကွယ်- သဘာဝဘေးအန္တရာယ်၊ စစ်ဘေးအန္တရာယ်၊ ခိုးယူမှု၊ Nil Excess နှင့် လေကာမှန်တန်ဖိုး ကျပ် ၁ သိန်းအပါအဝင်)

မြန်မာ့အာမခံလုပ်ငန်း၊ သူတစ်ပါးထိခိုက်မှုအာမခံပရီမီယံနှုန်းထားများ