စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၁၁) ကြိမ်မြောက် (ပုံမှန်) အစည်းအဝေး (၁/၂၀၁၈)

အစည်းအဝေးကို ၃၀-၁-၂၀၁၈ ရက်နေ့တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၆) တွင် ကျင်းပပါသည်။

 

အဆိုပါ  အခမ်းအနားသို့    စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အာမခံလုပ်ငန်း   ကြီးကြပ်ရေးအဖွဲ့    ဥက္ကဋ္ဌ

 

(ဒုတိယဝန်ကြီး) နှင့်  အဖွဲ့ဝင်များ တက်ရောက်ကြပါသည်။ အခမ်းအနားတွင် ဒုတိယဝန်ကြီး (ဥက္ကဋ္ဌ) က

 

အဖွင့်အမှာစကားပြောကြားရာတွင်မြန်မာနိုင်ငံ၏ အာမခံစျေးကွက် ခိုင်မာစွာ ဖွံ့ဖြိုး တိုးတက်လာစေရန်၊

 

အာမခံလုပ်ငန်း ကဏ္ဍ ရှင်သန် တိုးတက်ထွန်းကားလာစေရန်နှင့် အာမခံဝယ်ယူသူ ပြည်သူလူထုများအား

 

မှန်ကန်သော အကာအကွယ်‌ပေးနိုင်ရန် အထူးလိုအပ်လျက်ရှိရာအာမခံလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်အရ

 

မြန်မာ့အာမခံလုပ်ငန်း၊ ပြည်တွင်း ပုဂ္ဂလိက အာမခံကုမ္ပဏီများနှင့် နိုင်ငံခြား   အာမခံကုမ္ပဏီများအား အာမခံ

 

လုပ်ငန်းကို မျှတစွာ လုပ်ကိုင်ခွင့် ရရှိစေရန်   ဆောင်ရွက်လျက်ရှိပါကြောင်း၊   လက်ရှိတွင် ပြည်တွင်း    အာမခံ

 

ကုမ္ပဏီများအား အာမခံ အမျိုးအစားအသစ် (၁၁) မျိုးအနက်(၅) မျိုးကို လုပ်ကိုင်ခွင့်ပြုခဲ့ပြီးကျန်(၆) မျိုးကိုလည်း

 

ဆက်လက်ခွင့်ပြုနိုင်ရေးဆောင်ရွက်ရန်၊ မြန်မာနိုင်ငံအာမခံအသင်းကိုလည်း ဖွဲ့စည်းပြီး ဖြစ်သဖြင့် ပူးပေါင်း

 

ဆောင်ရွက်ကြရန်၊ Liberalization Market တိုးတက်ရန်အတွက် Horizontal and Vertical (၂) ခု စလုံး

 

တိုးတက်ရန် လိုအပ်ကြောင်းပြောကြားပါသည်။ ထို့နောက် ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊

 

ညွှန်ကြားရေးမှူးချုပ်(အတွင်းရေးမှူး) ဦးဇော်နိုင်က ယခင်အစည်းအဝေးတွင် ဆွေးနွေးခဲ့မှုများအပေါ်

 

ဆောင်ရွက်ပြီးစီးမှုများအားတင်ပြခြင်းနှင့် ယခုအစည်းအဝေးတွင် ဆွေးနွေး မည့် အမှာစာ (၁၂) ခုတို့အား

 

ဆက်လက်တင်ပြရာ အဖွဲ့ဝင်များက ဝိုင်းဝန်း ဆွေးနွေးကြပါသည်။

 

       ထို့နောက် ဒုတိယဝန်ကြီး (ဥက္ကဋ္ဌ) က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ အာမခံ စျေးကွက်

 

ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံခြားအာမခံကုမ္ပဏီများ စိစစ်ရွေးချယ်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး မကြာမီတွင်

 

နိုင်ငံခြားအာမခံကုမ္ပဏီများကို လုပ်ကိုင်ခွင့်ပြုတော့မည်ဖြစ်ကြောင်း၊ နိုင်ငံခြားအာမခံ ကိုယ်စားလှယ်ရုံးများအတွက်

 

Administrative Directive ထုတ်ပြန်နိုင်ရေးအတွက် အဖွဲ့ဝင်များ အနေဖြင့် မိမိတို့ အတွေ့အကြုံအရအကြံပြုချက်

 

များနှင့် ပေါင်းစပ်ညှိနှိုင်း၍ အတည်ပြုကြရန်နှင့် အာမခံကုမ္ပဏီရုံးခွဲသစ်များ ဖွင့်လှစ်ခြင်းကို စနစ်တကျ ဖွင့်လှစ်ခွင့်ပြုရန်

 

ပြောကြားပါသည်။

 

 

Tags: NPT