Japan-Myanmar inter-Governmental Consultation on TVETအစည်းအဝေး ကျင်းပခြင်း

မြန်မာနိုင်ငံတွင် အသက်မွေးဝမ်းကျောင်းသင်တန်းများဆိုင်ရာ  အနာဂတ် ပူးပေါင်း ဆောင်ရွက် မှုများ၊ အကူအညီအထောက်အပံ့များနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးသည့် Japan-Myanmar inter-Governmental Consultation on TVET အစည်အဝေးကို မြန်မာဘက်မှ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင် ကိုယ်စား နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းဇော် နှင့် ဂျပန်ဘက်မှ ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဖွံ့ဖြိုးမှုအကူအညီမူဝါဒဆိုင်ရာ ညှိနှိုင်းရေးဌာနခွဲမှ ညွှန်ကြားရေးမှူးဖြစ်သူ Mr. Mondo YAMAMOTO တို့မှ ဦးဆောင်၍ ၃၀-၅-၂၀၁၇ ရက်နေ့၊ ၁၃းဝ၀ နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁)၊ အစည်းအဝေးခန်းမ(၃)၌ ကျင်းပပြုလုပ်ပါသည်။

အစည်းအဝေးသို့ ဂျပန်ဘက်မှ ဂျပန်နိုင်ငံ၊ မြေယာ၊ အခြေခံအဆောက်အဦ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာန၊ ပညာရေး၊ ယဉ်ကျေးမှု၊ အာကစား၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ JICA Headquarter ၊ ရန်ကုန်မြို့ရှိ ဂျပန်သံရုံးနှင့် JICA Myanmar Office တို့မှ တာဝန်ရှိသူများ နှင့် မြန်မာဘက်မှ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ် စုစုပေါင်း (၄၀)ဦးခန့် တက်ရောက်ပါသည်။

အဆိုပါ အစည်းအဝေးတွင် မြန်မာနိုင်ငံ၌ လက်ရှိ TVET နှင့် စပ်လျဉ်း၍ ဆောင်ရွက်နေမှုများ၊ ကြုံတွေ့ရသည့် စိန်ခေါ်မှုများ နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဂျပန်နိုင်ငံ၏ အကူအညီ အထောက်အပံ့ဖြင့် ဆောင်ရွက်လိုသည့် စီမံကိန်းများအား တင်ပြကြပြီး နှစ်ဖက် ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်း ဆွေးနွေးပါသည်။

Tags: Planning