အပြည်ပြည်ဆိုင်ရာမော်ကွန်းတိုက်များနေ့ အထိမ်းအမှတ် ပြခန်းများသို့ လာရောက်လေ့လာခြင်း

၂၀၁၈ ခုနှစ် ၊ ဇွန်လ ၉ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမော်ကွန်းတိုက်များနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန (နေပြည်တော်) နှင့် (ရန်ကုန်) တို့တွင် ပြခန်းများ ခင်းကျင်းပြသလျှက်ရှိရာ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့တွင် ဗန်းမော်တက္ကသိုလ်မှ ကြီးကြပ်သူဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၁၃) ဦး၊ အ.ထ.က (၁၀) နေပြည်တော်မှ ကျောင်းသား/သူ (၈၃) ဦးနှင့် CAE ကိုယ်ပိုင်အထက်တန်းကျောင်း (နေပြည်တော်) မှ ကျောင်းသား/ကျောင်းသူ (၂၀၀) ဦး အပါအဝင်၊ အများပြည်သူများသည် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန (နေပြည်တော်) သို့ လည်းကောင်း အ.ထ.က (၅) ကမာရွတ်၊ အ.ထ.က (၂) စမ်းချောင်းတို့မှ ကျောင်းသား/ကျောင်းသူများနှင့် အများပြည်သူ (၈၉) ဦးတို့သည် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန (ရန်ကုန်) တို့သို့ စိတ်ဝင်စားစွာ လာရောက်လေ့လာကြည့်ရှုကြပါသည်။

 

အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန (နေပြည်တော်)

 

အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန (ရန်ကုန်)