စီမံကိန်းနှင့်ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့၏(၂/၂၀၁၇) ကြိမ်မြောက်အစည်းအဝေးကျင်းပ

နေပြည်တော်၊   မေ  ၂၂

ပြည်သူများ၏ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အဆိုပြုတင်ပြလာသည့်ဝန်ထမ်းဖွဲ့စည်းပုံများ တိုးချဲ့ဖွဲ့စည်းနိုင်ရန် စီမံကိန်းနှင့် ဖွဲ့စည်းပုံစိစစ်ရေး အဖွဲ့၏ (၂/၂၀၁၇) ကြိမ်မြောက် အစည်းအဝေးကို ၂၂-၅-၂၀၁၇ ရက်နေ့ ညနေ(၄းဝ၀)နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ စီမံကိန်းနှင့်ဖွဲ့စည်းပုံစိစစ်ရေး အဖွဲ့၊ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊  ဦးကျော်ဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

အစည်းအဝေးတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထဲ ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီတို့မှ အဆိုပြု တင်ပြလာသည့် ဖွဲ့စည်းပုံများ တိုးချဲ့ဖွဲ့စည်းနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းပြီး ပြည်ထောင်စု တရား လွှတ်တော်ချုပ်ရုံးမှ တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်ရုံးများ အင်အားတိုးချဲ့ဖွဲ့စည်းခြင်း၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး  ဖွဲ့စည်းပုံတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသဥပဒေရုံးများ အသစ်ဖွဲ့စည်းခြင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ရဲစခန်းများ အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးခြင်း၊ စိုက်ပျိုး ရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် နာဂကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး တိုးချဲ့ဖွဲ့စည်းခြင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဝန်ကြီးရုံးဖွဲ့စည်းပုံပြန်လည်ပြင်ဆင်ဖွဲ့စည်း၍ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန လက်အောက်တွင် ၂၃၀ ကေဗွီ ကနောင် (လှိုင်သာယာ) ပင်မဓာတ်အားခွဲရုံ တိုးချဲ့ဖွဲ့စည်းခြင်း၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ သစ်တောတက္ကသိုလ် အား သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း(University of Forestry and Environmental Science)အဖြစ် အမည်ပြောင်းလဲ၍ ဝန်ထမ်းအင်အား တိုးချဲ့ဖွဲ့စည်းပေးခြင်း၊ အခြေခံ ပညာ ဦးစီးဌာနအောက်ရှိ ကျောင်းများ၊ ကျောင်းခွဲများ၊ မူလတန်းလွန်ကျောင်းများအား အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် အခြေခံပညာ အထက်တန်း ကျောင်း (၁)ကျောင်း အသစ်ဖွင့်လှစ်ပေးခြင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဦးစီးဌာနတို့၏ ဖွဲ့စည်းပုံများ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊မြို့နယ်ရုံးများ တိုးချဲ့ဖွဲ့စည်းခြင်းနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ ဖွဲ့စည်းပုံ တိုးချဲ့ဖွဲ့စည်းခြင်းများကို ခွင့်ပြုပါသည်။

ထို့ပြင်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ကုသရေးဦးစီးဌာနမှ တိုင်းဒေသကြီး/ပြည်နယ် များရှိ ကျေးရွာများတွင် (၁၆)ခုတင်ဆံ့တိုက်နယ်ဆေးရုံ(၁၆)ရုံ၊ကျေးလက်ကျန်းမာရေးဌာန(၁၇)ခု၊ ကျေးလက် ကျန်းမာရေးဌာနခွဲ(၆၂)ခုနှင့် (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ(၁၁)ရုံတို့ကို အသစ်ဖွင့်လှစ် ပေးခြင်းတို့ကို ခွင့်ပြုခဲ့ပါသဖြင့် အဆိုပါဒေသများရှိ ပြည်သူများအတွက် ရပ်ရွာအေးချမ်း သာယာရေးနှင့် တရား ဥပဒေစိုးမိုးစေရန်၊ ပညာရေးအဆင့်အတန်းနှင့် လူနေမှုဘဝ ပိုမိုမြင့်မားလာနိုင်စေရန်၊ နိုင်ငံတော်၏ အမျိုးသားကျန်းမာရေး မူဝါဒနှင့်အညီ ကျန်းမာရေးစောင့်ရှောက်မှု စွမ်းရည်ပြည့် ဆောင်ရွက်ပေး နိုင်စေရန်၊ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေး အနီးကပ်စောင့်ရှောက်မှုများ ပြည့်ဝစွာ ရရှိခံစားနိုင်စေရန်နှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်ရန်အတွက် ဆွေးနွေး ညှိနှိုင်းခဲ့ကြောင်း သတင်းရရှိပါသည်။


(သတင်းစဉ်)

Tags: Planning