၂၀၁၉ ခုနှစ်၊ လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်မှု အညွှန်းကိန်း အစီရင်ခံစာ (2019 Human Development Index Report) တွင် အချက်အလက်များထည့်သွင်းရန် ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခြင်း

၂၀၁၉ ခုနှစ်၊ လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်မှု အညွှန်းကိန်း အစီရင်ခံစာ (2019 Human Development Index Report)တွင် မြန်မာနိုင်ငံအနေဖြင့် အချက်အလက်များထည့်သွင်းရန် ညှိနှိုင်းဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ရုံးအမှတ်(၃၂)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဗဟိုစာရင်းအင်းအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်၊ ပြည်သူ့ အင်အားဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးညီညီ၊ ပြည်ထောင်စုလွှတ်တော်ရုံး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဟိန်း၊ ပညာရေးသုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မူမူအောင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါ်သက်သက်မူ၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန နှင့် ဗဟိုစာရင်းအင်းအဖွဲ့မှ ဝန်ထမ်းများအပါအဝင် စုစုပေါင်း(၂၆)ဦးခန့် တက်ရောက်ခဲ့ကြပါ သည်။

အဆိုပါ ဆွေးနွေးပွဲတွင် လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်မှု အဓိပ္ပာယ်သတ်မှတ်ချက်၊ လူ့စွမ်းအားဖွံ့ဖြိုး တိုးတက်မှုညွှန်ကိန်း အတိုင်းအတာများပြောင်းလဲလာပုံ၊ မြန်မာနိုင်ငံ၏ လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်မှု ညွှန်ကိန်းအခြေအနေဖြစ်ပေါ်တိုးတက်မှု၊ အခြားမညီမျှမှုတိုင်းတာ သည့်ညွှန်ကိန်းများ ဖြစ်သည့် Inequality-adjusted Human Development Index (IHDI), Gender Development Index (GDI), Gender Inequality Index (GII) တို့တွင် မြန်မာနိုင်ငံ၏ အခြေအနေ၊  လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်မှုညွှန်ကိန်း၏ အသုံးဝင်မှု၊ မြန်မာနိုင်ငံ၏ သက်ဆိုင်ရာ စာရင်းအင်းဌာနများမှ ထုတ်ပြန်ထားသော ကိန်းဂဏန်းအချက်အလက်များနှင့် ကွဲပြားမှုရှိ/မရှိနှင့် ကွဲပြားရသည့်အကြောင်းရင်းများ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်း များအနေဖြင့်လည်း လိုအပ်သောညွှန်ကိန်းများ၊ တွက်ချက်သည့် နည်းလမ်းများ၊ ကွဲပြားနေ​သော ကိန်းဂဏန်းအချက်အလက်များကို ကုလသမဂ္ဂ လူ့စွမ်းအားဖွံ့ဖြိုး တိုးတက်မှု အစီရင်ခံစာရုံးနှင့် ညှိနှိုင်းဆောင်ရွက်သွားရန်ဖြစ်ပြီး၊ ကွဲပြားနေ​သော ကိန်းဂဏန်းအချက်အလက်များကို ဌာန ဆိုင်ရာများအနေဖြင့် မိမိတို့နှင့်သက်ဆိုင်သော International Data Providers များနှင့်လည်း ချိတ်ဆက်ဆောင်ရွက်သွားရန်ကိုလည်း ဆွေးနွေးခဲ့ကြပါသည်။ (သတင်းစဉ်)