အာဆီယံစီးပွားရေးအသိုက်အဝန်းလုပ်ငန်းအဖွဲ့(AEC)၏ ပဥ္စမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၊ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၁

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အာဆီယံစီးပွားရေးအသိုက်အဝန်း (ASEAN Economic Committee – AEC) လုပ်ငန်းအဖွဲ့၏ ပဥ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၁-၃-၂၀၂၄ ရက်၊ နံနက် (၁၀:၀၀) နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၂) ရှိ ဗဟို စာရင်းအင်းအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ လုပ်ငန်းအဖွဲ့ခေါင်းဆောင် ဗဟိုစာရင်းအင်း အဖွဲ့ ညွှန်ကြားရေးမှူးချုပ်၊ လုပ်ငန်းအဖွဲ့အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီးရုံး (လက်ထောက် အတွင်းဝန်၊ စီမံကိန်း)၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနတို့မှ လုပ်ငန်းအဖွဲ့ဝင်များနှင့် သီးခြားဖိတ်ကြားထားသည့် ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ပထမဦးစွာ လုပ်ငန်းအဖွဲ့ခေါင်းဆောင် ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် AEC လုပ်ငန်းအဖွဲ့၏ လစဉ်အစည်းအဝေးများ ကျင်းပခဲ့သည် မှာ ပဥ္စမအကြိမ်ရှိပြီဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးတွင် သီးခြားအနေဖြင့် ထပ်မံဖိတ်ကြား ထားသော ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ ကိုယ်စားလှယ်များ တက်ရောက်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့လုပ်ငန်းအဖွဲ့ သည် အာဆီယံတွင် စဉ်ဆက်မပြတ်လိုက်ပါဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီး လမ်းညွှန်ချက်နှင့်အညီ ဖွဲ့စည်းထားခြင်းဖြစ်ပါကြောင်း၊ DICA နှင့် ဗဟိုဘဏ်တို့ကို ဖိတ်ကြား ရခြင်းမှာ ACSS အောက်တွင် ၎င်းတို့ အကောင်အထည်ဖော်ဆောင်ရွက်နေသော Trade in Service နှင့် Investment စာရင်းအင်းဆိုင်ရာကိစ္စရပ်များ၏ တိုးတက်မှုအခြေအနေတို့ကို သိရှိလို သောကြောင့်ဖြစ်ပါကြောင်း၊ ၂-၄-၂၀၂၄ ရက်မှ ၅-၄-၂၀၂၄ ရက်အထိ လာအိုနိုင်ငံ၌ ကျင်းပပြုလုပ် မည့် (၁၁) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး အတွက် လိုအပ်သည့်အချက်အလက်များ အချိန်မီပြုစုနိုင်ရေးပံ့ပိုးပေးစေလိုပါကြောင်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းဇော်မှ  ၂၇ ကြိမ်မြောက် စီမံကိန်းရေးဆွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေး ဆပ်ကော်မတီ (Sub-Committee on Planning and Coordination – SCPC) လုပ်ငန်းအဖွဲ့၏ အစည်းအဝေးသို့ တက်ရောက်ခဲ့မှုနှင့်ပတ်သက်၍ လည်းကောင်း၊ အခြားသော လုပ်ငန်းအဖွဲ့ဝင် များအနေဖြင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း ဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသည့် လုပ်ငန်းအဖွဲ့ဝင်များမှ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် အခက်အခဲများ ကို တင်ပြဆွေးနွေး ခဲ့ကြပြီး အစည်းအဝေးကို နေ့လယ်( ၁၂:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
သတင်းစဉ်