e-Government Conference & ICT Exhibition 2018 (MICC II) တွင် (၂၇-၁၁-၂၀၁၈) ရက်နေ့မှ (၂၈-၁၁-၂၀၁၈) ရက်နေ့အထိ ကျင်းပ

        e-Government Conference & ICT Exhibition 2018 ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်နေ့တွင် MICC II နေပြည်တော်၌ ကျင်းပခဲ့ရာ ဒုတိယသမ္မတ ဦးမြင့်ဆွေမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

          အဆိုပါ e-Government Conference & ICT Exhibition 2018 ပြပွဲသည် မြန်မာနိုင်ငံ၏ e-Government အကောင်အထည်ဖော်မှုများကို အထောက်အကူပြုစေရန် အရှိန်အဟုန်ဖြင့် ဆက်လက်​ဆောင်ရွက်သွားနိုင်ရန်၊ ICT ဆိုင်ရာ အသိပညာများ ဖလှယ်နိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံ e-Government ဦးဆောင်ကော်မတီ၏ လမ်းညွှန်မှု၊ e-Government အကောင်အထည်ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ၏ ပံ့ပိုးမှုဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်နှင့် ကွန်ပျူတာအသင်းများက ပူးပေါင်းကျင်းပခြင်းဖြစ်ပါသည်။ ပြပွဲတွင် e-Government နှင့်သက်ဆိုင်သည့် နည်းပညာဆိုင်ရာ ဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများသာမက Software များနှင့် နည်းပညာများပါပါဝင်ခင်းကျင်းပြသခဲ့ပါသည်။

          e-Government Conference & ICT Exhibition 2018 ပြပွဲတွင် ဝန်ကြီးဌာနများ၊ ကွန်ပျူတာအသင်းများ၊ ICT နှင့်ပတ်သက်သည့် အဖွဲ့အစည်းများ၊ ကုမ္ပဏီများ ဝင်ရောက်ပြသလျက်ရှိရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနပြခန်းတွင် ဗဟိုစာရင်းအင်းအဖွဲ့၊ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် Yangon Stock Exchange တို့မှ ပါဝင်ပြသခဲ့ပါသည်။

(သတင်းစဉ်)

, , , , ,