စီးပွားရေးကဏ္ဍ သတင်းပေးပို့မှုများ ပိုမိုကောင်းမွန်ရေးဆိုင်ရာ ဖိုရမ်ကျင်းပခြင်း

“စီးပွားရေးကဏ္ဍသတင်းပေးပို့မှုများပိုမိုကောင်းမွန်ရေးဆိုင်ရာဖိုရမ်”ကို USAID အကူ အညီဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့နှင့် Internews တို့ပူးပေါင်း၍ ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်နေ့၌ မင်္ဂလာသီရိဟိုတယ်၊ နေပြည် တော်တွင် ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်လှထွန်း၊ USAID မှ Head Economist ဖြစ်သူ Mr. Paul Pleva တို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်လှထွန်းမှ အဖွင့်အမှာစကား ပြောကြား ရာတွင် အချက်အလက်သည် သတင်းအတွက် အရေးကြီးပါကြောင်း၊ စတုတ္ထမဏ္ဍိုင် သတင်း သမားများသည် ပြည်သူနှင့် မဏ္ဍိုင်သုံးရပ်အကြား ပေါင်းစပ်ပေးရပါကြောင်း၊ ထို့အပြင် ပြည်သူ အချင်းချင်းအကြားတွင်လည်း သတင်းအချက်အလက်များကို ဖြန့်ဖြူးပေးရပါကြောင်း၊ စီးပွား ရေးဆိုင်ရာသတင်းများသည် နိုင်ငံတော်၏ မူဝါဒကိုင်တွယ်ရသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ အပြင် ပြည်သူတစ်ဦးချင်းအတွက်ပါ အရေးကြီးပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများကို ဌာနအလိုက် ထုတ်ပြန်နိုင်သည့် သတင်းအချက်အလက်များ အချိန်မီထုတ်ပြန်နိုင်ရန် နှိုးဆော်ထားပါကြောင်း၊ မိမိတို့နိုင်ငံတွင် Right of Information Law ကို ရေးဆွဲနေပါကြောင်း၊ အဆိုပါ ဥပဒေရေးဆွဲပြီးပါက သတင်းသမားများအတွက် သတင်း ရယူရန် ပိုမိုကောင်းမွန်လာမည်ဖြစ်ပါကြောင်း၊ ယနေ့ ကျင်းပသည့်ဖိုရမ်တွင် တွေ့ကြုံနေရသည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြစေလိုပါကြောင်း၊ နိုင်ငံတကာအစိုးရအဖွဲ့ အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား ဆုံးဖြတ် ချက်ချမည်ဆိုပါက သတင်းမီဒီယာများ၏ ရေးသားချက်များကို အဓိကအားထားကြပါကြောင်း၊ ထို့နောက် သတင်းမီဒီယာများအနေဖြင့် မိမိတို့နိုင်ငံ၏ သတင်းအချက်အလက်များ၊ ကိန်းဂဏန်း များဖော်ပြရာတွင် မမှားယွင်းကြစေလိုကြောင်းပြောကြားခဲ့ပါသည်။

USAID မှ Head Economist ဖြစ်သူ Mr. Paul Pleva မှ သတင်းမီဒီယာများသည် ပြည်သူလူထုနှင့် ဆက်သွယ်ဆောင်ရွက်သည့်အခါData များ တိကျဖို့လိုအပ်ပါကြောင်း၊ သတင်း မီဒီယာများနှင့် ပူးပေါင်း၍ Data နှင့် သတင်းအချက်အလက်များတွင် ပူးပေါင်းပါဝင်ခွင့်ရရှိသည့် အတွက် ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ သတင်းမီဒီယာများသည် စီးပွားရေးနှင့်သက်ဆိုင်သည့် သတင်းများတွင် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်နေပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်မှ ရှင်းလင်း ပြောကြားရာတွင်ယခင်က Data ရှားပါးခဲ့သည့်အတွက် အတတ်နိုင်ဆုံး Data ရရှိနိုင်ရန် အလေး ထားဆောင်ရွက်ခဲ့ပါကြောင်း၊ မှတ်ပုံတင်သည့်စနစ်များ ပိုမိုကောင်းမွန်ရန်လိုအပ်ပါကြောင်း၊ ဖွားသေမှတ်ပုံတင်ခြင်း၊ စီးပွားရေးလုပ်ငန်းများ မှတ်ပုံတင်ခြင်းနှင့် နိုင်ငံသားများ မှတ်ပုံတင် ခြင်း လုပ်ငန်းများသည် အရေးကြီးပါကြောင်း၊ စာရင်းအင်းဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ရသည့်အတွက် Data မှန်ကန်မှုရရှိစေရန် စာရင်းအင်းဥပဒေကို အသစ်ပြန်လည် ပြင်ဆင်ရေးဆွဲခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် စာရင်းအင်းဥပဒေကို ပြည်ထောင် စုလွှတ်တော်၌ အတည်ပြုပေးခဲ့ပါကြောင်း၊ အချက်အလက်မှန်ကန်စွာရရှိရန်နှင့် အသုံးချနိုင်ရန် အတွက် သတင်းအချက်အလက်များသည် စတုတ္ထမဏ္ဍိုင်အဖြစ် အဓိကအခန်းကဏ္ဍမှ ပါဝင် လာပါ ကြောင်း၊ User-Provider Relation ပိုမိုကောင်းမွန်စေရန် ကြိုးစားခြင်းဖြစ်ပါကြောင်း၊ မှန်ကန်သည့် စာရင်းအင်းများကို အသုံးပြုရေးဆွဲနိုင်မှသာ လက်တွေ့ကျသည့်စီမံကိန်းများ ဖြစ်ပေါ်လာမည်ဖြစ်ပါကြောင်း၊ Monitoring and Evaluation အပိုင်းအားနည်းရသည်မှာ ကိန်းဂဏန်းအချက်အလက်များ ရရှိမှုအားနည်းခြင်းကြောင့်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ စီးပွားရေးကဏ္ဍသတင်းပေးပို့မှုများ ပိုမိုကောင်းမွန်စေရေး လက်ရှိအခြေအနေ ကို သုံးသပ်ခြင်းဆွေးနွေးပွဲအား ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးအောင်လှထွန်းမှ သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး မီဒီယာကိုယ်စားပြု အဖွဲ့အစည်းအသီးသီးမှ တာဝန် ရှိသူများနှင့် အပြန်အလှန်ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။

          ထို့နောက်ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ/ အကြံပြုချက်များ ခေါင်းစဉ်ဖြင့် စားပွဲ ဝိုင်းဆွေးနွေးပွဲ (Round Table Discussion) ကို ကျင်းပခဲ့ရာ ပူးတွဲသဘာပတိများအဖြစ် ဗဟိုစာရင်းအင်းအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးစိုးသိန်းနှင့် 7 Day News နှင့် Myanmar Computer Professionals Association-MCPA မှ ဦးသောင်းစုငြိမ်းတို့မှ တာဝန်ယူဆောင်ရွက်ခဲ့ကြပါ သည်။

အဆိုပါဖိုရမ်တွင် ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်လျက်ရှိသည့် စာအုပ်များ၊ စာစောင် များနှင့် လက်ကမ်းစာစောင်များအား ခင်းကျင်းပြသခဲ့ပါသည်။ (သတင်းစဉ်)

၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်

, ,