

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ တိုင်းဒေသကြီး/ ပြည်နယ်ညွှန်ကြားရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်း
အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃ ရက်၊ မွန်းလွဲ ၁၃း၀၀ နာရီအချိန်တွင် ဌာန၏အစည်းအဝေးခန်းမ၌ Hybrid ပုံစံဖြင့်ကျင်းပပြုလုပ်ခဲ့ရာ
ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တိုင်းဒေသကြီး/ပြည်နယ်ညွှန်ကြားရေးမှူးများ တက်ရောက်ပါသည်။
အဆိုပါ အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်က စာရင်းများပြည့်စုံမှန်ကန်ရေး၊ ရုံးစည်းကမ်းကောင်းမွန်ရေး၊ ဝန်ထမ်းရေးရာကိစ္စရပ်များ
တွင် စီမံခန့်ခွဲမှုအားကောင်းစေရေးနှင့် အမည်သစ်ကုန်စည်များ ရှာဖွေဖော်ထုတ်ရေးတို့နှင့်စပ်လျဉ်း၍ လမ်းညွှန်မှာကြားပါသည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်းပိုင်းဆိုင်ရာနှင့် ဝန်ထမ်းရေးရာကိစ္စရပ်များ ဆွေးနွေးပြီး တိုင်းဒေသကြီး/ပြည်နယ်
စီမံကိန်းဦးစီးရုံးများမှ ညွှန်ကြားရေးမှူးများက ဒေသအလိုက် ဆောင်ရွက်မှုများကို ပြန်လည်ဆွေးနွေးပါသည်။ ညွှန်ကြားရေးမှူးချုပ်က
လိုအပ်သည့် ပေါင်းစပ်ညှိနှိုင်းမှုများနှင့် လမ်းညွှန်မှုများပြုလုပ်ကာ အစည်းအဝေးကို မွန်းလွဲ (၁၄:၃၀) နာရီတွင် ရုပ်သိမ်းပါသည်။