စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း လယ်ဝေးမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်၊ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးများ ကြည့်ရှုစစ်ဆေး

နေပြည်တော်  ဒီဇင်ဘာ  ၂၀ 

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် ယမန်နေ့၊ မွန်းလွဲပိုင်းတွင် လယ်ဝေးမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်၊ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးများသို့ သွားရောက်စစ်ဆေးသည်။

ပထမဦးစွာ ဒုတိယဝန်ကြီးသည် မြန်မာ့စီးပွားရေးဘဏ်၊ အထွေထွေမန်နေဂျာ လိုက်ပါ လျက် လယ်ဝေးမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်သို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး ဘဏ်လုပ် ငန်းဆိုင်ရာကိစ္စရပ်များ၊ ချေးငွေတိုးမြှင့်ထုတ်ချေးနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာ့စီးပွားရေး ဘဏ်သည် အစိုးရအဖွဲ့အစည်းများနှင့် ဘဏ်နှင့်ဆက်သွယ်လာသူ ပုဂ္ဂလိကများသို့ ဘဏ်လုပ် ငန်းဝန်ဆောင်မှုများကို ခေတ်အဆက်ဆက် ယုံကြည်စိတ်ချစွာ ဆောင်ရွက်ပေးနေသည့် နိုင်ငံပိုင် ဘဏ်ကြီးဖြစ်၍ ဘဏ်လုပ်ငန်းများဆောင်ရွက်ရာတွင် ငွေရေးကြေးရေးအဖွဲ့အစည်းများဆိုင်ရာ ဥပဒေ၊ ငွေစုဘဏ်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းများနှင့်အညီ စနစ်တကျ ဂရုတစိုက်ဆောင်ရွက်ကြရန်လိုကြောင်း၊ ဘဏ်နှင့်ဆက်သွယ်လာသူများအား ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ဆောင်ရွက်ပေးရာတွင် လွယ်ကူလျင်မြန်စွာဆောင်ရွက်ပေးနိုင်ရေးနှင့် ပင်စင် လစာထုတ်ယူသူများအတွက် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ပေးနိုင်ရေးကိစ္စရပ်များ၊ ဘဏ် လုံခြုံရေး၊ ပစ္စည်းလုံခြုံရေးနှင့် သတင်းလုံခြုံရေးတို့ကို လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် မျက်ခြည်မပြတ် အမြဲဂရုပြုဆောင်ရွက်ကြရေး၊ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးကိုလည်း ဂရုတစိုက်ဆောင်ရွက်နိုင်ရေးနှင့် ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ဘဏ်နှင့်ဆက်သွယ်လာသူများအား ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို ပိုမိုအဆင်ပြေချောမွေ့စွာဖြည့်ဆည်းဆောင်ရွက်ပေးကြရန်တို့ကို မှာကြား၍ ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ 

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ပြည်တွင်းအခွန်များဦးစီးဌာန၊ ဒုတိယညွှန်ကြားရေး မှူးချုပ်လိုက်ပါလျက် လယ်ဝေးမြို့နယ်အခွန်ဦးစီးဌာနမှုးရုံးသို့ သွားရောက်စစ်ဆေးပြီး အခွန် ရငွေများ တိုးမြင့်ကောက်ခံရရှိနိုင်ရေးအတွက် အခွန်နှုန်းများကို တိုးမြှင့်ခြင်းမပြုဘဲ အခွန် ကောက်ခံနိုင်သည့်အခွန်အခြေ တိုးချဲ့ဖော်ထုတ်နိုင်သည့်နည်းလမ်းများ ရှာဖွေဖော်ထုတ်ရေး၊ လျာထားချက်ထက်ပြည့်မီကျော်လွန်အောင် ကောက်ခံနိုင်မည့်အခြေအနေများ၊ လုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးတို့ကို အမြဲမပြတ်ဂရုစိုက်ဆောင်ရွက်ရေးနှင့် ဝန်ထမ်းအချင်းချင်းစည်းလုံးညီညွတ်စွာဖြင့် တိုးတက်လာသည့် နည်းပညာများကိုအသုံးပြု၍ အခွန် တိုးချဲ့ကောက်ခံနိုင်မည့်နည်းလမ်းများကို ရှာဖွေဖော်ထုတ်ကြရန်တို့ကို မှာကြားခဲ့ပြီး ဝန်ထမ်း များ၏တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ 

ထို့နောက် ဒုတိယဝန်ကြီးသည် လယ်ဝေးခရိုင်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ခရိုင်မန်နေဂျာက ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ ချေးငွေ ထုတ်ချေးမှုဆိုင်ရာကိစ္စရပ်များ၊ ချေးငွေကြွေးကျန်ကျဆင်းရေးဆောင်ရွက်ချက်များ၊ အလွဲသုံး စားမှု လျော့နည်းပပျောက်ရေးဆောင်ရွက်ချက်များ၊ တောင်သူလယ်သမားများနှင့် ကွင်းဆင်း ထိတွေ့မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက နိုင်ငံတော်အနေဖြင့် နိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်ရှိသည့် ကျေးလက်နေတောင်သူများ၏ လူမှုစီးပွားဘဝ တိုးမြင့် လာရေးကို အလေးထား ဆောင်ရွက်ပေးလျက်ရှိပြီး၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ် သည့်ချေးငွေများကို နည်းလမ်းအမျိုးမျိုးဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်း၊ နိုင်ငံတော်၏ ရည်မှန်းချက်များ ပြည့်မီရေးအတွက် တောင်သူများ၏ချေးငွေလိုအပ်ချက်များကို အဓိကဖြည့် ဆည်းပေးနေသော မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ အဓိကတာဝန်နှစ်ရပ်မှာ တောင်သူလယ် သမားများသို့ စိုက်ပျိုးစရိတ်နှင့် လယ်ယာဖွံ့ဖြိုးရေးချေးငွေများကို ထုတ်ချေးရန်နှင့် သတ်မှတ် ကာလအတွင်း ပြန်လည်ကောက်ခံရန်ဖြစ်ကြောင်း၊ ယင်းတာဝန်များကို ရေရှည်ဆောင်ရွက် နိုင်စေရန် ကြွေးဟောင်းပြေကျေမှ ကြွေးသစ်ပေးသည့်စနစ်ကို ကျင့်သုံးဆောင်ရွက်လျက်ရှိ ကြောင်း၊ ကြွေးဟောင်းများ ကောက်ခံရရှိရေးအတွက် နယ်မြေဒေသအုပ်ချုပ်မှုအဖွဲ့ အစည်းများ နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ကြွေးကျန်လျော့နည်းကျဆင်းရေးစီမံချက်နှင့် အလွဲသုံးစားမှုလျော့နည်းပပျောက်ရေးစီမံချက်တို့ကို အောက်ခြေဝန်ထမ်းများ သိရှိနားလည် လိုက်နာရေး ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ဘဏ်လုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးတို့ကို ဂရုတစိုက်ဆောင်ရွက်ရန်၊ ဝန်ထမ်းအချင်းချင်းစည်းလုံး ညီညွတ်မှုရှိရေး၊ ဘဏ်အဆောက်အဦ သန့်ရှင်းသပ်ရပ်မှုနှင့် ဥပဓိရုပ်ကောင်းအောင် ဆောင်ရွက်ရေးတို့ကို မှာကြား၍ ဝန်ထမ်းများ၏တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်