မြန်မာနိုင်ငံဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ပဥ္စမအကြိမ် အစည်းအဝေးကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ  ၉
  
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ဥက္ကဌအဖြစ် တာဝန်ယူ ဆောင်ရွက်သည့်  မြန်မာနိုင်ငံဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ ပဥ္စမ အကြိမ်အစည်းအဝေး (၅/၂၀၂၂-၂၀၂၃) ကို  ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်း အဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ 
အဆိုပါအစည်းအဝေး၌ လုပ်ငန်းအဖွဲ့ဥက္ကဌ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဆီစက်လုပ် ငန်းများဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ လုပ်ငန်းတာဝန်များအောင်မြင်စွာ အကောင် အထည်ဖော်ဆောင်ရွက်ရန်အတွက် အထောက်အကူပြုအဖွဲ့(၄) ဖွဲ့အနေဖြင့် တစ်ဖွဲ့နှင့်တစ်ဖွဲ့ အချိတ် အဆက်မိမိဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ နိုင်ငံတော်မှ မတည်ထောက်ပံ့ပေးမည့် ရန်ပုံငွေခွင့်ပြုချက်လည်းရရှိပြီးဖြစ်သဖြင့်  မကြာမီ ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေးချေးငွေများ စနစ်တကျ ထုတ်ချေးနိုင်ရန် စီမံဆောင်ရွက်ကြရန် ပြောကြားပါသည်။
ဆက်လက်၍ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲ့မှုလုပ်ငန်းအဖွဲ့အတွင်းရေးမှူး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူက ချေးငွေမူဝါဒနှင့် ချေးငွေလုပ် ငန်းစဉ်များချမှတ်ရေးအဖွဲ့၏ ဆောင်ရွက်ချက်များကိုလည်းကောင်း၊ အခြားအထောက်အကူပြုအဖွဲ့ များမှ ခေါင်းဆောင်များက သက်ဆိုင်ရာအဖွဲ့အလိုက် ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ လုပ်ငန်းစဉ်များ သတ်မှတ်ချက်များကိုလည်းကောင်း တင်ပြကြပြီး လုပ်ငန်းအဖွဲ့ဝင်များက ဝိုင်းဝန်း အကြံပြု ဆွေးနွေးတင်ပြကြပါသည်။ ဆီစက်လုပ်ငန်းများအတွက် ချေးငွေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် ချေးငွေလျှောက်ထားတင်ပြလာသော ဆီစက်လုပ်ငန်းများကို ချမှတ်ထားသောမူဝါဒ၊ စည်းကမ်း သတ်မှတ်ချက်များနှင့် စိစစ်၍ စနစ်တကျထုတ်ချေးသွားမည်ဖြစ်သည်။
အစည်းအဝေးသို့ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေး လက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တို့မှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက် မှုလုပ်ငန်းအသင်းချုပ်၊ (UMFCCI)၊ ဘဏ်များအသင်း၊ မြန်မာနိုင်ငံဆီစက်လုပ်ငန်ရှင်များအသင်း တို့မှတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)