စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း မြန်မာ့စီးပွားရေးဘဏ်၊ လက်ထောက်မန်နေဂျာများ ဘဏ်လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာသင်တန်းအမှတ်စဉ် (၁/၂၀၂၂-၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်

နေပြည်တော်၊ ဇွန်  ၃

ပြည်သူများ၊ စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများအတွက် ဘဏ်လုပ်ငန်းဝန်ဆောင်မှု များကို အပြည့်အဝပံ့ပိုးကူညီဆောင်ရွက်ပေးရန် ရည်ရွယ်ဖွင့်လှစ်သည့် မြန်မာ့စီးပွားရေးဘဏ်၊ လက်ထောက်မန်နေဂျာများ ဘဏ်လုပ်ငန်းဆိုင်ရာ သင်တန်းအမှတ်စဉ် (၁/၂၀၂၂-၂၀၂၃) သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်၊ (၉:၀၀) နာရီတွင် နေပြည်တော်ရှိ မြန်မာ့စီးပွားရေးဘဏ် (ရုံးချုပ်) ၌ ကျင်းပသည်။

အခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ဝန်ကြီးဌာနအောက်ရှိ လုပ်ငန်း၊ အဖွဲ့အစည်းများ၊ ဦးစီးဌာနများမှ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်း နည်းပြများနှင့် သင်တန်းသား / သင်တန်းသူများ တက်ရောက်ကြသည်။ 

သင်တန်းဆင်းပွဲတွင် ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာ၌ နိုင်ငံပိုင် မြန်မာ့စီးပွားရေး ဘဏ်သည် ပြည်သူများ၊ စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများအတွက် ဘဏ်လုပ်ငန်းဝန် ဆောင်မှုများဆောင်ရွက်ပေးနေသည့် နိုင်ငံတော်ပိုင် ဘဏ်ကြီးတစ်ဘဏ်ဖြစ်ကြောင်း၊ ထို့ပြင် အစိုးရ ဌာနဆိုင်ရာအားလုံး၏ငွေစာရင်းများကို ထိန်းသိမ်းဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများ၊ ဆုကြေးကိစ္စရပ်များကိုလည်း တာဝန်ယူဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုများအပေါ်ကုစားရေးအတွက် ချေးငွေများကိုလည်းထုတ်ချေးပေးလျက်ရှိကြောင်း၊ ဘဏ်လုပ်ငန်းစနစ်နှင့်စပ်လျဉ်း၍ သတ်မှတ်ရေး ဆွဲပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရကြောင်း၊ သင်တန်းသားများအနေဖြင့် ယခုသင်တန်းမှပို့ချပေးလိုက်သည့် ဘဏ်လုပ် ငန်းဆိုင်ရာဥပဒေများ၊လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များအား ကောင်းစွာသိရှိနားလည်ပြီး လက်တွေ့ကျင့်သုံးဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းလမ်းညွှန်အဖြစ် သေချာစွာမှတ်သားလိုက်နာ ဆောင်ရွက်ကြရန် အလေးအနက်ထား မှာကြားလိုကြောင်း၊ ခေတ်နှင့်အညီ IT နည်းပညာဖြင့် ဆောင် ရွက်သည့် Core Banking စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်၍ လုပ်ငန်းစဉ် အောင်မြင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားလိုကြောင်း၊ ပြည်သူများက အစဉ် အားထားယုံကြည်ရသည့်ဘဏ်တစ်ခုဖြစ်၍ ယင်းအစဉ်အလာကောင်းကို ဆက်လက်ထိန်းသိမ်းပြီး၊ 
ဘဏ်နှင့်ဆက်သွယ်သူပြည်သူများကို စေတနာထားကာ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ အပြည့်အဝ ပံ့ပိုးကူညီဆောင်ရွက်ပေးရန် မှာကြားလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။ 

ယခုဖွင့်လှစ်သည့် သင်တန်းသို့ မြန်မာ့စီးပွားရေးဘဏ်တွင် လက်ထောက်မန်နေဂျာများအဖြစ် တာဝန်ထမ်းဆောင်ကြမည့် သင်တန်သား/သင်တန်းသူ (၃၀) ဦး တက်ရောက်ကြပြီး သင်တန်း ကာလမှာ ရက်သတ္တပတ် (၅) ပတ် ကြာမြင့်ခဲ့ကြောင်း သတင်းရရှိပါသည်။