စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး တို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး တို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ ရန်ကုန်၊ မေ ၁ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ၁-၅-၂၀၂၁ ရက်နေ့ (၁၀:၀၀) နာရီတွင် ရန်ကုန်မြို့ရှိ အကောက်ခွန်ဦးစီးဌာန (ရုံးချုပ်) သို့ ရောက်ရှိခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ နှင့် တွေ့ဆုံခဲ့သည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးအား ကောက်ခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထင်က ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့ မှုအပေါ် ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်မှာကြားရာ၌ နိုင်ငံ့ဝန်ထမ်းများသည် မိမိတို့၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကျင့်ကြံနေထိုင်သွားရန်၊ ရသင့် ရထိုက်သော အခွန်အခများရရှိရေး ကြိုးပမ်းဆောင်ရွက်သွားရန်၊ အိမ်နီးချင်းနိုင်ငံအချို့တွင် ကိုဗစ်-၁၉ ရောဂါများ တစ်ကျော့ပြန်လည်ဖြစ်ပွားမှုများ မြင့်တက်လာနေသည့်အတွက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ဝန်ထမ်းတစ်ဦးချင်းမှစ၍ ကျန်းမာရေးကို အထူးဂရုပြုနေထိုင်စားသောက်ကြရန် လိုအပ်ကြောင်း၊ လုံခြုံရေး အထူးဂရုပြု ဆောင်ရွက်ရန်၊ ပြည်ထောင်စုရန်ပုံငွေဖြင့်သုံးစွဲဆောင်ရွက်နေသော လုပ်ငန်းများကိုလည်း ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းများနှင့်အညီ ဂရုပြုစိစစ်သုံးစွဲရန် လိုအပ်ကြောင်း၊ အဂတိလိုက်စားမှု မရှိစေရေး အထူး ဂရုပြုဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အကောက်ခွန်သမိုင်းပြတိုက်နှင့် ကုန်ပစ္စည်း အလို အလျောက်ရှင်းလင်းရေးနှင့် ထိန်းချုပ်ရေးဌာနခွဲ (Myanmar Automated Cargo Clearance System - MACCS) ရှိ လုပ်ငန်းဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး လုပ်ငန်း များအား အချိန်နှင့်တစ်ပြေးညီပြီးစီးရေး အထူးဂရုပြုဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်တွင်းအခွန်များဦးစီးဌာနသို့ ဆက်လက်သွား ရောက်ခဲ့ပြီး၊ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး အစည်းအဝေးခန်းမ၌ ပြည်တွင်းအခွန်များဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ငွေချေးသက်သေခံ လက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးမှ အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တွေ့ဆုံခဲ့သည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ရောဂါ၏သက်ရောက်မှုများကို တုံ့ပြန်ဆောင် ရွက်နိုင်ရေးအတွက် ကိုဗစ်-၁၉ စီးပွးရေးထိခိုက်မှုသက်သာရေးစီမံချက် (CERP) အရ စီးပွားရေး ပြန်လည်ကောင်းမွန်လာစေရန် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ထမ်းများ လုပ်ငန်း တာဝန်များ ပြန်လည်ထမ်းဆောင်မှုအခြေအနေနှင့် လိုအပ်ချက်များရှိပါက အချိန်မီတင်ပြကြရန် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေများကြောင့် အခွန်ကောက်ခံမှုများ လျော့နည်း နိုင်သော်လည်း ကောက်ခံရန်ရှိသည့်အခွန်များကို အပြည့်အဝကောက်ခံရရှိရေး ကြိုးစားဆောင်ရွက် ကြရန်ဖြစ်ကြောင်း၊ အခွန်ထမ်းများ အခွန်ပေးဆောင်မှုလွယ်ကူစေရေးအတွက် Online Payment များဖြင့် အခွန်ပေးဆောင်မှုများကို အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြ ရန်နှင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုအခြေအနေများ တိုးမြင့်လာနိုင်ဖွယ်ရှိသည့်အတွက် ဝန်ထမ်းများ ကျန်းမာရေးကို အထူးဂရုစိုက်ကြရန်နှင့် လုံခြုံရေးကိုလည်း အလေးထားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။ သတင်းစဉ်

, ,