(၂၅) ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲရက် ရွှေ့ဆိုင်းဖွင့်လှစ်မည့်အစီအစဉ်နှင့်ပတ်သက်၍ အသိပေးကြေညာခြင်းကိစ္စ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန
ကြေညာချက်အမှတ် ( ၃ / ၂၀၂၁ )

နေပြည်တော်၊ ၁၃၈၂ ခုနှစ်၊ တပို့တွဲလဆန်း    ၁၂ ရက်
(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ   ၂၃  ရက် )

၁။    ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲသည် (၂၅)ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေထီစာအုပ်များကို ထီစာအုပ်ဝယ်ယူခွင့်ရရှိသူများထံသို့ မူလအက္ခရာ (၃၉)လုံး၊ ထီအုပ်ရေ (၃၁၉၀၉၀၂) အုပ်ကို ခွဲဝေရောင်းချခဲ့ပြီး၊ ထီကံစမ်းသူပြည်သူများကို ထီဆုငွေအဖြစ်  ၆၀% အား ဆုမဲများအဖြစ် ပြန်လည်ခွဲဝေပေးသွားမည်ဖြစ်ပါသည်။
၂။    ယခုအခါတွင် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး / ပြည်နယ်အားလုံးတွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအရ ထီလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ လက်ပွေ့/တွန်းလှည်း ထီရောင်းသူများ ထီရောင်းချနိုင်မှု မရှိခြင်း၊ ထီကံစမ်းသူပြည်သူများမှာလည်း ထီထိုးရန် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရှိရပါသဖြင့် နိုင်ငံတော်မှ ပြည်သူများ၏အလုပ်အကိုင်နှင့် စီးပွားရေးအခက်အခဲများ အဆင်ပြေစေရေးအတွက် (၂၅) ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို ထီလက်မှတ်များတွင် ဖော်ပြထားသော (၁-၃-၂၀၂၁) ရက်နေ့အစား (၁၅-၃-၂၀၂၁) ရက်နေ့သို့ ပြောင်းလဲဖွင့်လှစ်ပေးသွားမည် ဖြစ်ပါသည်။ 
၃။    (၂၆) ကြိမ်မြောက်အတွက် အောင်ဘာလေထီလက်မှတ်များကို ပုံမှန်အတိုင်း ၂၀၂၁ ခုနှစ်၊ မတ်လ (၁) ရက်နေ့မှ  စတင်ရောင်းချသွားမည်ဖြစ်ပြီး၊ အောင်ဘာလေထီဖွင့်ပွဲကို ၂၀၂၁ ခုနှစ်၊ ဧပြီ လ (၁) ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန