MFTB ATM CARD ပြုလုပ်ရန်

MFTB ATM CARD ပြုလုပ်ရန်

  • ATM Card Account ဖွင့်လှစ်ရန်လိုအပ်သည့် အချက်အလက်များဖြည့်သွင်းရပါမည်။ Card ကိုင်ဆောင်သူသည် အသက်(၁၈)နှစ် ပြည့်ပြီးသူဖြစ်ရပါမည်။
  • Customer မှ ဖြည့်သွင်းသောအချက်အလက်များအား ဘဏ်မှစစ်ဆေးကာ ATM Card Account ဖွင့်ပေးပါမည်။

ATM CARD အကျိုးကျေးဇူးများ

  • မြန်မာကျပ်ငွေဖြင့် ATM စက်များတွင် ငွေသားထုတ်ယူနိုင်ပါသည်။
  • ငွေသားလက်ကျန်များအား စစ်ဆေးနိုင်ပါသည်။
  • ပစ္စည်းဝယ်ယူမှု့များအတွက် ငွေပေးချေနိုင်ပါသည်။
  • ATM Card အား (၂၄) နာရီ အသုံးပြုနိုင်ပါသည်။
  • ATM Card အတွင်း ငွေသွင်းရန်မှအပ ဘဏ်သို့လာရောက်ရန် မလိုအပ်ပါ။
  • MFTB ၏ ATM Card အချင်းချင်း MFTB ၏ATM များတွင် မိမိလွှဲပို့လိုသည့် ATM Card A/C No. သိရှိပါက အခြားATM Cardသို့ A/C Transfer ပြုလုပ်နိုင်ပါသည်။ အများဆုံးလွှဲပို့နိုင် သည့်ငွေပမာဏမှာ ကျပ်(၅)သိန်း ဖြစ်ပါသည်။

ATM CARD အား ငွေသွင်းရန်အတွက် လိုအပ်ချက်များ

  • ATM Card No (သို့) ATM Account No. ဖြင့် မိမိ Cardအား ဘဏ်တွင် ငွေသားပေးသွင်း၍ ငွေဖြည့်သွင်းနိုင်ပါသည်။

ATM CARD အသုံးပြုသူများသိထားသင့်သည့်အချက်များ

  • မိမိလျှို့ဝှက်နံပါတ် (Pin No) အား အသုံးပြု၍ ATM များ POS များတွင် အသုံးပြုနိုင်ပါသည်။

မိမိလျှို့ဝှက်နံပါတ် (Pin No) အား ATM စက်ရှိသည့်နေရာ၌ပင် ပြောင်းလဲနိုင်ပါသည်။

  • MFTB ATM CARD အား MFTB ၏ ATM စက်များတွင်သာမက အခြားသော ဘဏ်များ၏ MPU တံဆိပ်ပါရှိသော ATM စက်များတွင်လည်း ငွေထုတ်ယူနိုင်ပါသည်။
  • POS စနစ်ဖြင့် ငွေပေးချေနိုင်သောဆိုင်ကြီးများတွင် ATM Card ဖြင့် စျေးဝယ် နိုင်ပါသည်။
  • တစ်ကြိမ်ထုတ်ယူပါက အများဆုံး (၃)သိန်းအထိ ထုတ်ယူနိုင်ပါသည်၊
  • နေ့စဉ်ငွေကျပ်(၁၀)သိန်းအထိ ထုတ်ယူနိုင်ပါသည်။
  • MFTB ATM Card အား MFTB ၏ ATM တွင် ငွေထုတ်ယူခြင်းအတွက် ဝန်ဆောင်ခ ပေးဆောင်ရန် မလိုအပ်ပါ။
  • အခြားဘဏ်များ၏ ATM စက်များတွင် ငွေထုတ်ယူမှသာ ဝန်ဆောင်ခ ၀.၂၀% ပေးဆောင်ရမည် ဖြစ်ပါသည်။ (ဥပမာ-ငွေကျပ် ၁၀,၀၀၀/- ထုတ်ယူပါက ကျပ်၂၀/- ပေးဆောင်ရမည်။)
  • POS များတွင် အသုံးပြုခြင်းအတွက် ဝန်ဆောင်ခ ပေးဆောင်ရန်မလိုအပ်ပါ။
  • ဘဏ်မှCard ထုတ်ယူပြီးပါက မိမိလျှို့ဝှက်နံပါတ် (Pin No) အားပထမအကြိမ် မဖြစ်မနေ MFTB ATM စက်တွင် ဦးစွာရိုက်ထည့်၍ ပြောင်းလဲထားပါ။
  • ATM စက်မှ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ပါ။
  • မိမိလျှို့ဝှက်နံပါတ် (Pin No) သည် အထူးအရေးကြီး၍ မိမိမှအပ သူတစ်ပါးအား အသိပေးခြင်း မပြုလုပ်ရ။
  • မိမိ Card အား သူတစ်ပါးသို့ ငှားရမ်းခြင်းမပြုရ။
  • ATM Card အား ATM စက်တွင်အသုံးပြုပါက မိမိ၏လျှို့ဝှက်နံပါတ် (Pin No) အားမှန်ကန်စွာ ရိုက်နှိပ်ပါ။သုံးကြိမ်မှားယွင်းပါက Card အား ATM စက်မှ သိမ်းဆည်းသွားမည်ဖြစ်ပါသည်။

ATM Card ပျောက်ဆုံးခြင်း၊ အခိုးခံရခြင်း၊ လျှို့ဝှက်နံပါတ် (Pin No)မေ့ခြင်း၊ ပျက်စီးခြင်း၊ မိမိ Card အားစက်မှ သိမ်းယူခြင်း၊ Card ပိုင်ရှင်ကွယ်လွန်ခြင်း စသည်များကြုံတွေ့ရပါက ဘဏ်သို့ အကြောင်းကြားရပါမည်။

  • အကြောင်းကြားခြင်းမရှိဘဲ တစ်စုံတစ်ခုဖြစ်ခဲ့ပါက မိမိတာဝန်သာဖြစ်ပါသည်။
  • ATM စက်မှ ငွေထုတ်ယူရာတွင် ငွေသားနှင့်Card အား သေချာစွာသိမ်းဆည်းပြီးမှသာ စက်အနီးမှ ထွက်ခွာပါ။
  • နိုင်ငံခြားငွေAccount ရှိသူများမှ မြန်မာကျပ်ငွေဖြင့်ထုတ်ယူလိုပါက ထုတ်ယူမည့် နိုင်ငံခြားငွေအား Exchange Rate ဖြင့်တွက်ချက်၍ ATM Card Account ဖွင့်လှစ်ထားပါက Transfer ဖြင့် ဖြည့်တင်းပေးပါမည်။

ATM Card Account ကိုတစ်ဦးတည်း အမည်ဖြင့်သာ ဖွင့်လှစ်ခွင့်ရှိပါသည်။ တွဲဖက်စာရင်း ဖွင့်ခွင့်မပြုပါ။