ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းတွင် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပွဲကျင်းပ

 

၂၀၂၃ ခုနှစ်၊ မတ်လ (၉) ရက်နေ့တွင် ‌ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးအဖွဲ့၏ ညွှန်ကြားချက်နှင့်အညီ မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်မှ ကြီးမှူးကျင်းပသည့် "ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းတွင် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်စပ်လျဉ်း၍ AYA Trust SC ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီမှဝန်ထမ်းများအား ရှင်းလင်းဆွေးနွေးပွဲကို ကော်မရှင်ရုံး၌ ကျင်းပခဲ့ရာ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နီနီဆွေမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကော်မရှင်ရုံး ဈေးကွက်စုံစမ်းထောက်လှမ်းခြင်းဌာန၊ ညွှန်ကြားရေးမှူးက ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းတွင် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ ကော်မရှင်မှထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးနှင့် AYA Trust SC တို့မှ တာဝန်ရှိသူစုစုပေါင်း (၃၂) ဦးတက်ရောက်ခဲ့ကြပါသည်။