ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းတွင် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာညွှန်ကြားချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပွဲကျင်းပ

 

၂၀၂၃ ခုနှစ်၊ မတ်လ (၁) ရက်နေ့တွင် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့၏ လမ်းညွှန်ချက်များနှင့်အညီ မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်မှ ကြီးမှူးကျင်းပပြုလုပ်သည့် "ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းတွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်စပ်လျဉ်း၍ MSEC ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီမှ ဝန်ထမ်းများအားရှင်းလင်းဆွေးနွေးပွဲကို MSEC ရုံး၌ကျင်းပပြုလုပ်ခဲ့ရာ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇင်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကော်မရှင်ရုံး ဈေးကွက်စုံစမ်းထောက်လှမ်းခြင်းဌာန၊ ညွှန်ကြားရေးမှူးက ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းတွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ ကော်မရှင်မှထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးနှင့် MSEC တို့မှ တာဝန်ရှိသူ စုစုပေါင်း (၃၀) ဦး တက်ရောက်ခဲ့ကြပါသည်။