ငွေချေးသက်သေခံလက်မှတ်ဈေးကွက်တွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းတွေ့ဆုံပွဲကျင်းပ

 

 

 ငွေချေးသက်သေခံလက်မှတ်ဈေးကွက်တွင် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်း‌တွေ့ဆုံပွဲကျင်းပ

 ၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်မှ ဦးဆောင်ကျင်းပပြုလုပ်သည့် "ငွေချေးသက်သေခံလက်မှတ်ဈေးကွက်တွင် ငွေကြေး‌ခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကို SECM ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇင်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကော်မရှင်ရုံး ဈေးကွက်စုံစမ်းထောက်လှမ်းခြင်းဌာန ညွှန်ကြားရေးမှူးက "ငွေချေးသက်သေခံလက်မှတ်ဈေးကွက်တွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး" ခေါင်းစဉ်ဖြင့်ရှင်းလင်း တင်ပြခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးနှင့် KTZRH Securities Company တို့မှ တာဝန်ရှိသူများ စုစုပေါင်း(၂၄) ဦး တက်‌ရောက်ခဲ့ကြပါသည်။