(၃၇) ကြိမ်မြောက် အာဆီယံ အရင်းအနှီးဈေးကွက်ဖိုရမ်ဥက္ကဋ္ဌများအစည်းအဝေးနှင့် အပြည်ပြည်ဆိုင်ရာနှီးနှောဖလှယ်ပွဲသို့ တက်ရောက်

 

(၃၇) ကြိမ်မြောက် အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ်ဥက္ကဌများ အစည်းအဝေးနှင့် ယင်းအစည်းအဝေးနှင့် ကျင်းသောဆိုင်ရာနှီး‌နှောပွဲ (37th ASEAN Capital Market Forum- ACMF Chairs' Meeting and International Conference) ကို ကမ္ဘောဒီးယား၊ ‌ဖနောမြို့၌ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့နှင့် ၂၈ နေ့တို့တွင် ကျင်းပရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာ၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၊ ဥက္ကဌ ဦးမောင်မောင်ဝင်း ဦးဆောင်သော မြန်မာကိုယ်စားတက်ရောက်ခဲ့သည်။

အစည်းအဝေးသဘာပတိအဖြစ် အာဆီယံအရင်းအနှီးဈေးဖိုရမ် အလှည့်ကျဥက္ကဌ၊ ကမ္ဘောဒီးယား၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဌ Mr. SOU Socheat က ဆောင်ရွက်ပြီး အင်ဒိုနီးရှား၊ ဘဏ္ဍာရေးမှ Chief Executive Officer Mr. Inarno Djajadi က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ပါသည်။ အစည်းအဝေးသို့ အာဆီယံနိုင်ငံများမှ အရင်းအနှီးဈေးကွက်ကြီးကြပ်ရေးကော်မရှင်၊ အကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့မှ ကိုယ်စားလှယ်များနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များစုစု‌ပေါင်း (၄၈) ဦး ပါဝင်တက်ရောက်ကြသည်။

အစည်းအဝေးတွင် အာဆီယံဒေသတွင်း အရင်းအနှီးဈေးကွက်ဆိုင်ရာ အဆင့်မြင့်အရာရှိများ စွမ်းဆောင်ရည်ပိုမိုမြှင့်တင်နိုင်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ ဖွင့်လှစ်ကျင်းပနိုင်ရေး၊ အလုပ်ခွင်သင်တန်းများ အပြန်အလှန်စေလွှတ်နိုင်ရေး၊ နိုင်ငံတကာဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံမှုစံနှုန်းအခြေခံများဖြစ်သော ဖွင့်ဟထုတ်ဖော်မှုစံနှုန်းများသတ်မှတ်နိုင်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုအခြေအနေ၊ အာဆီယံအရင်းအနှီးဈေးကွက်တွင် ကျင့်သုံးနေသည့် အာဆီယံငွေချေးစာချုပ်စံနှုန်းများနှင့်သက်ဆိုင်သော ဦးစားပေးဆောင်ရွက်မည့်ကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများပိုမိုဆွဲဆောင်မှုရှိစေရန် စု‌ပေါင်းရင်းနှီးမြှုပ်နှံမှုမူဘောင်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ပိုမိုပါ‌ဝင်လာစေရေးဆောင်ရွက်မှုအခြေအနေများ၊ အာဆီယံဒေသတွင်းနိုင်ငံများရှိ စတော့အိပ်ချိန်းစာရင်းဝင်ကုမ္ပဏီများအား ကော်ပိုရိတ်စီမံခန့်ခွဲမှု အကဲဖြတ်ဆန်းစစ်ချက်အရ အပြီးရွေးချယ်ခြင်းခံရသည့်ကုမ္ပဏီများကို ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပမည့်ကိစ္စရပ်များ၊ အာရှဖွံ့ဖြိုးရေးဘဏ်မှ အာဆီယံအရင်းအနှီးဈေးကွက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာဆိုင်ရာ အကူအညီပေး‌ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် မြန်မာနိုင်ငံ၏အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုထားရှိမှုများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ‌ခေါင်းစဉ်များအလိုက်ပါဝင်၍ အမြင်ခြင်းဖလှယ်ဆွေးနွေးခဲ့သည်။ ထို့နောက် အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ် အလှည့်ကျဥက္ကဌတာဝန်ကို လက်ရှိဥက္ကဌမှ အင်ဒိုနီးရှားနိုင်ငံသို့ လွှဲပြောင်းပေးအပ်ပြီး အစည်းအဝေးကိုအောင်မြင်စွာပြီးစီးခဲ့ပါသည်။

အောက်တိုဘာလ ၂၈ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၊ အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့ပူးပေါင်းကျင်းပသည့် အာဆီယံဒေသတွင်းအရင်းအနှီးဈေးကွက်ဖိုရမ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာနှီးနှောဖလှယ်ပွဲကိုကျင်းပရာ ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ ကြီးကြပ်ရေးအာဏာပိုင်၊ ဒုတိယဥက္ကဌ H.E Mr. Ros Seilave ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၊ ညွှန်ကြားရေးမှူးချုပ် Mr. Sou Socheat နှင့် အာရှဖွံ့ဖြိုးရေးဘဏ်၊ အရှေ့တောင်အာရှဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Winfried F. Wicklein တို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ကြသည်။ ဆက်လက်၍ ၂၇-၁၀-၂၀၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ်ဥက္ကဌများအစည်းအဝေးမှ သဘောတူညီခဲ့သည့် သဘောတူညီခဲ့သည့် The ASEAN Sustainability-Linked Bond Standards ၊ The ASEAN Sustainable and Responsible Fund Standards ၊  The ASEAN CIS Digital Repository နှင့် Legal Wrappers for the SDG Bond Toolkit တို့ကို မိတ်ဆက်တင်ပြခဲ့ရာ အာဆီယံနိုင်ငံ ၁၀ နိုင်ငံမှ ကော်မရှင်အကြီးအကဲများက စက်ခလုတ်နှိ်ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာမှအရင်းအနှီးဈေးကွက်ဆိုင်ရာပညာရှင်များနှင့် ဈေးကွက်ကျွမ်းကျင်သူများပါဝင်သော စားပွဲဝိုင်းဆွေးနွေးပွဲများကိုကျင်းပပြုလုပ်ခဲ့သည်။

ယခုဖိုရမ်တွင် ညှိနှိုင်းဆွေးနွေးခဲ့ကြသည့်လုပ်ငန်းစဉ်များကို လာမည့်နှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပပြုလုပ်မည့် အာဆီယံဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေးသို့ ဆက်လက်တင်ပြမည်ဖြစ်ပါသည်။ အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ်သည် ဒေသတွင်းအရင်းအနှီးဈေးကွက်များဖိုရမ်သည် ဒေသတွင်းအရင်းအနှီးဈေးကွက် စည်းမျဉ်းစည်းကမ်းထိန်းကျောင်းသူများ Regulators ၏ အဆင့်မြင့်ဆွေးနွေးပွဲတစ်ခုဖြစ်သည်။

အဆိုပါညီလာခံသို့ Visual စနစ်ဖြင့် နိုင်ငံတကာမှ အရင်းအနှီးဈေးကွက်ဆိုင်ရာအဖွဲ့အစည်းများ၊ ငွေချေးသက်သေခံလက်မှတ်ထုတ်ဝေသူများ၊ ငွေချေးသက်သေခံလက်မှတ်ရင်းနှီးမြှုပ်နှံသူများ၊ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ၊ သုတေသနပညာရှင်များနှင့် စိတ်ပါဝင်စားသူများစုစုပေါင်း (၂၅၈) ဦး ပါဝင်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

, , , ,