သူတစ်ပါးထိခိုက်မှုအာမခံနစ်နာကြေးနှင့် အလုံးစုံမော်တော်ယာဉ်အာမခံနစ်နာကြေးပေးချေခြင်း

မြန်မာ့အာမခံလုပ်ငန်း၊ မကွေးတိုင်းဒေသကြီးရုံးအနေဖြင့် (၂၃-၁၀-၂၀၁၆)ရက်နေ့ ချောက်မြို့နယ်တွင် ယာဉ်အမှတ်(၄၂ယ/၅၉၅၄၂ နှင့် ၄၄ယ/၁၁၀၁၆)ဖြင့် ထိခိုက်သေဆုံးသူ ဦးနေအောင်ထွေးအတွက် အကျိုးခံစားခွင့်ရှိသူ ဦးခင်ထွေးအားဒု-တာဝန်ခံမှ သူတစ်ပါးထိခိုက်မှုအာမခံ နစ်နာကြေးငွေကျပ် ၁၀ သိန်း၊     ၅-၅-၂၀၁၆ ရက်နေ့ စကုမြို့နယ်၊ နန်းတော်ကုန်းတွင် ယာဉ်အမှတ် ၃၉ယ/၈၂၉၈၉ နှင့် 2L/8389 ဖြင့် ထိခိုက်မှုဖြစ်၍ သေဆုံးသူဦးစံထွန်းအတွက် အကျိုးခံစားခွင့်ရှိသူ ဒေါ်မြရင်အား တိုင်းတာဝန်ခံမှ သူတစ်ပါးထိခိုက်မှုအာမခံလျော်ကြေးငွေကျပ်၅ သိန်း၊ ၂၈-၅-၂၀၁၇ ရက်နေ့ ရေနံချောင်းမြို့နယ်တွင် ယာဉ်အမှတ် ၄၈ယ/၁၃၆၀ ဖြင့် ထိခိုက်မှုဖြစ်၍ သေဆုံးသူ ဦးမျိုးသူကိုအတွက် အကျိုးခံစားခွင့်ရှိသူ ဦးသိန်းဇော်အား တိုင်းတာဝန်ခံမှ သူတစ်ပါးထိခိုက်မှုအာမခံလျော်ကြေးငွေကျပ် ၁၀ သိန်း၊ ၁၆-၆-၂၀၁၆ ရက်နေ့ ချောက်မြို့နယ်တွင် ယာဉ်အမှတ် 2C/6279 ဖြင့် ထိခိုက်သေဆုံးသူ ဦးမောင်အေး(ခ)ဦးအေး(ခ)ဦးဘိုအေးအတွက် အကျိုးခံစားခွင့်ရှိသူ ဒေါ်နွဲ့ကြည်အား တိုင်းတာဝန်ခံမှ သူတစ်ပါးထိခိုက်မှုအာမခံ နစ်နာကြေးငွေကျပ် ၅ သိန်း၊ ၅-၅-၂၀၁၇ ရက်နေ့ သပိတ်ကျင်းမြို့နယ်တွင် ယာဉ်အမှတ် 8J/7171 ဖြင့် ထိခိုက်သေဆုံးသူ ဦးအောင်ထူးအတွက် အကျိုးခံစားခွင့်ရှိသူ ဒေါ်ညိုတင်အား တိုင်းတာဝန်ခံမှ သူတစ်ပါးထိခိုက်မှုအာမခံ နစ်နာကြေးငွေကျပ် ၅ သိန်း၊ ၁၂-၁၁-၂၀၁၆ ရက်နေ့ တောင်ငူမြို့နယ်တွင် ယာဉ်အမှတ် 9B/7268 ဖြင့် ထိခိုက်သေဆုံးသူ မောင်ထူးထူးအောင် (ခ)ငထူးအတွက် အကျိုးခံစားခွင့်ရှိသူ ဦးမောင်မောင်စိုးအား တိုင်းတာဝန်ခံမှ သူတစ်ပါးထိခိုက်မှုအာမခံ နစ်နာကြေးငွေကျပ် ၁၀ သိန်း၊ ၁၆-၇-၂၀၁၇ ရက်နေ့ မကွေးမြို့နယ်တွင် အလုံးစုံမော်တော်ယာဉ်အာမခံထားသော ယာဉ်အမှတ် 3F/4039 ထိခိုက်ပျက်စီးမှုအတွက် အာမခံထားသူ ဒေါ်သီတာမြင့်အား တိုင်းတာဝန်ခံမှ ပေးလျော်ငွေကျပ် ၁၃၈,၉၄၄၊ စုစုပေါင်းလျော်ကြေးငွေကျပ် ၅,၁၃၈,၉၄၄ အား ပေးအပ်ခဲ့ပါသည်။