သူတစ်ပါးထိခိုက်မှုအာမခံလျော်ကြေးငွေပေးအပ်ခြင်း

မြန်မာ့အာမခံလုပ်ငန်း၊ မကွေးတိုင်းဒေသကြီးရုံးမှ (၂၇-၈-၂၀၁၇)ရက်နေ့ ပျော်ဘွယ်မြို့နယ်တွင် ယာဉ်အမှတ် HSE/4318 ဖြင့်ထိခိုက်မှုဖြစ်၍ သေဆုံးသူ ဦးကိုကိုလတ် အတွက် အကျိုးခံစားခွင့်ရှိသူ ဒေါ်အေးအေးမွန် အား (၁-၁၂-၂၀၁၇)ရက်နေ့ တွင် တိုင်းတာဝန်ခံမှ သူတစ်ပါးထိခိုက်မှုအာမခံလျော်ကြေးငွေကျပ် ၁၀ သိန်း၊ (၂-၈-၂၀၁၇) ရက်နေ့ စလင်းမြို့နယ်တွင် ယာဉ်အမှတ် ၄၈ယ/၆၆၉၇၂ ဖြင့် ထိခိုက်မှုဖြစ်၍ သေဆုံးသူ ဦးကောင်းမြတ်ကိုကိုအတွက် အကျိုးခံစားခွင့်ရှိသူ ဒေါ်မိုးမိုးမြင့် အား (၁-၁၂-၂၀၁၇)ရက်နေ့ တွင် တိုင်းတာဝန်ခံမှ သူတစ်ပါးထိခိုက်မှုအာမခံလျော်ကြေးငွေကျပ် ၁၀ သိန်း၊ (၁၆-၁၀-၂၀၁၇)ရက်နေ့ ချောက်မြို့နယ်တွင် ယာဉ်အမှတ် 1C/5789 ​မော်တော်ယာဉ်ထိခိုက်ပျက်စီးမှု အတွက် အကျိုးခံစားခွင့်ရှိသူ ယာဉ်ပိုင်ရှင် ဦးဆောင်ကျော်ဇင်အား (၂၈-၁၂-၂၀၁၇)ရက်နေ့ တွင် တိုင်းတာဝန်ခံမှ အလုံးစုံထိခိုက်မှုအာမခံ လျော်ကြေးငွေကျပ် ၉၉၆၃၅/-၊ (၂၆-၁၀-၂၀၁၇)ရက်နေ့ မင်္ဂလာဒုံမြို့နယ်တွင် အမှတ်မရှိ ဆိုင်ကယ်ဖြင့် ထိခိုက်မှုဖြစ်၍ သေဆုံးသူ ဒေါ်စန်းခင်အတွက် အကျိုးခံစားခွင့်ရှိသူ ဦးမြဆိုင်အား (၂၈-၁၂-၂၀၁၇)ရက်နေ့တွင် တိုင်းတာဝန်ခံမှ သူတစ်ပါးထိခိုက်မှုအာမခံလျော်ကြေးငွေကျပ် ၁၀ သိန်း၊ (၂၉-၆-၂၀၁၇)ရက်နေ့ မင်းဘူးမြို့နယ်တွင် ယာဉ်အမှတ် ၄၄ယ/၉၆၀၇၇ နှင့်ယာဉ်အမှတ် ၄၂ယ/၅၅၃၅၀ ယာဉ်ဖြင့် ထိခိုက်သေဆုံးသူ ဦးခိုင်ဇော်အောင်အတွက် အကျိုးခံစားခွင့်ရှိသူ ဒေါ်ဆွေသက်ဝင်းအား (၂၈-၁၂-၂၀၁၇)ရက်နေ့တွင် တိုင်းတာဝန်ခံမှ သူတစ်ပါးထိခိုက်မှု အာမခံ လျော်ကြေးငွေကျပ် ၁၀ သိန်း၊ (၂၈-၈-၂၀၁၇)ရက်နေ့ မကွေးမြို့နယ်တွင် ယာဉ်အမှတ် ၅၈ယ/၈၉၃၅၆ ဖြင့်ထိခိုက်မှုဖြစ်၍ သေဆုံးသူ ဦးကျောက်ဒိုး(ခ)ဦးငွေရ အတွက် အကျိုးခံစားခွင့်ရှိသူ ဒေါ်ခင်ထွေးအား (၂၇-၁၂-၂၀၁၇)ရက်နေ့တွင် တိုင်းတာဝန်ခံမှ သူတစ်ပါးထိခိုက်မှုအာမခံ လျော်ကြေးငွေကျပ် ၁၀ သိန်း၊ စုစုပေါင်း လျော်ကြေးငွေကျပ် ၅၀၉၉၆၃၅/- အား ပေးအပ်ခဲ့ပါသည်။