နိုင်ငံတော်၏အထူးချေးငွေအစီအစဉ်များနှင့်ပတ်သက်၍ သတိပေးကြေညာချက်

၁။      နိုင်ငံတော်၏အစီအစဉ်ဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် အသေးစားနှင့်အလတ်စားစက်မှုလက်မှုလုပ်ငန်းများ (SME)၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများတိုးတက်ဖွံ့ဖြိုးလာပြီး နိုင်ငံ့စီးပွားတိုးတက်လာစေရန် ရည်ရွယ်၍ အထူးချေးငွေအစီအစဉ်ဖြင့်ချေးငွေများထုတ်ချေးရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

၂။      SME လုပ်ငန်းများအတွက် မြန်မာ့စီးပွားရေးဘဏ်မှလည်းကောင်း၊ စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှလည်းကောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှလည်းကောင်း ထုတ်ချေးမည်ဖြစ်ကြောင်းအများပြည်သူသို့အသိပေးကြေညာထားပြီးချေးငွေများကိုလည်းစတင်ထုတ်ချေးနေပြီဖြစ်ပါသည်။

၃။      ချေးငွေရယူလိုသူလုပ်ငန်းရှင်များသည် မိမိချေးယူလိုသည့် ချေးငွေအမျိုးအစားအလိုက် မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်)နှင့် ဘဏ်ခွဲများ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)နှင့် ဘဏ်ခွဲများ၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)နှင့် ဘဏ်ခွဲများသို့ ကိုယ်တိုင်တိုက်ရိုက်ဆက်သွယ်၍ စုံစမ်းမေးမြန်းဆောင်ရွက်ကြပါရန်နှင့် တစ်ဆင့်ခံပုဂ္ဂိုလ်များဖြင့် ဆက်သွယ်ဆောင်ရွက်ခြင်းမပြုကြရန် အသိပေးကြေညာအပ်ပါသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန