SME နှစ်ဆင့်ချေးငွေစီမံကိန်း ပထမအဆင့် ဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း SMEs များပါဝင်မှုသည် ၉၉% ရှိပြီး SME များ ဖွံ့ဖြိုးတိုးတက်လာပါက ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး တစ်ဦးချင်းဝင်ငွေပါ တိုးတက်လာမည်ဖြစ်ပါသည်။ သို့ဖြစ်ရာ မြန်မာ့စီးပွားရေးဘဏ်မှ SMEs လုပ်ငန်းများအား ဘဏ္ဍာငွေပံ့ပိုးကူညီရန် JICA မှ တရားဝင်ဖွံ့ဖြိုးမှုအကူအညီချေးငွေ (ODA) ချေးငွေရယူ၍ SME နှစ်ဆင့် ချေးငွေစီမံကိန်းပထမအဆင့် (Phase-1) ကို တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။

JICA SME နှစ်ဆင့်ချေးငွေစီမံကိန်းတွင် အကျုံးဝင်သော SMEs လုပ်ငန်းများ

           ၂၀၁၅ ခုနှစ် SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ ပုဒ်မ-၂ (က)၊ (ခ) တွင် ပါရှိသည့် SME သတ်မှတ်ချက်နှင့်ညီညွတ်သည့် အောက်ဖော်ပြပါ SME လုပ်ငန်းများ ချေးငွေရယူနိုင်ပါသည် -

          (က)    ကုန်ထုတ်လုပ်မှုလုပ်ငန်း

          (ခ ) လုပ်သားအခြေပြုလုပ်ငန်း

          (ဂ ) လက်လီရောင်းဝယ်ရေးလုပ်ငန်း

          (ဃ)    လက္ကားရောင်းဝယ်ရေးလုပ်ငန်း

          (င ) ဝန်ဆောင်မှုလုပ်ငန်း

          (စ ) အခြား                                                            

JICA SME နှစ်ဆင့်ချေးငွေစီမံကိန်းတွင် အကျုံးမဝင်သော လုပ်ငန်းများ

          (က) မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေရယူရန် အရည်အသွေးပြည့်မီမှုရှိသော လယ်သမား များ

          (ခ ) အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများ

          (ဂ ) ဘဏ္ဍာရေးနှင့် အာမခံလုပ်ငန်း

          (ဃ) အဖိုးတန် သတ္တုရောင်းဝယ်ရေးလုပ်ငန်းများ

          (င ) အရက်ဆိုင်များနှင့် ပျော်ပွဲစားရုံလုပ်ငန်း

          (စ ) ဖြေဖျော်မှု၊ တင်ဆက်မှု (နိုင်ငံခြားခရီးသွားလုပ်ငန်းမပါ) လုပ်ငန်း

          (ဆ) လက်နက်၊ ခဲယမ်းထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်းစသည့် လုပ်ငန်းများအား ငွေထုတ်မချေးပါ။

စဉ်

JICA SME နှစ်ဆင့်ချေးငွေစီမံကိန်း ချေးငွေထုတ်ချေးခြင်းအတွက် သတ်မှတ်ချက်

 SME လုပ်ငန်းတစ်ခုသို့ ထုတ်ချေးနိုင်သည့် ငွေပမာဏ

 အများဆုံး ကျပ် (၅၀၀) သန်း

 ၂

 ချေးငွေအား အသုံးပြုရာတွင် သတ်မှတ်ချက်

 Fixed Assets အတွက် ၈၀%

 Working Capital အတွက် ၂၀ %

 ချေးငွေအတိုးနှုန်း

 ၁ နှစ်လျှင် ၈.၅ %

 ချေးငွေသက်တမ်း

 ၃ နှစ်မှ ၅ နှစ်ထိ

 

JICA SME နှစ်ဆင့်ချေးငွေစီမံကိန်းပထမအဆင့် Phase-1 တွင် ချေးငွေရယူရန် ဆက်သွယ်လျှောက်ထားနိုင်သည့်ဘဏ်များမှာ -

(၁)   အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်

(၂)   မြန်မာ့ရှေ့ဆောင်ဘဏ်

(၃)   မြန်မာနိုင်ငံသားများဘဏ်

(၄)   ဧရာဝတီဘဏ်

(၅)   ကမ္ဘောဇဘဏ်

(၆)   သမဝါယမဘဏ်                                                  

JICA SME နှစ်ဆင့်ချေးငွေစီမံကိန်းပထမအဆင့်(Phase-1) ဆောင်ရွက်မှုအခြေအနေ

          JICA မှ တရားဝင်ဖွံ့ဖြိုးမှုချေးငွေရယူရန် ငွေရေးကြေးရေးဆိုင်ရာ ပါဝင်ဆောင်ရွက်သည့်အဖွဲ့အစည်း (Participating Financial Institution) (PFIs) အဖြစ် ပုဂ္ဂလိကဘဏ်(၆)ဘဏ်မှတစ်ဆင့် ငွေကျပ် (၅၇,၆၃၄)သန်းအား SME လုပ်ငန်းရှင်(၂၆၉)ဦးသို့ ချေးငွေများ ထုတ်ချေးခဲ့ပြီးဖြစ်ပါသည်။

          အဆိုပါထုတ်ချေးငွေများအနက်မှ ပြန်လည်ပေးဆပ်လာသော အရင်းငွေရပ်များအား လှည့်ပတ်ရန်ပုံငွေစာရင်းတွင် ထားရှိ၍ ပြန်လည်ထုတ်ချေးလျက်ရှိရာ စီမံကိန်းစတင်ချိန်မှ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအထိ စုစုပေါင်း SMEs လုပ်ငန်းရှင် (၂၉၂) ဦးသို့ စုစုပေါင်းငွေကျပ် (၆၁,၁၄၆.၉၈) သန်းအား ထုတ်ချေးခဲ့ပြီး SMEs လုပ်ငန်းအသစ်များကို ဆက်လက်ထုတ်ချေးသွားမည်ဖြစ်ပါသည်။

JICA SME နှစ်ဆင့်ချေးငွေစီမံကိန်း (Phase-1) တွင် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ထုတ်ချေးထားမှုအခြေအနေ

                                                                                                                                                                               ကျပ်သန်းပေါင်း                                                                                   

စဉ်

တိုင်းဒေသကြီး/ပြည်နယ်

ဦးရေ

ငွေပမာဏ

နေပြည်တော်ကောင်စီနယ်မြေ

-

-

ကချင်ပြည်နယ်

၈၀.၀၀

ကယားပြည်နယ်

-

-

ကရင်ပြည်နယ်

၃၀.၀၀

ချင်းပြည်နယ်

-

-

စစ်ကိုင်းတိုင်းဒေသကြီး

၁,၆၉၁.၀၀

တနင်္သာရီတိုင်းဒေသကြီး

၃၀၀.၀၀

ပဲခူးတိုင်းဒေသကြီး

၂၆

၂,၇၄၁.၇၅

မကွေးတိုင်းဒေသကြီး

၁၀

၁,၅၇၅.၀၀

၁၀

မန္တလေးတိုင်းဒေသကြီး

၅၀

၁၁,၃၃၈.၀၀

၁၁

မွန်ပြည်နယ်

၁၄၅.၀၀

၁၂

ရခိုင်ပြည်နယ်

၄၇၀.၀၀

၁၃

ရန်ကုန်တိုင်းဒေသကြီး

၁၁၃

၂၉,၈၁၂.၄၈

၁၄

ရှမ်းပြည်နယ်

၁၇

၃,၀၃၃.၀၀

၁၅

ဧရာဝတီတိုင်းဒေသကြီး

၄၂

၉,၉၃၀.၇၅

စုစုပေါင်း

၂၉၂

၆၁,၁၄၆.၉၈

JICA SME Two-Step Loan စီမံကိန်းဒုတိယအဆင့် (Phase-2) ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်

          JICA SME Two-Step Loan စီမံကိန်းဒုတိယအဆင့် (Phase-2)တွင် ချေးငွေ ဂျပန်ယန်း (၁၄,၉၄၉)သန်း ရယူရန်စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ စီမံကိန်းဒုတိယအဆင့်အကောင်အထည်ဖော်ဆောင်ရွက်ပါက ငွေရေးကြေးရေးဆိုင်ရာပါဝင်ဆောင်ရွက်သည့်အဖွဲ့အစည်း ( PFIs )  ဖြစ်သောဘဏ်များအားအသစ်ပြန်လည်ရွေးချယ်သွားမည်ဖြစ်ပြီး အဆိုပါဘဏ်များမှတစ်ဆင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးသို့ ကျယ်ကျယ်ပြန့်ပြန့်ထုတ်ချေးသွားရန် စီစဉ်ဆောင်ရွက်ထားပါသည်။