စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၁၂) ကြိမ်မြောက် (ပုံမှန်) အစည်းအဝေး (၂/၂၀၁၈)

အစည်းအဝေးကို ၂၀-၄-၂၀၁၈ ရက်နေ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၆)တွင် ကျင်းပပါသည်။

 

အဆိုပါအခမ်းအနားသို့      စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန      အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့      ဥက္ကဋ္ဌ

 

(ဒုတိယဝန်ကြီး)နှင့်  အဖွဲ့ဝင်များ တက်ရောက်ကြပါသည်။   အခမ်းအနားတွင် ဒုတိယဝန်ကြီး   (ဥက္ကဋ္ဌ)ကအဖွင့်

 

အမှာစကားပြောကြားရာတွင်     မြန်မာနိုင်ငံ၏ အာမခံစျေးကွက် ခိုင်မာစွာ    ဖွံ့ဖြိုး တိုးတက်လာစေရန်၊  အာမခံ

 

လုပ်ငန်းကဏ္ဍ ရှင်သန် တိုးတက် ထွန်းကားလာစေရန်နှင့် အာမခံဝယ်ယူသူ ပြည်သူလူထုများအား မှန်ကန်သော

 

အကာအကွယ်‌ပေးနိုင်ရန်အတွက် မျက်ခြေမပြတ် ကြိုးပမ်းရန်နှင့်   အာမခံကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက်

 

အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ကစနစ်တကျကြတ်မတ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံခြားအာမခံ

 

ကုမ္ပဏီများကို ဝင်ရောက်ခွင့်ပြုရေးအတွက်    Consultant  Company ငှါးရမ်းပြီး  သတ်မှတ်ထားသည့်

 

အချိန်အတွင်း ကြေငြာချက် ထုတ်ပြန်   ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံခြားအာမခံ ကုမ္ပဏီများကို

 

ပြည်တွင်းစျေးကွက်အတွင် လုပ်ကိုင်ခွင့်ပြုနိုင်ရေး၊ ပြည်တွင်းအာမခံကုမ္ပဏီများ ရှင်သန်ဖွံ့ဖြိုးတိုးတက်မှု

 

ရရှိစေရေးအတွက် ရေရှည်တည်တံ့ ခိုင်မြဲရန်နှင့်၎င်းတို့၏အကျိုးစီးပွားထိခိုက်မှုမရှိရေး ဆောင်ရွက်ရန်နှင့်

 

အာမခံလုပ်ငန်း အစီအစဉ်များကိုလည်း တိုးချဲ့ဆောင်ရွက်ရန်ရှိကြောင်းပြောကြားပြီးယနေ့ ဆွေးနွေးမည့်

 

အမှာစာများကို ထိထိရောက်ရောက် ဆွေးနွေး အကြံပေးကြရန် ပြောကြားပါသည်။

 

   ထို့နောက် ညွှန်ကြားရေးမှူးချုပ်  ဦးဇော်နိုင်က ယခင်အစည်းအဝေးတွင် ဆွေးနွေးခဲ့မှုများအပေါ်

 

ဆောင်ရွက်ပြီးစီးမှုများအား တင်ပြခြင်းနှင့် ယခုအစည်းအဝေးတွင် ဆွေးနွေးမည့်အမှာစာ(၇)ခု

 

တို့အား ဆက်လက် တင်ပြခြင်းတွင်    ပြည်ပရေကြောင်းပို့ကုန်အာမခံကို   တဆင့်အာမခံလုပ်ကိုင်ခွင့်

 

ရရှိပါကဆောင်ရွက်ရန် အစီအစဉ်များ၊အာမခံကုမ္ပဏီများတွင် ကုမ္ပဏီအကြံပေး နိုင်ငံခြားသားများ

 

ခန့်အပ်ပါက ၎င်းတို့၏ကျွမ်းကျင်မှုအပိုင်း၊လုပ်ငန်းနှင့်ကိုက်ညီမှုအပိုင်းနှင့် ၎င်းတို့သည် Black List

 

ကင်းရှင်းရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံတွင် အာမခံလေ့ကျင့်ရေးသင်တန်းကျောင်း ထည်ထောင်ခွင့်

 

ကိစ္စတွင် ၎င်းသင်တန်းမှ ပေးအပ်မည့်  Certificate နှင့် Diploma များ၏  နိုင်ငံတကာ  အသိအမှတ်

 

ပြုနိုင်မှုရှိ/ မရှိ၊ ကျွမ်းကျင်မှုရှိ/မရှိနှင့် တခြားအရေးကြီး ကိစ္စများကိုလည်း အဖွဲ့ဝင်များကဝိုင်းဝန်း ဆွေးနွေး

 

ကြပါသည်။

      ထို့နောက် ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ အာမခံစျေးကွက်ဖွံ့ဖြိုး

 

တိုးတက်ရေးကို နိုင်ငံတော်မှ အားပေးလျက်ရှိပြီး ငွေရေးကြေးရေးကဏ္ဍ  ပြောင်းလဲမှုတွင် အာမခံလုပ်ငန်း

 

အပါအဝင် အသေးစား  ငွေရေးကြေးရေးလုပ်ငန်း၊      စတော့အိတ်ချိန်း   ဖွံ့ဖြိုး တိုးတက်မှုကိုလည်း

 

လုပ်ဆောင်နေပါကြောင်း၊ASEAN Finance Minister Meeting တွင် အာမခံလုပ်ငန်းဖြေလျော့ရန်

 

ရှိပြီး မြန်မာနိုင်ငံ၏   Insurance  Liberalization   ဆောင်ရွက်ရာတွင်လည်း    အစည်းအဝေးတွင်

 

ဆွေးနွေးပြီး စီးပွားရေးရာကော်မတီသို့ တင်ပြ သွားမည်ဖြစ်ပြီး အဖွဲ့ဝင်များမှလည်း

 

ရဲရဲတင်းတင်း လုပ်ဆောင်ရမည့်အရာများအား လုပ်ဆောင်ကြရန် ပြောကြားပါသည်။

Tags: NPT