(၃) ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲနှင့် ပတ်သက်၍ ကြေညာချက်

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အောင်ဘာလေသိန်းဆုဌာနခွဲ

ကြေညာချက်

(၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၉ ရက်)

၁။   ၂၀၁၉ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် ကျင်းပမည့် (၃) ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် "က" အက္ခရာမှ "ကဃ" အက္ခရာထိ စုစုပေါင်းအက္ခရာ (၃၇) လုံး၊ ထီစာအုပ် (၃၀၂၇၂၆၆) အုပ်အား ရောင်းချပေးခဲ့ပါသည်။

၂။   ထိုသို့ရောင်းချပေးခဲ့ရာတွင် ထီစာအုပ် (၂၇၆၅၉၇၁) အုပ် ရောင်းချခဲ့ရပြီး ထီစာအုပ် (၂၆၁၂၉၅) အုပ်မှာ ရောင်းမကုန်ထီအဖြစ် ကျန်ရှိခဲ့ပါသည်။ အဆိုပါ ရောင်းမကုန်ထီလက်မှတ်များအား ပြည်တွင်းအခွန်များဦးစီးဌာန၏ Website : www.irdmyanmar.gov.mm နှင့်‌ အောင်ဘာလေသိန်းဆုဌာနခွဲ၏ ကြော်ငြာသင်ပုန်းတွင် ကြေညာထားပါသည်။

၃။    ထီစာအုပ် ရောင်းရငွေမှာ (၂၇၆၅၉.၇၁၀) သန်းဖြစ်ပြီး ၆၀% ထီဆုမဲအဖြစ် ခွဲဝေပေးမည့်ငွေမှာ (၁၆၅၉၅.၈၂၆) သန်းဖြစ်ပါသည်။

၄။   ထီဆုငွေများကိုအထူးဆုကြီးစနစ်မှ ကျပ်သိန်းတစ်သောင်းငါးထောင်ဆု၊ ကျပ်သိန်းငါးထောင်ဆု၊ ကျပ်သိန်းနှစ်ထောင်ဆု၊ ကျပ်သိန်းတစ်ထောင်ဆု၊ ဆုတစ်ဆုချင်းစနစ်မှ ကျပ်သိန်းငါးရာဆု၊ ကျပ်သိန်းနှစ်ရာဆု၊ကျပ်သိန်းတစ်ရာဆု၊ ကျပ်သိန်းငါးဆယ်ဆု၊ ကျပ်သိန်းနှစ်ဆယ်ဆု၊ ကျပ်တစ်ဆယ်သိန်းဆု၊ ကျပ်ငါးသိန်းဆုမဲများနှင့် ဝေဝေဆာဆာဆုမဲများဖြစ်သည့် ကျပ် (၃) သိန်းဆု၊ ကျပ် (၂) သိန်းဆု၊ ကျပ် (၁) သိန်းဆုနှင့် ကျပ် ငါးသောင်းဆုမဲများကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသည်။

၅။   ထိုသို့ ခွဲဝေချီးမြှင့်သွားမည့် ဆုမဲများဖွင့်လှစ်ရာ၌ အထူးဆုကြီးစနစ်နှင့် ဆုတစ်ဆုချင်းစနစ်တွင် ရောင်းမကုန်ထီလက်မှတ်နံပါတ်မှ ဆုမဲထွက်ပေါ်လာပါက အဆိုပါဆုမဲတန်ဖိုးများအား စုပေါင်းပြီး အခြားသင့်လျှော်သောဆုမဲများအား အစားထိုးပြန်လည်ဖွင့်လှစ်ပေးသွားမည် ဖြစ်ပါသည်။

၆။   အောင်ဘာလေသိန်းဆုဖွင့်ပွဲကို (၁-၅-၂၀၁၉) ရက်နေ့ (ဗုဒ္ဓဟူးနေ့) နံနက် (၈) နာရီ အချိန်တွင် အမှတ် ၃၈၄၊ မဟာဗန္ဓုလလမ်းနှင့် ၃၇ လမ်းထောင့်၊ ကျောက်တံတားမြို့နယ်ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ ထီဖွင့်ပွဲခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။