(၂) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲနှင့် ပတ်သက်၍ ကြေညာချက်

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အောင်ဘာလေသိန်းဆုဌာနခွဲ

ကြေညာချက်

(၂၀၁၉ခုနှစ်၊ မတ် လ ၃၀   ရက်)

၁။  ၂၀၁၉ ခုနှစ်၊ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် (၂)ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆု ဖွင့်ပွဲအတွက် "က" အက္ခရာမှ "ကဆ" အက္ခရာထိ စုစုပေါင်းအက္ခရာ (၄၀)လုံး၊ ထီစာအုပ်(၃၂၇၂၇၂၀) အုပ်အား ရောင်းချပေးခဲ့ပါသည်။

၂။  ထိုသို့ရောင်းချပေးခဲ့ရာတွင် ထီစာအုပ်(၂၈၃၇၁၄၃) အုပ်ရောင်းချခဲ့ရပြီး ထီစာအုပ် (၄၃၅၅၇၇) အုပ်မှာ ရောင်းမကုန်ထီအဖြစ်ကျန်ရှိခဲ့ပါသည်။ အဆိုပါ ရောင်းမကုန်ထီလက်မှတ်များအား ပြည်တွင်းအခွန်များဦးစီးဌာန၏ Website: www.irdmyanmar.gov.mm နှင့် အောင်ဘာလေသိန်းဆုဌာနခွဲ၏ ကြော်ငြာသင်ပုန်းတွင် ကြေညာထားပါသည်။

၃။  ထီစာအုပ်ရောင်းရငွေမှာ(၂၈၃၇၁.၄၃၀)သန်းဖြစ်ပြီး ၆၀% ထီဆုမဲအဖြစ်ခွဲဝေပေးမည့် ငွေမှာ (၁၇၀၂၂.၈၅၈) သန်း ဖြစ်ပါသည်။

၄။  ထီဆုငွေများကိုအထူးဆုကြီးစနစ်မှ ကျပ်သိန်းတစ်သောင်းငါးထောင်ဆုကျပ်သိန်းငါးထောင်ဆုကျပ်သိန်းနှစ်ထောင်ဆု၊  ကျပ်သိန်းတစ်ထောင်ဆု ၊ ဆုတစ်ဆုချင်းစနစ်မှ ကျပ်သိန်းငါးရာဆုကျပ်သိန်းနှစ်ရာဆုကျပ်သိန်းတစ်ရာဆုကျပ်သိန်းငါးဆယ်ဆုကျပ်သိန်းနှစ်ဆယ်ဆုကျပ်တစ်ဆယ်သိန်းဆုကျပ်ငါးသိန်းဆုမဲများနှင့် ဝေဝေဆာဆာဆုမဲများဖြစ်သည့် ကျပ်(၃)သိန်းဆုကျပ်(၂)သိန်းဆုကျပ်(၁)သိန်းဆုနှင့် ကျပ်ငါးသောင်းဆုမဲများကို ဖွင့်လှစ်ပေးသွားမည် ဖြစ်ပါသည်။

၅။  ထိုသို့ ခွဲဝေချီးမြှင့်သွားမည့် ဆုမဲများဖွင့်လှစ်ရာ၌ အထူးဆုကြီးစနစ်နှင့် ဆုတစ်ဆုချင်းစနစ်တွင် ရောင်းမကုန်ထီ လက်မှတ်နံပါတ်မှ ဆုမဲပေါ်ထွက်လာပါက ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ပြီး၊ ဝေဝေဆာဆာဆုမဲစနစ်တွင် ရောင်းမကုန်ထီလက်မှတ်နံပါတ်မှ ဆုမဲပေါ် ထွက်လာပါက အဆိုပါဆုမဲတန်ဖိုးများအား စုပေါင်းပြီး အခြားသင့်လျော်သောဆုမဲများအားအစားထိုး ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသည်။

၆။   အောင်ဘာလေသိန်းဆုဖွင့်ပွဲကို (၁.၄.၂၀၁၉)ရက်နေ့(တနင်္လာနေ့) နံနက် (၈) နာရီ အချိန်တွင် အမှတ် ၃၈၄၊ မဟာဗန္ဓုလလမ်းနှင့် ၃၇လမ်းထောင့်၊ ကျောက်တံတားမြို့နယ်ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ ထီဖွင့်ပွဲခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်းကြေညာအပ်ပါသည်။