(၂) ကြိမ်မြောက် ကျပ် ၁၀၀၀ တန်အောင်ဘာလေထီနှင့် (၂၅) ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေထီများနှင့် ပတ်သက်၍ သတင်းကြေညာချက်

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အောင်ဘာလေသိန်းဆုဌာနခွဲ

သတင်းကြေညာချက်

(၂၀၁၉   ခုနှစ်၊ မတ်လ   ၈   ရက်)

၁။  (၂) ကြိမ်မြောက် ကျပ် ၁၀၀၀ တန်အောင်ဘာလေထီနှင့် (၂၅) ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေထီများကို ၂၀၁၉ ခုနှစ်၊ မတ်လ (၁) ရက်နေ့မှ စတင်ရောင်းချလျက်ရှိပါသည်။

၂။  (၂) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် ထီလက်မှတ်များကို “က” အက္ခရာ မှအစဉ်လိုက် “အ” အက္ခရာထိ အက္ခရာ (၃၃) လုံးနှင့် “ကက” အက္ခရာ မှအစဉ်လိုက် “ကဆ” အက္ခရာထိ အက္ခရာ (၇)လုံး၊ စုစုပေါင်း အက္ခရာ (၄၀)လုံးနှင့် (၂၅)ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေ ထီလက်မှတ်များကို “က” အက္ခရာ မှအစဉ်လိုက် “ဌ”  အက္ခရာထိ အက္ခရာ (၁၂)လုံး တို့ကို ထီစာအုပ်ဝယ်ယူလိုသူများ၏ လျှောက်ထားမှုအပေါ် ၁၇ ရာခိုင်နှုန်းခန့်အား နိုင်ငံတဝှမ်းလုံးသို့  ဖြန့်ဖြူးရောင်းချပေးခဲ့ပါသည်။

၃။   အောင်ဘာလေထီဝယ်ယူခွင့်ရရှိသူများသည် အာမခံငွေ(Deposit) များပေးသွင်းပြီး သဘောတူစာချုပ်ချုပ်ဆို၍ ဝယ်ယူလျက်ရှိရာတွင် အချို့သော ဝယ်ယူခွင့်ရရှိသူများမှ သတ်မှတ်ရက်အတွင်းဝယ်ယူရန်ပျက်ကွက်မှုရှိခဲ့သဖြင့် သဘောတူစာချုပ်ပါ စည်ကမ်းချက်များနှင့်အညီ အာမခံငွေ(Deposit) သိမ်းယူရမည့် အခြေအနေများဖြစ်ပေါ်ခဲ့ပြီး   ထီစာအုပ်များရောင်းချရန် ကျန်ရှိနေပါသည်။

၄။    ထီလက်မှတ်များကို သတ်မှတ်စျေးနှုန်းထက် ပိုမိုရောင်းချ၍ ပြင်ပတွင် ထီစျေးနှုန်းကြီးမြင့်မှု မရှိစေရေးအတွက်  (၂) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေထီစာအုပ်နှင့် (၂၅) ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေထီစာအုပ်များကို လူပုဂ္ဂိုလ်တစ်ဦးချင်းဖြစ်စေ၊  အဖွဲ့အစည်းအနေဖြင့်ဖြစ်စေ ထပ်မံဝယ်ယူလိုသူများရှိပါက ဘဏ်ငွေသွင်းချလန်(TF-1) ဖြင့် အောင်ဘာလေသိန်းဆုဌာနခွဲတည်ရှိရာ အမှတ်(၃၈၄) ၊ မဟာဗန္ဓုလလမ်းနှင့် (၃၇) လမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တွင် ( ၂၂- ၃-၂၀၁၉ ) ရက်နေ့ထိ ရုံးဖွင့်ရက်များတွင် ရောင်းချပေးသွားမည်ဖြစ်ပါသည်။