(၂၅) ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲနှင့်ပတ်သက်၍ ကြေညာချက်

စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အောင်ဘာလေသိန်းဆုဌာနခွဲ

ကြေညာချက်

(ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ မတ် လ ၁၂ ရက်)

၁။   ၂၀၂၁ ခုနှစ်၊ မတ် လ (၁၅) ရက်နေ့တွင် ကျင်းပမည့် (၂၅) ကြိမ်မြောက် ၁၀၀၀/- ကျပ်တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် မူလထီလက်မှတ်များကို “က”အက္ခရာမှ အစဉ်လိုက် “ကစ’’ထိ စုစုပေါင်း အက္ခရာ(၃၉) လုံး၊ ထီစာအုပ် ( ၃၁၉၀၉၀၂ ) အုပ် ရောင်းချခဲ့ပါသည်။ ထိုသို့ရောင်းချခဲ့ရာတွင် ထီစာအုပ်(၃၀၉၉၉၆၅) အုပ် ရောင်းချခဲ့ရပြီး ထီစာအုပ် (၉၀၉၃၇) အုပ်မှာ ရောင်းမကုန်ထီအဖြစ် ကျန်ရှိနေခဲ့ပါ သည်။

၂။   ထီလက်မှတ်များ ရောင်းချရငွေမှာ ကျပ်သန်း (၃၀၉၉၉.၆၅၀) ဖြစ်သဖြင့် ၆၀% ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေမှာ ကျပ်သန်း (၁၈၅၉၉.၇၉၀) ဖြစ်ပါသည်။

၃။   အဆိုပါ ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေများမှ အောက်ဖော်ပြပါဆုမဲများ ချီးမြှင့်သွားမည်ဖြစ်ပါသည်-

(က) အထူးဆုကြီးစနစ်
  (၁) ကျပ်သိန်းတစ်သောင်းငါးထောင် = (၁) ဆု
  (၂) ကျပ်သိန်းတစ်သောင်း = (၁) ဆု
  (၃) ကျပ်သိန်းငါးထောင် = (၁) ဆု
  (၄) ကျပ်သိန်းနှစ်ထောင် = (၁) ဆု
  (၅) ကျပ်သိန်းတစ်ထောင် = (၁) ဆု
(ခ) ဆုတစ်ဆုချင်းစနစ်
  (၁) ကျပ်သိန်းငါးရာ = (၇) ဆု
  (၂) ကျပ်သိန်းနှစ်ရာ = (၈) ဆု
  (၃) ကျပ်သိန်းတစ်ရာ = (၉) ဆု
  (၄) ကျပ်သိန်းငါးဆယ် = (၈) ဆု
  (၅) ကျပ်သိန်းနှစ်ဆယ် = (၉) ဆု
  (၆) ကျပ်ဆယ်သိန်း = (၁၁) ဆု
(ဂ) ဝေဝေဆာဆာပဒေသာဆုမဲစနစ်
  (၁) ကျပ် သုံးသိန်း = (၁၀၀) ဆု
  (၂) ကျပ် နှစ်သိန်း = (၁၀၀၀) ဆု
  (၃) ကျပ် တစ်သိန်း = (၁၉၀၀၀) ဆု
  (၄) ကျပ် ငါးသောင်း = (၂၅၀၀၀၀) ဆု

၄။   ထို့ပြင် သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူခြင်းမရှိသောဆုမဲများ၏ ဘဏ္ဍာသိမ်းရငွေမှ ကျပ်သန်း (၂၅၀) အား တစ်ဆုချင်းဆုမဲ ကျပ် ၁၀သိန်း (၄)ဆု နှင့်  ဝေဝေဆာဆာဆုမဲများဖြစ်သည့် ကျပ် ၃သိန်း (၂၀)ဆု၊ ကျပ် ၂သိန်း (၂၀၀)ဆု၊ ကျပ် ၁သိန်း (၂၀၀၀)ဆု စုစုပေါင်း( ၂၂၂၄) ဆု ကိုလည်းထပ်မံချီးမြှင့်ပေးမည်ဖြစ်ပါသည်။

၅။   (၂၅) ကြိမ်မြောက် ၁၀၀၀/- ကျပ်တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို (၁၅.၃.၂၀၂၁) ရက်နေ့ (တနင်္လာနေ့)၊ နံနက် (၈:၀၀) နာရီအချိန်တွင် အမှတ် (၃၈၄)၊ မဟာဗန္ဓုလလမ်းနှင့် (၃၇) လမ်းထောင့်၊ ကျောက်တံတားမြို့နယ်ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ၊ ထီဖွင့်ပွဲခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

AttachmentSize
PDF icon 25th_ABL_Announcement(12032021).pdf60.88 KB