(၆) ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲနှင့် ပတ်သက်၍ ကြေညာချက်

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အောင်ဘာလေသိန်းဆုဌာနခွဲ

ကြေညာချက်

(ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ၂၆ရက်)

 

၁။    ၂၀၁၉ခုနှစ်၊ သြဂုတ်လ(၁)ရက်နေ့တွင် ကျင်းပမည့် (၆)ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ထီလက်မှတ်များကို“က”အက္ခရာမှအစဉ်လိုက်“ကဂ’’ ထိစုစုပေါင်းအက္ခရာ(၃၆)လုံးရောင်းချခဲ့ပါသည်။

၂။    (၆)ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ရောင်းချရသည့် အက္ခရာမှာ (၃၆)လုံးဖြစ်၍ ၊ ထီစာအုပ် (၂၉၄၅၄၄၈)အုပ်ဖြစ်ပြီး၊ ထီလက်မှတ် စောင်ရေမှာ (၃၂၃၉၉၉၂၈)စောင် ဖြစ်ပါသည်။

၃။    ထီလက်မှတ်စာအုပ်ရောင်းရငွေမှာ ကျပ်သန်းပေါင်း(၂၉၄၅၄.၄၈၀) ဖြစ်သဖြင့် ၆၀% ထီဆုငွေအဖြစ် ခွဲဝေချီးမြှင့် ပေးမည့် ထီဆုငွေမှာ ကျပ်သန်းပေါင်း (၁၇၆၇၂.၆၈၈) ဖြစ်ပါသည်။

၄။    ခွဲဝေချီးမြှင့်ပေးမည့်  ထီဆုငွေများမှာ အောက်ပါအတိုင်း  ဖြစ်ပါသည်-

(က)

အထူးဆုကြီးစနစ်

     
 

(၁)

ကျပ်သိန်းတစ်သောင်းငါးထောင်

=

(၁)

ဆု

 

(၂)

ကျပ်သိန်းတစ်သောင်း

=

(၁)

ဆု

 

(၃)

ကျပ်သိန်းငါးထောင်

=

(၂)

ဆု

 

(၄)

ကျပ်သိန်းနှစ်ထောင်     

=

(၃)

ဆု

 

(၅)

ကျပ်သိန်းတစ်ထောင်    

=

(၆)

ဆု

(ခ)

ဆုတစ်ဆုချင်းစနစ်

     
 

(၁)

ကျပ်သိန်းငါးရာ

=

(၁၂)

ဆု

 

(၂)

ကျပ်သိန်းနှစ်ရာ

=

(၁၇)

ဆု

 

(၃)

ကျပ်သိန်းတစ်ရာ

=

(၂၀)

ဆု

 

(၄)

ကျပ်သိန်းငါးဆယ်

=

(၂၁)

ဆု

 

(၅)

ကျပ်သိန်းနှစ်ဆယ်

=

(၂၃)

ဆု

 

(၆)

ကျပ်ဆယ်သိန်း

=

(၂၄)

ဆု

 

(၇)

ကျပ်ငါးသိန်း

=

(၂၅)

ဆု

(ဂ)

ဝေဝေဆာဆာပဒေသာဆုမဲစနစ်

     
 

(၁)

ကျပ် သုံးသိန်း

=

(၁၅၀)

ဆု

 

(၂)

ကျပ် နှစ်သိန်း

=

(၁၅၀၀)

ဆု

 

(၃)

ကျပ် တစ်သိန်း

=

(၁၈၀၀၀)

ဆု

 

(၄)

ကျပ် ငါးသောင်း

=

(၁၉၀၀၀၀)

ဆု

 

၅။  ထိုပြင်သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူခြင်းမရှိသော ဆုမဲများ၏ ဘဏ္ဍာသိမ်းရငွေမှ ကျပ်သန်း (၂၅၀)အား ဝေဝေဆာဆာဆုမဲများဖြစ်သည့် ကျပ်၃သိန်း (၂၀)ဆု၊ ကျပ်၂သိန်း(၂၀၀)ဆု၊ ကျပ်၁သိန်း (၂၀၀၀)ဆု နှင့်ကျပ် ၁၀သိန်း (၄)ဆု စုစုပေါင်း(၂၂၂၄)ဆု ကိုလည်း ထပ်မံချီးမြှင့်ပေးမည်ဖြစ်ပါသည်။

၆။    (၆)ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို (၁.၈.၂၀၁၉)ရက်နေ့ (ကြာသပတေးနေ့)၊ နံနက်(၈)နာရီအချိန်တွင် အမှတ်(၃၈၄)၊ မဟာဗန္ဓုလလမ်းနှင့်(၃၇) လမ်းထောင့်၊ ကျောက်တံတားမြို့နယ်ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ၊ ထီဖွင့်ပွဲခန်းမ၌ ကျင်းပပေးသွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။