“IMF, Fiscal Affairs Department မှ Capital Planning and Budgeting Mission နှင့်တွေ့ဆုံခြင်း”

, ,

အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့မှ IMF, FAD Mission အဖွဲ့သည်၂၀၁၈ခုနှစ်၊မတ်လ၇ရက်နေ့မှ၂၀ရက်နေ့ထိလာရောက်၍မြန်မာနိုင်ငံ၏ငွေလုံးငွေရင်းနှင့်ပတ်သက်သည့်စီမံကိန်းများရေးဆွဲခြင်းနှင့်ဘတ်ဂျက်ရေးဆွဲခြင်းတို့အကြားချိတ်ဆက်မှုအားကောင်းလာစေရန်အတွက်နည်းပညာအကူအညီပေးနိုင်ရေးရည်ရွယ်၍ဆောင်ရွက်ရန်ဖြစ်ပါသည်။ယင်းမစ်ရှင်လာရောက်စဉ်အတွင်းစိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ပညာရေးဝန်ကြီးဌာနတို့နှင့်လည်းကောင်းစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိစီမံကိန်းရေးဆွဲရေးဦးစီးဌာန၊စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန၊နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ငွေတိုက်ဦးစီးဌာနတို့နှင့်လည်းကောင်းတွေ့ဆုံဆွေးနွေးခဲ့သည့်ပဏာမတွေ့ရှိချက်များနှင့်အကြံပြုချက်များကိုရှင်းလင်းတင်ပြသည့်ဆွေးနွေးပွဲအား၂၀၁၈ခုနှစ်၊မတ်လ၁၅ရက်နေ့တွင်ရုံးအမှတ် (၂၆)၊အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာယင်းဆွေးနွေးပွဲသို့ဖော်ပြပါဌာန၊အဖွဲ့အစည်းများမှသက်ဆိုင်ရာအကြီးအကဲများတက်ရောက်၍အကြံပြုသုံးသပ်ချက်များနှင့်မိမိတို့ဌာနအလိုက်အကောင်အထည်ဖော်ဆောင်ရွက်နေသည့်အကြောင်းအရာများကိုရှင်းလင်းဆွေးနွေးခဲ့ပါသည်။