နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်ထိန်းကျောင်းမှု နှင့်ပတ်သက်၍ Warp Up Meeting ကျင်းပခြင်း

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်သီတာထွန်း ဦးဆောင်သော တာဝန်ရှိပုဂ္ဂိုလ်များနှင့်  IMF SEE  မစ်ရှင် တို့သည် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ ဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်ထိန်းကျောင်းမှုများနှင့် ပတ်သက်၍ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ရုံးအမှတ် (၂၆)၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။အဆိုပါဆွေးနွေးပွဲတွင် IMF SEE မစ်ရှင်မှ မြန်မာနိုင်ငံ ရှိ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများကိုလေ့လာခဲ့သည့် ကနဦးတွေ့ရှိချက်များကို တင်ပြခဲ့ပြီး နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ပြုပြင်ပြောင်းလဲမှုများ၊ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့စည်းများ ၏ ဘဏ္ဍာရေးဆိုင်ရာစောင့်ကြည့်ထိန်းကြောင်းမှု အားကောင်းရန်၊ ဉပဒေမူဘောင်ချမှတ်ရန်၊ အဖွဲ့အစည်း ဆိုင်ရာမူဘောင်မြှင့်တင်ရန်၊ Fiscal Risk management အားကောင်းလာစေရန် အတွက် အကြံပြုချက် များပေးခဲ့ပြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှလည်း အဆိုပါအကြံပြုချက်များ အပေါ် ပြန်လည် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။