European Union နှင့် တွေ့ဆုံဆွေးနွေးမှု

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်စမ်းသီတာ ဦးဆောင်သော တာဝန်ရှိပုဂ္ဂိုလ်များနှင့် EU မှ Public Finance Management Expert ဖြစ်သူ Ms.Sylvie Zaitra တို့သည် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၉) ရက်နေ့ ၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ရုံးအမှတ် (၂၆) ၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။အဆိုပါ ဆွေးနွေးပွဲတွင်ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ နှင့် စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ  Nutrition Sector အတွက် ပံ့ပိုးကူညီမှု အစီအစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။