ဂျပန်နိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးခရီးစဉ် သွားရောက်ခြင်း(ဆဋ္ဌမနေ့)

၂၀၁၇ ခုနှစ် မေလ၂၉ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အထိ ဂျပန်နိုင်ငံ၊ တိုကျိုမြို့နှင့် အိုဆာကာ မြို့တို့တွင် ကျင်းပသည့် ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲသို့ တက်ရောက်ရန် ဂျပန်နိုင်ငံသို့ သွားရောက်လျက်ရှိသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး၊ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၂ ရက်နေ့တွင် Kubota Saiai Plant နှင့် Konoike Osaka General Distribution Center သို့ သွားရောက်၍ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို လေ့လာခဲ့ပါသည်။