မြန်မာရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲကျင်းပခြင်း

နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အထောက်အကူ ဖြစ်စေရန်အတွက် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် မြန်မာရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲကို ၂၀၁၇ခုနှစ် မေလ ၃၁ ရက်နေ့တွင် တိုကျိုမြို့ရှိ Ascot Hall၊ Hotel Okura Tokyo ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး ဂျပန်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသူရိန်သန့်ဇင်မှ အဖွင့်အမှာစကားပြောခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အဖွဲ့ဝင်၊စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့် မှ အမှာစကားပြောကြားခဲ့ပါသည်။

 မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးသည် The New Investment Regime in Myanmar ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦး၊ Advisor for DICA၊ Mr. Takafumi Ueda, JICA Expert,  Mr. Yoichi Matsui နှင့် JICA Expert/ Attorney Mori Hamada & Matsumoto၊ Ms. Kana Manabe တို့သည် Points of Myanmar Investment Law and Rules ကို ပါဝင်ဆွေးနွေးခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ဂျပန်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းများမှ ကိုယ်စားလှယ်စုစုပေါင်း (၆၅၀) ကျော်ခန့် တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။